Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Star Awards က ပေးမယ့် “ဇာတ်လမ်းတွဲ အမျိုးသမီး ဇာတ်ဆောင်ဆု”တစ်ပြေးနေကြသူများ

$
0
0

မကြာခင် ကျင်းပပြုလုပ်တော့မယ့် Star Awards ဆုပေးပွဲမှာ ရုပ်ရှင်ဆုတွေအပြင် ရုပ်သံဇာတ်လမ်းတွဲ ဆုတွေပါ ချီးမြှင့်မယ်လို့ သိရပါတယ် ။ ၂၀၁၈ ခုနှစ်အတွင်းမှာ ဇာတ်လမ်းတွဲတွေ အများအပြား ထွက်ရှိခဲ့ပြီး ပရိသတ်အကြိုက် တွေ့ခဲ့တဲ့ ဇာတ်ကားတွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။

Star Awards အတွက် ရွေးချယ်ထားတဲ့ ဇာတ်လမ်းတွဲတွေထဲက “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”အတွက် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေက မေမြင့်မိုရ်၊ မေမီကိုကို၊ ပိုးကြာဖြူခင်တို့ ဖြစ်ပါတယ်။

မေမြင့်မိုရ် (အရိပ်)

“အရိပ်” ဇာတ်လမ်းတွဲမှာတော့ ဆုဆုလှိုင်ဆိုတဲ့ သူဌေးသမီး၊ မိဘမေတ္တာ မရရှိတဲ့ ကောင်မလေး နေရာက သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်ဟာ ကာရိုက်တာ ပီပြင်လှတာကြောင့် Star Awards မှန်းပေးနေခြင်းခံနေရသူပါ။ မေမြင့်မိုရ်ကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ အခုလိုဆိုထားပါတယ်။

“ရုပ်သံဇာတ်လမ်းတွဲတွေကို ဒီလို ဆုပေး စေချင်တာကြာပြီ၊ ဒီလိုပေးမယ်ဆိုတော့ ပျော်တယ်။ ကိုယ်ကြိုးစားခဲ့တဲ့ကားတွေ ဖြစ်တဲ့အတွက် ပိုပြီးလည်း ရင်ခုန်တယ်။ ဇာတ်လမ်းတွဲမှာ “အရိပ်”ရယ် “ပုဂံမြို့သူ”ရယ် ပါတယ်။ ဇာတ်ကားထဲမှာဆိုရင် “မိုးပန်းပွင့်ရဲ့ သင်္ကေတ”ပါတယ်။ အရိပ်ရယ် ပုဂံမြို့သူ ရယ်ပါပေမယ့် အရိပ်ကို ပိုပြီးရင်ခုန်ဖြစ်တယ်။ ဆုကတော့ ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးစားမှုကို လိုချင်တာပေါ့။ နှစ်ခုလုံးအတွက်လည်း ရင်ခုန်ပါတယ်”လို့ မေမြင့်မိုရ်က ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ ဇာတ်လမ်းတွဲတွေများပါဝင်ခဲ့တဲ့ မေမြင့်မိုရ်အတွက် Star Awards အတွက် ရရှိနိုင်ဖို့များတဲ့ ဇာတ်လမ်းတွဲကတော့ “အရိပ်”ဇာတ်လမ်းတွဲနဲ့လို့ ပရိသတ်များက ထင်ကြေးပေးနေကြပါတယ်။

မေမီကိုကို (ပျားရည်အိုင်)

“ပျားရည်အိုင်” ဇာတ်ကားထဲမှာတော့ “မြိုင်” ဆိုတဲ့ ကာရိုက်တာကို ပရိသတ်တွေက စီးရီးတွဲ လွှင့်ခဲ့ချိန်တုန်းက အရမ်းကို အားပေးခဲ့ကြပြီး မြိုင်ကာရိုက်တာနဲ့ Star Awards ဆုကို ရရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့အပေါ်ကိုလည်း မေမီကိုကိုက သူရဲ့ ရင်ခုန်သံကို ဧရာဝတီကို အခုလို ဆိုထားဖူးပါတယ်။

“ဆုပေးမယ့် ကားတွေထဲမှာ “ပျားရည်အိုင်”လည်း ပါလာတယ်ပေါ့။ အဲ့လို ပေးတဲ့အတွက် အတိုင်းမသိပျော်တယ်။ ဝမ်းသာတယ်။ လူငယ်တွေအတွက် ပိုပိုပြီးကြိုးစားချင်လာချင်မယ့် အားဖြစ်စေတယ်။ ဒီလိုမှတ်တိုင်လေး တခု ရမယ်ဆိုတဲ့ အသိနဲ့ အပြိုင်အဆိုင်ကြိုးစား စိတ်တွေ ဖြစ်စေတယ်။ အဲ့အတွက် အားပေးတယ်။ ဘယ်သူပဲရရ ပျော်မယ်”လို့ မေမီကိုကို ကပြောပါတယ်။

ပိုးကြာဖြူခင် (မိုးကောင်းကင်အိပ်မက်)

“မိုးကောင်းကင်အိပ်မက်”ဇာတ်လမ်းတွဲမှာတော့ ပိုးကြာဖြူခင်က ဆိုင်းမိုင်ဆိုတဲ့ အဆိုတော်ကောင်မလေးနေရာက သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းကြိုးစားထားတာကြောင့် Star Awards ဆု ရနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Star Awards ဆု နဲ့ ပတ်သက်ပြီး “ကိုယ်စီးရီးတခုကိုရိုက်တော့မယ်ဆို ကိုယ့်အတွက် မျှော်လင့်ချက်နဲ့ စိတ်တခုရှိသွားတယ်။ ပိုပြီးလည်း ကြိုးစားချင်စိတ် ဖြစ်တယ်။ ဇာတ်လမ်းတွဲကို ဆုပေးတယ်ဆိုတာလည်း ပထမဦးဆုံးပဲပေါ့။ မိုးကောင်းကင်အိပ်မက် ရိုက်တုန်းက အချိန်လည်း အရမ်းပေးရတယ်။ အရမ်းလည်း ခက်ခဲတယ်။ စိတ်လည်း နှစ်ပြီး ကြိုးစားခဲ့တယ်။ အရမ်းလည်း စိတ်နှစ်ပြီး ကြိုးစားထားရတဲ့ကား ဖြစ်တာကြောင့် ဆုလည်းမျှော်လင့်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားနေပါတယ်”လို့ ပိုးကြာဖြူခင်က ပြောပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ဆုရရှိသူတွေအတွက် ငွေကျပ် သိန်း ၅၀ နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Star Awards ဆုပေးပွဲကြီးကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

The post Star Awards က ပေးမယ့် “ဇာတ်လမ်းတွဲ အမျိုးသမီး ဇာတ်ဆောင်ဆု” တစ်ပြေးနေကြသူများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ