Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သဘင်ပညာအတွက် ရှိသင့်တဲ့ဇာတ်ကား ဖြစ်တာကြောင့် “ပြုံးရွှင်ရေ ပျော်ရဲ့လား”ကို ရိုက်ခဲ့တဲ့ နေတိုး

$
0
0

စာရေးဆရာ အကြည်တော်ရဲ့ “ပြုံးရွှင်သည် ငိုတတ်သည်” ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးမှာ လူရွှင်တော်တယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နေတိုးက ဒီကားက သဘင်လောကအတွက် ရှိသင့်တဲ့ ဇာတ်ကားတကားဖြစ်တာကြောင့် ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီ “ပြုံးရွှင်ရေပျော်ရဲ့လား” ကတော့ ဆရာအကြည်တော်ရဲ့ ဝတ္ထု ၂အုပ်တွဲဆိုတော့ ဖတ်ပြီးကတည်းက ဒီဇာတ်လမ်းကို အရမ်းကြိုက်တယ်။ နောက်ပြီးတော့ ရုပ်ရှင်အတွက်ရော သဘင်ပညာအတွက်ရော ရှိသင့်တဲ့ ရုပ်ရှင်တကားအနေနဲ့ ဒါရိုက်တာ၊ ထုတ်လုပ်ရေးတွေနဲ့တိုင်ပင်ပြီးတော့ ရိုက်ဖြစ်ခဲ့တာပါ” လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။

အဆိုပါ ပြုံးရွှင် ကာရိုက်တာအတွက် ဒါရိုက်တာက အပြင်လောကမှာလည်း သူငယ်ချင်းများဖြစ်ကြတဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုတို့ကို ရွေးချယ်ခဲ့တာဖြစ်ပြီး သူတို့ ၂ဦးကတော့ နှင်းဆီအဖွဲ့မှာလည်း လူရွှင်တော်များဖြစ်နေတာကြောင့် ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဇာတ်ကောင်အတွက် ပြင်ဆင်မှုအပိုင်းကတော့ အဲဒီအချိန်တုန်းက ဒါရိုက်တာ ကိုယ်တိုင်က ကျနော်ရယ် ကိုကြံ့ရယ်၊ သူငယ်ချင်း ၂ယောက်ကိုရွေးချယ်ပြီး တခြားလူရွှင်တော်တွေကို သီးလေးသီးအဖွဲ့က လူရွှင်တော် ၂ယောက်ကို ရွေးချယ်ပြီး ပြုံးရွှင်နဲ့ပတ်သက်ပြီး ကာရိုက်တာတွေရွေးချယ်ခဲ့တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က လက်ရှိဘဝမှာလည်း နှင်းဆီလူရွှင်တော်တွေဖြစ်နေတဲ့အခါကျတော့ ကျနော်တို့နဲ့ အံဝင်ခွင်ကျဖြစ်နိုင်တယ်ဆိုပြီးတော့ ဒီကားလေးကို ရိုက်ဖို့အတွက် တိုက်တွန်းခဲ့ကြတာ။ အဲဒါကတော့ ပြုံးရွှင်ရိုက်ကူးမှုအစပေါ့”လို့ နေတိုးကပြောပါတယ်။

“ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားရဲ့အထူးပွဲကိုတော့ ဧပြီလ ၂၁ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပြီး အထူးပွဲမှာတော့ ရုပ်ရှင်ရိုက်ကူးစဉ်က မပါဝင်ခဲ့တဲ့ မျက်နှာဖုံးဖြင့် သရုပ်ဖော်ထားတာကိုတွေ့ရပါတယ်။

“မျက်နှာဖုံးကတော့ ကားရိုက်တဲ့အချိန်တုန်းကတော့ မဖန်တီးရသေးဘူး။ တကားလုံးကို ခြုံငုံပြီးတော့ ကိုယ်စားပြုနိုင်တဲ့ ပိုစတာလေးတခုလုပ်ချင်တယ်ဆိုတာနဲ့ ဂျိုကာပုံစံလေးနဲ့ အပြင်မှာတော့ ပျော်ပြီးတော့ အတွင်းမှာတော့ ငိုနေတဲ့ပုံလေးလုပ်ချင်တယ်ဆိုပြီး ဒါရိုက်တာကပြောတာနဲ့ ကားရိုက်ပြီးတော့မှ ဖန်တီးဖြစ်တာပေါ့။ ဂျိုကာပုံစံလေးကတော့ ကျနော့်အိမ်မှာ လာရိုက်တာဆိုတော့ ကျနော်ကိုယ်တိုင်ပဲ လိမ်းခြယ်ပြီးတော့ ရိုက်ဖြစ်ခဲ့တာပေါ့” လို့နေတိုးကပြောပါတယ်။

အဆိုပါ “ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော်ထားကာ နေတိုး၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ(စရိုက်နှစ်မျိုး) ၊ အေးမြတ်သူနဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် တင်မောင်ဆန်းမင်းဝင်းတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဧပြီလ ၂၅ ရက်နေ့မှစတင်ကာ ရုံတင်ပြသသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

The post သဘင်ပညာအတွက် ရှိသင့်တဲ့ဇာတ်ကား ဖြစ်တာကြောင့် “ပြုံးရွှင်ရေ ပျော်ရဲ့လား”ကို ရိုက်ခဲ့တဲ့ နေတိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ