Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မာရီလင်မွန်ရိုး ဒရာမာစီးရီးကို အကောင်အထည် ဖော်နေပြီ

$
0
0

ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးရဲ့ ဘဝကို ပုံဖော်မယ့် ဒရာမာစီးရီးကို BBC စတူဒီယိုမှာ အကောင်အထည် ဖော်နေတာ နောက်ဆုံးအပိုင်းကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

“The Last Days of Marilyn Monroe” (မာရီလင်မွန်ရိုးရဲ့ နောက်ဆုံးနေ့ရက်များ) လို့ အမည်ပေးထားတဲ့ အဲဒီစီးရီးမှာတော့ မွန်ရိုးနဲ့ ဟောလိဝုဒ်စတူဒီယိုတွေကြားက ဆက်ဆံရေး၊ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနဲ့ ရောဘတ် အက်ဖ် ကန်နေဒီတို့လို့မျိုး အများသိပုဂ္ဂိုလ်တွေကြားက ဆက်ဆံရေးကို ဖော်ထုတ်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

အဲဒီစီးရီးဟာ Keith Badman ရဲ့ စာအုပ်ဖြစ်တဲ့ “The Final Years of Marilyn Monroe: The Shocking True Story” ဆိုတဲ့စာအုပ်ထဲက တချို့အစိတ်အပိုင်းတွေကို အခြေခံထားတာဖြစ်တယ်လို့ စတူဒီယိုက ကြေညာချက်တခုထဲမှာ ပြောဆိုထားပါတယ်။ သံသယဖြစ်ဖွယ် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့ ၁၉၆၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်၊ မွန်ရိုးဟာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး ဟောလိဝုဒ် မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူကွယ်လွန်ခဲ့တဲ့ညမှာ ဆေးလွန်ခဲ့တဲ့အကြောင်း၊ သတင်းဖော်ပြမှု နောက်ကျခဲ့တဲ့အကြောင်းကိုလည်း မြင်တွေ့ရမှာပါ။ ဟောလိဝုဒ် အနုပညာခရီးလမ်းထက်ကနေ ကျဆင်းစေခဲ့ရတဲ့ အရက်စွဲတာနဲ့ ဆေးစွဲနေတာတွေကို သူဘယ်လို စတင်ခံစားခဲ့ရတယ်ဆိုတဲ့ အချိန်ကာလတခုကို ပုံဖော်မယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။

အဲဒီစီးရီးကို ရေးသားမယ့် Dan Sefton ကတော့ “မင်းသမီး တယောက်အနေနဲ့ မွန်ရိုးရဲ့ စိတ်ဆန္ဒပြင်းပြခဲ့ပုံ၊ စတူဒီယိုစနစ်ကို ထိန်းချုပ်တဲ့ အင်အားကြီး အမျိုးသားတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေဟာ အခုခေတ်မှာ ရှိနေတဲ့အတိုင်းပဲ စိတ်မကောင်းစရာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အဲဒီစီးရီးကိုတော့ ဘယ်လိုင်းမှာ ထုတ်လွှင့်မယ်ဆိုတာ မသိရသေးပါဘူး။ ၂၀၁၁ ခုနှစ်တုန်းက “My Week with Marilyn” ရုပ်ရှင်၊ ၂၀၁၅ ခုနှစ်တုန်းက “The Secret Life of Marilyn Monroe” ရုပ်ရှင်မှာတွေလည်း ဟောလိဝုဒ် မင်းသမီး မွန်ရိုးရဲ့ ဘဝတစိတ်တပိုင်းကို မြင်တွေ့ခဲ့ကြရပါတယ်။

Ref:ptinews

The post မာရီလင်မွန်ရိုး ဒရာမာစီးရီးကို အကောင်အထည် ဖော်နေပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ