Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ အခြေအနေ ကောင်းနေတဲ့ “Shazam”ရုပ်ရှင်

$
0
0

“Shazam” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးကို ရောက်ခဲ့တာကို တွေ့ရပါတယ်။ မြောက်အမေရိက ဝင်ငွေစာရင်းမှာ အဖွင့်အနေနဲ့ ဒေါ်လာ ၅၃ ဒဿမ ၅ သန်းရရှိထားတာကို တွေ့ရပါတယ်။ အကောင်းမြင်မှတ်ချက်တွေ ရရှိထားတဲ့ အဲဒီရုပ်ရှင်ဟာ မူရင်း ခန့်မှန်းချက်တွေမှာ ဒေါ်လာ သန်း ၄၀ လောက်ပဲ ရမယ်လို့ ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။

Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ New Line ဌာနခွဲကနေ ထုတ်လုပ်ထားတဲ့ အဲဒီရုပ်ရှင်ဟာ နိုင်ငံတကာဈေးကွက်မှာတော့ ဒေါ်လာ ၁၀၂ သန်း ရရှိထားတဲ့ အတွက် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၁၅၅ သန်းကျော် ရရှိထားပြီး ဖြစ်ပါတယ်။

မူရင်းကာတွန်းစာအုပ်ကိုပဲ ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ DC ကနေပဲ ထွက်ရှိခဲ့တဲ့ “Aquaman” နဲ့ “Wonder Woman” ရုပ်ရှင်တွေလောက်တော့ အဖွင့်ဝင်ငွေ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ရိုက်ကူး ကုန်ကျစရိတ်ဟာ ဒေါ်လာ ၉၈ သန်း ရှိတဲ့အတွက် အမြတ်အစွန်းတော့ စတင် ရနေပြီလို့ ဆိုရမှာပါ။ တတိယနေရာမှာ ရှိနေတာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုံဝင်ငွေ ထိပ်ဆုံးမှာရှိခဲ့တဲ့ “Dumbo” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

“Dumbo” ရုပ်ရှင်ဟာ အခု ရုံတင်တဲ့ ဒုတိယမြောက် သီတင်းပတ်မှာ ဒေါ်လာ ၁၈ ဒဿမ ၂ သန်းဝင်ခဲ့တာကို တွေ့ရပါတယ်။ ရိုက်ကူး ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၇၀ ရှိခဲ့ပေမယ့် အခုအထိ ရုံဝင်ငွေဟာ ဒေါ်လာ သန်း ၁၀၀ နီးပါးတောင် မရှိသေးဘူးဆိုတော့ ခွက်ခွက်လန်အောင် ရှုံးတော့မယ့်ကိန်း ဆိုက်နေပါတယ်။

သည်းထိတ်ရင်ဖိုရုပ်ရှင် “Pet Sematary” ကတော့ အဖွင့် သီတင်းပတ်ကုန်ပိုင်းမှာပဲ ဒေါ်လာ ၂၅ သန်း ရရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ နံပါတ် ၄ နေရာမှာရှိနေတာက “Us” ရုပ်ရှင် (ဒေါ်လာ ၁၃ ဒဿမ ၈ သန်း) နဲ့ “Captain Marvel” ရုပ်ရှင် (ဒေါ်လာ ၁၂ ဒဿမ ၅ သန်း) တို့ ဖြစ်ပါတယ်။

Warner Bros ရုပ်ရှင်ထုတ်လုပ်ရေး ပြည်တွင်းဖြန့်ချိမှု ဥက္ကဋ္ဌ Jeff Goldstein က “ စူပါမန်းနဲ့ တွေ့မယ့် လူသား ရုပ်ရှင်ဟာ ပျော်ဖို့ကောင်းပါတယ်။ Wonder Woman နဲ့ Aquaman ရုပ်ရှင်တွေဟာ အရမ်း နက်နဲတယ်။ ဒရာမာဆန်တယ်။ ထူးခြားတယ်။ တူညီတဲ့နေရာတခုမှာ သက်ဝင်လှုပ်ရှားနိုင်မယ့် မတူကွဲပြားတဲ့ ရုပ်ရှင်တွေကို ဖန်တီးနိုင်ပြီဆိုတာ ကျနော်တို့ ပြသလိုက်တာပါ”လို့ ပြောဆိုထားပါတယ်။

Ref. Reuters

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ အခြေအနေ ကောင်းနေတဲ့ “Shazam” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ