Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရောဂါ သက်သာလာလို့ ရိုက်ကွင်း ပြန်ရောက်လာတဲ့ မင်းသား Irrfan Khan

$
0
0

နာမည်ကျော် ဘောလိဝုဒ်မင်းသား Irrfan Khan ဟာ ရိုက်ကွင်းကို ပြန်ရောက်လာလို့ ပျော်ရွှင်နေပြီး ပရိသတ်တွေကို တခြား ဇာတ်လမ်းအကြောင်း ပြောပြဖို့ အတွက် စိတ်လှုပ်ရှားနေပါတယ်။ Neuroendocrine အကျိတ်ရောဂါကနေ သက်သာလာခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ “Hindi Medium” ရဲ့ နောက်ဆက်တွဲရုပ်ရှင် “Angrezi Medium” ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာမယ့် မင်းသား Irrfan ဟာ မလိုင်မုန့်ဆိုင် ပိုင်ရှင်တဦးအနေနဲ့ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

မင်းသားဟာ Rajasthan ပြည်နယ်၊ Udaipur မြို့မှာ လက်ရှိရိုက်ကူးနေတဲ့ အဲဒီရုပ်ရှင် ရိုက်ကွင်းရဲ့ ဓာတ်ပုံတပုံကို ဝေမျှခဲ့ပါတယ်။ သူက “Ghasiteram Mishthan Bhandar ဆိုတဲ့ ဆိုင်လေးက ၁၉၀၀ ပြည့်လွန်နှစ်တွေကတည်းက တာဝန်တွေထမ်းဆောင်နေခဲ့တယ်။ တခြားဇာတ်လမ်း အကြောင်းတခုကိုပြောဖို့ ပျော်နေမိပြီ” လို့ ပုံစာ ရေးပေးထားပါတယ်။ အဲဒီပုံထဲမှာ အသက် ၅၂ နှစ်အရွယ် မင်းသားကို သူ့ရဲ့ဇာတ်ကောင် Champak အနေနဲ့ ဝတ်စားထားတာကို မြင်တွေ့နိုင်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာမှာ ဖော်ပြထားတာကတော့ မင်းသား Irrfan နဲ့ မင်းသား Deepak Dobriyal တို့ဟာ သက်တမ်း ၁၀၀ ကျော်ရှိတဲ့ မလိုင်မုန့် စီးပွားရေးလုပ်ငန်းကို အမွေဆက်ခံခဲ့ရတဲ့ ပြိုင်ဖက် ညီအစ်ကိုတွေ အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ဦးရဲ့ တဝမ်းကွဲ အစ်ကို Manu Rishi ကြောင့် ပြိုက်ဖက် ညီအစ်ကိုနှစ်ဦးကို မိသားစုတခုထဲမှာ ထည့်သွင်းပြီး ကြီးမားတဲ့ မလိုင်မုန့်ဆိုင် ဖွင့်ခဲ့ကြတဲ့ အကြောင်းဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်မှာတော့ မင်းသမီး Radhika Madan က မင်းသား Irrfan ရဲ့ သမီးအဖြစ် ပါဝင်မှာဖြစ်ပြီး နောက်ထပ် ခေါင်းဆောင်မင်းသမီးနေရာမှာတော့ မင်းသမီး Kareena Kapoor ပါဝင်မယ်လို့ အတည်ပြုထားပါတယ်။

“Angrezi Medium” ရုပ်ရှင်ကို ဒါရိုက်တာ Homi Adjania က ရိုက်ကူးမှာဖြစ်ပြီး Dinesh Vijan က ထုတ်လုပ်မှာပါ။ မင်းသား Irrfan ဟာ Neuroendocrine အကျိတ်ရောဂါကို လန်ဒန်မြို့မှာ သွားရောက် ကုသခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အိန္ဒိယနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။

Ref: ptinews

The post ရောဂါ သက်သာလာလို့ ရိုက်ကွင်း ပြန်ရောက်လာတဲ့ မင်းသား Irrfan Khan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ