Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၁၀ နာရီအတွင်း ကြည့်ရှုသူ ၃ မီလီယံ ကျော်သွားတဲ့ “Earth” Music Video

$
0
0

Lil Dicky လို့ အမည်ရတဲ့ ဟစ်ဟော့ပ် အဆိုတော်တဦး သီဆိုထားတဲ့ “Earth” သီချင်းဟာ ၁၀နာရီအတွင်းမှာ ကြည့်ရှုသူ ၃ မီလီယံ ရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒီ Music Video ဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲလာမှုတွေကို အဓိက ရိုက်ပြထားတဲ့ ဗီဒီယို တပုဒ်လည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက် လူတွေ အားလုံးမှာ တာဝန်ရှိပြီး အရမ်း လှပတဲ့ ကမ္ဘာမြေကို ထိန်းသိမ်းဖို့ လူတိုင်း ကြိုးစားသင့်တယ်ဆိုတဲ့ အကြောင်းအရာတွေကို အဓိကထား ရေးသားထားတဲ့ သီချင်းဖြစ်ပြီး Animation တွေနဲ့ ပြုလုပ်ထားတဲ့ ဗီဒီယိုလည်း ဖြစ်ပါတယ်။

ဒီသီချင်းကို မြေကမ္ဘာနေ့ မတိုင်ခင် ၃ ရက်အလိုမှာ ကြိုတင်ထုတ်ခဲ့တာ ဖြစ်ပြီး နာမည်ကြီး အဆိုတော်တွေ အများကြီးက ကူညီ သီဆိုထားပေးတာကိုလည်း တွေ့ရပါတယ်။

ပါဝင်သီဆိုထားပေးတဲ့ အနုပညာရှင်တွေကတော့ Ariana Grande, Justin Bieber, Katy Perry , Meghan Trainor, Joel Embiid, Tory Lanez, the Backstreet Boys, John Legend, Psy, Bad Bunny, Kris Wu, Snoop Dogg, Ed Sheeran, Wiz khalifa, Shwan Mandes, Miley Cyrus, Charlie Puth,Sia, Rita Ora, Leonardo Decaprio စတဲ့ ကမ္ဘာကျော်တွေပဲ ဖြစ်ပါတယ်။

သီချင်းထဲမှာ ကမ္ဘာအနှံ့က နာမည်ကျော် နေရာတွေကို ထည့်သွင်းထားပြီး အတိတ်က လုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်တဲ့ အကြောင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ အခုအချိန်က စပြီး လူတွေအားလုံး ပြုလုပ်ဖို့ လိုတဲ့ အကြောင်းတွေကိုပါ ထည့်သွင်းရေးသားထားပါတယ်။

ဒီသီချင်းကနေ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို မင်းသားကြီး Leonado Dicaprio ရဲ့ ဖောင်ဒေးရှင်းကို လှူဒါန်းမှာ ဖြစ်ပြီး အဲဒီ ဖောင်ဒေးရှင်းဟာ မျိုးသုဉ်းတော့မယ့် တောရိုင်းတိရစ္ဆာန်တွေကို ကယ်တင်တဲ့ ဖောင်ဒေးရှင်း ဖြစ်တယ်လို့ သိရပါတယ်။

Ref; .thisisinsider

The post ၁၀ နာရီအတွင်း ကြည့်ရှုသူ ၃ မီလီယံ ကျော်သွားတဲ့ “Earth” Music Video appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ