Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Star Awards “ဇာတ်လမ်းတွဲ အမျိုးသား ဇာတ်ဆောင်ဆု”အတွက် ရေပန်းစားနေကြသူများ

$
0
0

မကြာခင် ကျင်းပပြုလုပ်တော့မယ့် Star Awards ဆုပေးပွဲ မှာ တခြားဆုတွေအပြင် ရုပ်သံဇာတ်လမ်းတွဲ ဆုတွေပါ ချီးမြှင့်မယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဇာတ်လမ်းတွဲတွေ အများအပြား ထွက်ရှိခဲ့ပြီး ပရိသတ် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားတွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။

Star Awards အတွက် ရွေးချယ်ထားတဲ့ ဇာတ်လမ်းတွဲတွေထဲက “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”အတွက် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေက အောင်ရေချမ်း၊ ကျော်ထက်ဇော်၊ အောင်မင်းခန့်တို့ ဖြစ်ပါတယ်။

အောင်ရေချမ်း (ပျားရည်အိုင်)

“ပျားရည်အိုင်”ဇာတ်ကားထဲမှာ အောင်ရေချမ်းက ကိုတင်ဖေနေရာက သရုပ်ဆောင်ထားပြီး စီးရီးလွှင့်ချိန်မှာလည်း ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ ကိုတင်ဖေ ကာရိုက်တာနဲ့ Star Awards ဆုကို ရရှိနိုင်တယ်လို့ ထင်ကြေးပေးနေ ကြတဲ့အပေါ် အောင်ရေချမ်းက အခုလို ဆိုပါတယ်။

“ကျနော်ကတော့ ကိုတင်ဖေ ကာရိုက်တာနဲ့ ရမယ်လို့ အရမ်းမမျှော်လင့်ထားဘူး။ ရင်တော့ ခုန်တယ်။ ဇာတ်လမ်းတွဲ ၂ ခုမှာတခု ပျားရည်အိုင်ပါတော့ ဝမ်းသာပါတယ်။ ကျနော့်ကို ပရိသတ် ခန့်မှန်းပေးကြတာလည်း ကျေးဇူးတင်ပါတယ်။ ရရင်တော့ အတိုင်းမသိ ဝမ်းသာစရာပေါ့။ ကံပေါ့”လို့ အောင်ရေချမ်းက ဧရာဝတီကို ပြောပါတယ်။

ကျော်ထက်ဇော် (မိုးကောင်းကင် အိပ်မက်)

“မိုးကောင်းကင်အိပ်မက်” ဇာတ်ကားထဲမှာတော့ ကျော်ထက်ဇော်က တေးထုတ်လုပ်ရေး ပိုင်ရှင်၏သား “ကာရံဟိန်း”နေရာ က ပါဝင်သရုပ်ဆောင်တာဖြစ်ပါတယ်။ Star Awards ဆုကို ရရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့အပေါ် “Star Awards ဆုရခဲ့ရင်တော့ အရမ်းဝမ်းသာမိမှာပါ။ ကျနော်တို့တွေ အနေနဲ့ သရုပ်ဆောင်တွေကို အသိအမှတ်ပြုတဲ့ အနေအထား တခုမှာ အကယ်ဒမီဆိုတာပဲ ရှိတာလေ”

“ကျနော်တို့လို အခုမှခြေလှမ်း စကြိုးစားတဲ့ သူတွေအတွက်ကျတော့ အခုလို Star Awards ရောက်လာတာ အရမ်းကောင်းတယ်။ အများကြီးတော့ မမျှော်လင့်ဘူး။ ပရိသတ်တွေလည်း အရမ်းကြီးတော့ မမျှော်လင့်ပါနဲ့ လို့ပြောချင်တယ်။ အားပေးပြီးချစ်တဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းတွဲမှာ ဘယ်သူပဲရရ ကျနော်တို့က မိခင်ဋ္ဌာနတခုတည်းက ထွက်တဲ့သူတွေချည်းပဲ ဆိုတော့ ဘယ်သူပဲရရ ပျော်ရမှာပါ”လို့ ကျော်ထက်ဇော်က ပြောပါတယ်။

အောင်မင်းခန့် (မနေ့ကဖြစ်သည်)

“မနေ့ကဖြစ်သည်” ကားမှာ လူသတ်တဲ့နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ အောင်မင်းခန့်ကာရိုက်တာကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြတဲ့ အတွက် Star Awards ဆု ရနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့အပေါ် “ကျနော်ရိုက်ခဲ့တဲ့ ကားတွေနဲ့ မတူပဲ ကျနော်အတွက် ပြောင်းလဲမှု ရှိခဲ့တဲ့ ကားလေးပါ။ ဒီလိုစီရီးတွဲတွေကိုပါဆုပေးတဲ့ အတွက် အရမ်းဝမ်သာပါတယ်။ ကျနော်တို့လို လူငယ်တွေကို ကမ်းလှမ်းတဲ့ လက်တစုံပေါ်လာတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်။ ပရိသတ်တွေလည်း ဆု မှန်းပေးကြတဲ့ အတွက် အရမ်းဝမ်းသာပါတယ်”အောင်မင်းခန့်က ပြောပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ဆုရရှိသူတွေအတွက် ငွေကျပ် သိန်း ၅၀ နဲ့ ဆုတံဆိပ်တွေ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Star Awards ဆုပေးပွဲကြီးကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

The post Star Awards “ဇာတ်လမ်းတွဲ အမျိုးသား ဇာတ်ဆောင်ဆု”အတွက် ရေပန်းစားနေကြသူများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ