Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယား အနုပညာရှင်တွေအကြား ပျံ့နှံ့လာတဲ့ မူးယစ်ဆေးသုံးစွဲမှု

$
0
0

တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်တွေကတော့ သူတို့နိုင်ငံမှာ နာမည်ကျော်တဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီထူထောင်သူရဲ့ မြေး Hwang Ha-na လိုမျိုး နာမည်ကျော်ပုဂ္ဂိုလ်တွေကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ Hwang ဟာ အနုပညာရှင်တဦးရဲ့ ထောက်ခံချက်နဲ့ အဲဒီ တရားမဝင် မူးယစ်ဆေးတွေကို ရယူသုံးစွဲခဲ့တာလို့ ဆိုပါတယ်။ Namyang နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ထူထောင်သူ Hong Du-yeong ရဲ့ မြေး ဖြစ်သူ အသက် ၃၁ နှစ်အရွယ် Hwang ကို မူးယစ်ဆေးရောင်းဝယ်မှု၊ သုံးစွဲမှုသံသယတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့မှာပဲ ဖမ်းဆီးခဲ့ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တုန်းက မက်သာဖက်တမင်းကို ရောင်းချမှု၊ ကိုယ်တိုင်သုံးစွဲမှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။ သီးခြားအနေနဲ့တော့ သူဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ အခြား တရားမဝင် မူးယစ်ဆေးသုံးစွဲခဲ့တယ်လို့ သံသယရှိခံ ထားရပါတယ်။ Hwang ဟာ ဖမ်းဝရမ်းနဲ့ပဲ Suwon ခရိုင်တရားရုံးမှာ အစစ်ခံခဲ့ပြီး အခုလိုမျိုး သူမူးယစ်ဆေး သုံးနိုင်ဖို့ နာမည်ကျော်ကြား တဲ့အနုပညာရှင်တယောက်က မိတ်ဆက်ပေးတာလို့ ပြောတဲ့အကြောင်း Gyeonggi ရဲတပ်ဖွဲ့အေဂျင်စီက ဧပြီလ ၇ ရက်နေ့မှာ ပြောဆိုထားပါတယ်။

Hwang ရဲ့အဆိုအရ သူဟာ ၂၀၁၅ ခုနှစ်မှာ မက်သာဖက်တမင်းကို စပြီးသုံးစွဲခဲ့ပြီးတော့ အဲဒီနာမည်ကျော်ကြားသူ အနုပညာရှင် မိတ်ဆက်ပေးမှုနဲ့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ထပ်ပြီးတော့ မသုံးခင် အချိန်အထိ ၃ နှစ်လောက် မူးယစ်ဆေး မသုံးခဲ့ဘူးလို့ သိရပါတယ်။ မူးယစ်ဆေးစွဲနေတာကို ဖြတ်ချင်ခဲ့ပေမယ့် အတင်းအကျပ်သုံးစွဲဖို့ တွန်းအားပေးခံရတယ်လို့သာဆိုပါတယ်။

စွဲချက် တော်တော်များများကို Hwang က ဝန်ခံခဲ့ပေမယ့် မူးယစ်ဆေး ရောင်းချတယ်ဆိုတဲ့ စွဲချက်ကိုတော့ ငြင်းဆိုထားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။ အခု Hwang ပြောနေတဲ့ အနုပညာရှင်ဘယ်သူလဲ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ သတင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေစလို့ Hwang ကိုစုံစမ်းရေး စတင်ခဲ့တာ ဖြစ်ပေမယ့် ရှာဖွေဝရမ်းထုတ်ပေးဖို့ တောင်းဆိုမှုကို အစိုးရရှေ့နေတွေက ဆက်တိုက်ငြင်းပယ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးရေးမှာ အဟန့်အတား တချို့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Hwang ဟာ မျိုးရိုးနာမည် Cho လို့ခေါ်တဲ့လူကို မက်သာဖတ်တမင်း ၀ ဒဿမ ၅ ဂရမ်ရောင်းချခဲ့မှု၊ အဲဒီပုဂ္ဂိုလ်နဲ့အတူ တရားမဝင် ဆေးဝါးတွေကို သုံးစွဲခဲ့မှု သံသယတွေနဲ့ ၂၀၁၅ ခုနှစ်မှာ စွဲချက်တင်ခံထားရဖူးပါတယ်။ ရဲတပ်ဖွဲ့ကတော့ ၂၀၁၇ ခုနှစ်မှာ အဲဒီအမှုကို တရားရုံးတင်စစ်ဆေးဖို့ လွှဲပေးခဲ့ပါတယ်။

MBN ရုပ်သံရဲ့အဆိုအရ Hwang ဟာ ၂၀၁၅ ခုနှစ်မှာ မူးယစ်မှုနဲ့ စစ်ဆေးမခံရခင် Burning Sun နိုက်ကလပ်ရဲ့ ဝန်ထမ်းတဦးနဲ့ မူးယစ်ဆေးတွေ သုံးစွဲခဲ့သေးတယ်လို့ ဆိုပါတယ်။

Burning Sun ကတော့ မူးယစ်ဆေး သုံးစွဲမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အခွန်ရှောင်မှု၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ကိစ္စထဲမှ ာပါဝင်နေပါတယ်။ Big Bang အဖွဲ့ဝင်ဟောင်း Seungri ဟာလည်း အဲဒီမှာ အမှုဆောင် ဒါရိုက်တာဖြစ်ပါတယ်။

Ref. koreahearld

The post ကိုရီးယား အနုပညာရှင်တွေအကြား ပျံ့နှံ့လာတဲ့ မူးယစ်ဆေးသုံးစွဲမှု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ