Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မူးယစ်ဆေး သုံးစွဲမှု စွဲချက်များအတွက် မင်းသား ပတ်ယူချန်းကို ဖမ်းဝရမ်းထုတ်ပေးရန် ရဲတပ်ဖွဲ့တောင်းခံ

$
0
0

တောင်ကိုရီးယားအဆိုတော်အဖွဲ့ JYJ အဖွဲ့ဝင်နဲ့ မင်းသားတဦးဖြစ်တဲ့ ပတ်ယူချန်းဟာ သူနဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတည်ထောင်သူရဲ့မြေးတို့အတူတူ မူးယစ်ဆေးသုံးစွဲခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဧပြီလ ၂၃ ရက်နေ့မှာမှာပဲ ရဲတပ်ဖွဲ့က ဖမ်းဝရမ်း တောင်းခံလိုက်ပါတယ်။

အဲဒီ မူးယစ်ဆေးသုံးစွဲမှု သံသယနဲ့ ပတ်သက်လို့ ၃ ကြိမ်တိုင်တိုင် စစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက်မှာ အသက် ၃၃ နှစ်အရွယ် မင်းသား ပတ်ကို ဖမ်းဆီးဖို့ စာထုတ်ပေးရေးအတွက် ရဲတပ်ဖွဲ့က အစိုးရရှေ့နေတွေထံကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မင်းသားပတ်ဟာ နမ်ယန် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီထူထောင်သူရဲ့ မြေး ဟွမ်ဟာနာနဲ့ အတူ အခုနှစ် အစောပိုင်းမှာ မက်သာဖတ်တမင်း သုံးစွဲခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဟွမ်ဟာ ၂၀၁၅ ခုနှစ်တုန်းက တရားမဝင်ဆေးဝါးတွေ အသုံးပြုခဲ့တာ၊ မက်သာဖက်တမင်းကို ဝယ်ယူခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အခုလ အစောပိုင်းမှာ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ မင်းသားပတ်ကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မင်းသားဟာ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ဟာ မင်းသားပတ်က ဆိုးလ်မှာရှိတဲ့ ငွေသွင်းငွေထုတ်စက်တခုကနေ တဆင့် မူးယစ် ကုန်သည် တဦးပိုင်ဆိုင်တယ်လို့ယူဆရတဲ့ ဘဏ်အကောင့်တခုဆီကို ငွေပို့ပေးခဲ့ပြီးနောက် မိနစ်၂၀ နဲ့ ၃၀ ကြားလောက်မှာ သူဟာ တခုခုကို ယူဆောင်သွားတယ်လို့ပြသနေတဲ့ စီစီတီဗီ ဗီဒီယိုတခုကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ မင်းသားပတ်ကတော့ သူဟာ မူးယစ်ဆေးဝါးသုံးစွဲခဲ့ခြင်းမရှိခဲ့ဘဲ အမျိုးသမီး ဟွမ်ရဲ့ တောင်းဆိုမှုကြောင့် ငွေပို့ပေးခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့ပါတယ်။ အမျိုးသမီးဟွမ်ဟာ မင်းသား ပတ်နဲ့ လက်ထပ်ဖို့အထိ ကြံရွယ်ခဲ့သူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီနောက်နှစ်မှာပဲ လမ်းခွဲခဲ့ကြပါတယ်။ မင်းသား ပတ်ကို ဖမ်းဖို့ သင့်၊ မသင့် တရားရုံးရဲ့ သုံးသပ်ကြားနာမှုကို ဧပြီလ ၂၄ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

Ref:Yonhap

The post မူးယစ်ဆေး သုံးစွဲမှု စွဲချက်များအတွက် မင်းသား ပတ်ယူချန်းကို ဖမ်းဝရမ်းထုတ်ပေးရန် ရဲတပ်ဖွဲ့တောင်းခံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258