Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ “Shazam”ရုပ်ရှင်

$
0
0

DC Comics ရဲ့ ဇာတ်ကောင် ဟီးရိုး တဦးဖြစ်တဲ့ Shazam ရုပ်ရှင်ကို ကမ္ဘာအနှံ့မှာ ဧပြီလ ၅ ရက်နေ့က စတင်ပြီး ရုံတင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို သရဲကားတွေ ရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဆွီဒင်ဒါရိုက်တာ David F. Sandberg က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ် ရှိတဲ့ ဒီရုပ်ရှင်ဟာ IMDb မှာ Rating (7.8) ရရှိထားပြီး Rotten Tomatoes မှာတော့ Rating ၉၂ ရာခိုင်နှုန်း ရရှိထားပါတယ်။

ဘတ်ဂျက် နည်းနည်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပေမယ့် ရုံတင်ပြီး ၃ ရက်လောက် အကြာမှာ ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၈ မီလီယံ ပြန်ရနေပြီဖြစ်လို့ အောင်မြင်တဲ့ ဇာတ်ကားတကားလို့ ဆိုနိုင်ပါတယ်။

ဇာတ်လမ်းအစမှာ Comics ထဲက ဗီလိန်ဖြစ်တဲ့ Dr. Thaddeus Sivana လူဆိုးဖြစ်လာပုံတွေကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားတာကို တွေ့ရပါတယ်။ “Shazam” လို့ အမည်ရတဲ့ မှော်ဆရာဟာ သူသေဆုံးပြီးနောက် ကမ္ဘာကို ကယ်တင်ဖို့ နှလုံးသားဖြူစင်တဲ့ သူကို ရှာဖွေနေသူ ဖြစ်ပါတယ်။ မင်းသားဖြစ်သူ Billy Batson ဟာ အသက် ၃ နှစ် အရွယ်လောက်မှာ ကစားကွင်းသွားရင်း အမေနဲ့ ကွဲသွားတဲ့အတွက် မိဘမဲ့ဂေဟာတွေမှာ နေထိုင်နေရသူလည်း ဖြစ်ပါတယ်။

သူဟာ မိဘမဲ့ဂေဟာမှာ နေနေရပေမယ့် မိခင်အရင်းကိုသာ ရှာဖွေချင်နေတာကြောင့် ခေါ်ယူမွေးစားတဲ့ မိသားစုတွေနဲ့ အမြဲ ပြဿနာ တက်နေသူလည်း ဖြစ်ပါတယ်။ နောက်တော့ မိဘမဲ့ကလေးတွေ အများကြီးကို မွေးစားထားတဲ့ အိမ်ကို ရောက်သွားခဲ့ပါတယ်။ အသက် ၁၄ နှစ်သာရှိသေးတဲ့ Billy Batson ဟာ အဲဒီအိမ်ကို ရောက်တဲ့အခါ သူနဲ့ အသက် သိပ်မကွာတဲ့ စူပါဟီးရိုးကို ရူးသွပ်သူ Freddy Freeman နဲ့ တခန်းထဲ နေရဖို့ ဖြစ်လာပါတယ်။

Freddy ဟာ ခြေထောက် မသန်တာကြောင့် ကျောင်းမှာ အမြဲစနောက်ခံနေရတဲ့ ကောင်လေးတယောက်ပါ။ တရက်မှာ ကျောင်းက အတန်းကြီးတဲ့ ကောင်လေးတွေ စနောက်နေတာကို ခံရတဲ့ Freddy Freeman ကို Billy Batson က ပြန်ချ ကူခဲ့ပါတယ်။ အဲ့ဒါကို သဘောကျသွားတဲ့သူကတော့ မှော်ဆရာကြီး Shazam ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ Billy Batson ဟာ မှော်ဆရာကြီး Shazam ရဲ့ ဂူအတွင်းကို ခေါ်သွားခြင်းကို ခံခဲ့ရပါတယ်။

စိတ်ထားကောင်းတယ်လို့ ယူဆရတဲ့ Billy Batson ဟာ စွမ်းအားတွေ အားလုံးကို ရသွားပြီး သက်လတ်ပိုင်းအရွယ် အဖြစ်ကို ပြောင်းသွားပါတော့တယ်။ လူသာကြီးပြီး စိတ်ကတော့ ကလေးစိတ်ဖြစ်နေဆဲ ဖြစ်တဲ့ စူပါဟီးရိုးကြီးနဲ့ သူ့သူငယ်ချင်း Freddy Freeman တို့ရဲ့ စွမ်းအား ရှာဖွေတဲ့ ပုံစံတွေကို ဟာသနှောပြီး ရိုက်ထားတဲ့ အခန်းတွေ ကတော့ ဇာတ်ကားရဲ့ အသက်လို့ ပြောနိုင်ပါတယ်။

နောက်ပြီး ဗီလိန်ဖြစ်သူ Dr. Thaddeus Sivana နဲ့ တွေ့သွားတဲ့ အခန်းတွေနဲ့ စွမ်းအားကို သုံးတတ်သွားတဲ့ Shazam ရဲ့ အကြောင်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာမြင်ရမှာလည်း ဖြစ်ပါတယ်။

Billy Batson တဖြစ်လဲ စူပါဟီးရိုး Shazam ရုပ်ရှင်ကားဟာ လူတိုင်းနီးပါး ငယ်ငယ်က အိပ်မက်မက်ဖူးတဲ့ စူပါဟီးရိုးသာ ဖြစ်ရင် ဘာတွေ လုပ်မယ်ဆိုတဲ့ အရာတွေကို ပီပီပြင်ပြင်ရိုက်ထားလို့ ဟာသ၊ ဒရာမာ နဲ့ တိုက်ခိုက်ခန်းတွေ ညီညီမျှမျှ ပါဝင်တဲ့ ဇာတ်ကားတကားလို့ ဆိုနိုင်ပါတယ်။

ဒီရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Zachary Levi, Mark Strong, Asher Angel , Jack Dylan Grazer, Djimon Hounsou တို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာလည်း ရုံတင်နေပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ အခြေအနေ ကောင်းနေတဲ့ “Shazam” ရုပ်ရှင်

The post ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ “Shazam” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)