Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြန်မာနိုင်ငံရဲ့ သဘာဝ အလှတရားကို ကမ္ဘာကသိအောင် ပုံဖော်ရိုက်ကူးသွားမယ့် “ပုဂံ ရတနာသိုက်”

$
0
0

မြန်မာနဲ့ တရုတ် နိုင်ငံတို့ နှစ်နိုင်ငံ ပထမဆုံး ပူးပေါင်းရိုက်ကူးမယ့် “ပုဂံ ရတနာသိုက်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုတော့ ၂၀၂၀ ပြည့်နှစ်မှာ ရိုက်ကူးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့သဘာဝအလှတရားနဲ့ ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာကသိအောင် ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

“ဒီကားကတော့ တရုတ်နဲ့ မြန်မာ ပထမဆုံး ပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ပါ။ တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်း နိုင်ငံ ဖြစ်ပါတယ်။ တောတောင်ရေမြေတွေ ချိတ်ဆက်ပြီးတော့ နှစ်နိုင်ငံ ယဉ်ကျေးမှု တူညီတယ်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်မှုတွေ ရှိကြပါတယ်။ မကြာမီမှာလည်း တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် လာရောက်မှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ကလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ သံမှူးကြီး Ms. Li Xiaoyan က ပြောပါတယ်။

အဆိုပါ “ပုဂံရတနာသိုက်” ရုပ်သံဇာတ်လမ်းတွဲကိုတော့ တရုတ်နိုင်ငံမှ TWF Company နဲ့ Good Fortune Investment Company၊ မြန်မာနိုင်ငံမှ International Travel Asia Company နဲ့ Brave Empire Entertainment တို့မှ အကျိုးတူ ပူးပေါင်းရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

ရိုက်ကူးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်မယ့် ကမ္ဘာလှည့်ခရီးသွား လူဦးရေ တိုးပွားလာစေရန်နဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ တရုတ်နိုင်ငံမှ ဒါရိုက်တာ Liu Xuandi ၊ နာမည်ကြီးအွန်လိုင်းစာရေးဆရာ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ Cui zouzhao ၊ ပရိုဂျူဆာ Yu Dongyang နှင့် မြန်မာနိုင်ငံမှ ဇာတ်ညွှန်းရေးဆရာများ ၊ ဒါရိုက်တာအဖွဲ့များက ပူးပေါင်းပါဝင်ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ နိုင်းနိုင်းနှင့်အတူ ဟောင်ကောင် ဝါရင့်သရုပ်ဆောင် Billy Lau ၊ တရုတ်နိုင်ငံမှ သရုပ်ဆောင်သစ် Anqi Fu-He တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။

ဇာတ်လမ်းကိုတော့ တရုတ် လူငယ်တဦး မြန်မာနိုင်ငံတွင် ရတနာသိုက်များ လာရောက် ရှာဖွေရင်း တရုတ်နှင့် မြန်မာလူငယ်များ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အတွေ့အကြုံများကို ကြည်နူးပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဟာသဇာတ်ဝင်ခန်းများနဲ့ မြန်မာနိုင်ငံမှာ ၃ လကြာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

The post မြန်မာနိုင်ငံရဲ့ သဘာဝ အလှတရားကို ကမ္ဘာကသိအောင် ပုံဖော်ရိုက်ကူးသွားမယ့် “ပုဂံ ရတနာသိုက်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ