Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာရှင်များရဲ့ သင်္ကြန်အစီအစဉ်နဲ့ နှစ်သစ်ကူးဆုတောင်းစကား

$
0
0

မကြာခင်ဆိုရင်တော့ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် သင်္ကြန်အခါသမယမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်များ ဘယ်မှာဖျော်ဖြေမလဲ ၊ ဘယ်လိုအစီအစဉ်တွေနဲ့ဖြတ်သန်းမလဲဆိုတာတွေနဲ့ ပရိသတ်အတွက် သူတို့ရဲ့နှစ်သစ်ကူးဆုတောင်းစကားများကို ဖော်ပြပေးလိုက်ပါတယ်။

ဇော်ဝင်းထွဋ်

ကျနော်ကတော့ မင်းဓမ္မလမ်းမှာ မဏ္ဍပ်ထိုးဖို့အတွက် ကြိုးစားနေတယ်။ အဆင်ပြေရင် မဏ္ဍပ်ထိုးမယ်။ စီးပွားဖြစ်မဏ္ဍပ်တော့ မဟုတ်ဘူးပေါ့။ ကိုယ်ပိုင်မဏ္ဍပ်မျိုးပေါ့။ တချိန်ကရှိခဲ့တယ်လေ။ စီးပွားရေး ကုမ္ပဏီတွေကနေ အဆိုတော်တွေကို အပိုင်ခေါ်တဲ့ခေတ်ကို မှီလိုက်တော့ ကျနော်တို့ကိုယ်တိုင်လည်း ဈေးတွေကို မတန်တဆတောင်းပြီးဆိုခဲ့တဲ့ တခေတ်ရှိခဲ့တယ်။

ဒါပေမယ့် အဲဒါက အမြဲတမ်းရှိချင်မှရှိမှာလေ။ နှစ်တိုင်းမျှော်နေလို့လည်းမရဘူး။ အဲဒီတော့ သင်္ကြန်ကိုနှစ်တိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှိစေချင်တယ်။ အဆိုတော် ဆိုရင်လည်း ငါ့ဘယ်မဏ္ဍပ်က လာငှားမလဲမျှော်နေတာထက်စာရင် အဆိုတော်ကို ဘယ်သူမှမပိုင်ဘူးလေ။ အဲဒါကြောင့် ကိုယ့်မဏ္ဍပ်လေးကိုယ်ထိုးဖို့ကြိုးစားတာပါ။

ရင်ဂို

အင်းယားလမ်းက လမ်းလျှောက်သင်္ကြန်မဏ္ဍပ်မှာရှိမယ်။ ဝန်ကြီးချုပ်မဏ္ဍပ်မှာပေါ့။ သင်္ကြန်မှာတော့ မိုးလင်းတာနဲ့ ပြင်ဆင်ပြီးတော့ မဏ္ဍပ်ကိုရောက်အောင်သွားရမှာပဲ။ ဒါပေမယ့် ကျနော်တို့ မဏ္ဍပ်ရှေ့ရောက်တဲ့သူတွေကိုတော့ အပြတ်ဖျော်ဖြေမှာပေါ့။ ဒီနှစ်မှာတော့ စဉ်းစားထားတယ်။ ကိုယ်ပိုင်သီချင်းတွေလည်းဆိုမယ်။ Rock & Roll သင်္ကြန်သီချင်းတွေလည်းဆိုမယ်။ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်ကြပါစေလို့ဆုတောင်းတယ်။ ဟိုလိုဒီလိုတွေမကြားချင်ဘူး။

စိုင်းစည်တွမ်ခမ်း

သင်္ကြန်အစီအစဉ်ကတော့ မရှိသေးဘူး။ အခုထိစဉ်းစားတုန်း။ နှစ်သစ်မှာ ရင်ခုန်ရတဲ့ပျော်ရွှင်ရတဲ့ နေ့ရက်လေးတွေရကြပါစေ။ အေးအေးချမ်းချမ်းရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။ နှစ်သစ်မှာ ဘာတွေဆက်လုပ်ရမလဲဆိုတော့ Plan တွေဆွဲရတယ်။ နှစ်သစ်ကတော့ ၂ခါ ၃ခါကူးတယ်။ ကျနော်တို့ဆို ရှမ်းနှစ်သစ်ကူး ၊ ပြက္ခဒိန်နှစ်သစ်ကူး ၊ မြန်မာနှစ်ကူးတို့ရှိတယ်။ နှစ်သစ်ကူးတိုင်း သတိဝင်တယ်။ ဘာတွေဆက်လုပ်မလဲ။ ဘာတွေလုပ်ခဲ့လဲဆိုတာကိုပေါ့။

မေမြတ်နိုး

ဒီနှစ်သင်္ကြန်ကတော့ မန္တလေးမှာ သီချင်းသွားဆိုဖို့ရှိပါတယ်။ နှစ်သစ်မှာ လူသားအားလုံးပျော်ရွှင်ကြပါစေ။ ချစ်ရတဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

စံရတီမိုးမြင့်

သင်္ကြန်ကတော့ အရင်နှစ်တွေဆိုရင် ခရီးထွက်ရင်ထွက် မထွက်ရင် အိမ်မှာပဲနေဖြစ်တယ်။ ဒီနှစ်တော့ မသိသေးဘူး။  ပရိသတ်တွေအတွက်လည်း ဒီမြန်မာနှစ်သစ်ကူးကနေစပြီးတော့ အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ပြီးတော့ အန္တရာယ်တွေလည်းမတွေ့ကြပါစေနဲ့။ အေးအေးချမ်းချမ်းလေးဖြတ်သန်းနိုင်ကြပါစေ။

The post အနုပညာရှင်များရဲ့ သင်္ကြန်အစီအစဉ်နဲ့ နှစ်သစ်ကူးဆုတောင်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)