Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လက်ထပ်ပြီး ၄ ရက်အကြာ လက်ထပ် မှတ်ပုံတင်မှုကို ပလပ်ပေးဖို့ Nicolas Cage လျှောက်ထား

$
0
0

ဟောလိဝုဒ်မင်းသား Nicolas Cage ဟာ ချစ်သူ Erika Koike နဲ့ Las Vegas မြို့မှာ လက်ထပ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ လက်ထပ်မှတ်ပုံတင်ထားမှုကို ပလပ်ပေးဖို့ တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ် မင်းသား Cage က ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ပလပ်ပေးဖို့အတွက် လျှောက်ထားချက်ကို တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသား Cage နဲ့ မိတ်ကပ်ပညာရှင် Koike တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ လက်ထပ် မှတ်ပုံတင်ခဲ့တာဖြစ်ပြီး တရက်တည်းမှာပဲ သူတို့ရဲ့ လက်ထပ်မှု မှတ်ပုံတင်ကို ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသားရဲ့ ကိုယ်စားလှယ်ကတော့ အဲဒီအကြောင်း မေးမြန်းရာမှာ တုံ့ပြန်ဖြေကြားခဲ့တာ မရှိပါဘူး။ Cage နဲ့ Koike တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလတုန်းက Puerto Rico နိုင်ငံမှာ၊ အတူတူ အားလပ်ရက်အပန်းဖြေတာကို မြင်တွေ့ခဲ့ကြရပေမယ့် သူတို့နှစ်ဦးရဲ့ အချစ်ရေးကို လူသိမခံခဲ့ပါဘူး။ အဲဒီနှစ် မေလမှာပဲ လော့စ်အင်ဂျလိစ်မြို့မှာ ညစာထွက်စားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံကို မြင်တွေ့ခဲ့ကြရပါတယ်။

မင်းသား Cage ဟာ အိမ်ထောင် ၃ ဆက် ရှိခဲ့ပြီဖြစ်ပါတယ်။ သူဟာ မင်းသမီး Patricia Arquette နဲ့ ၁၉၉၅ ခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။

အဲဒီနောက် မင်းသားဟာ Lisa Marie Presley နဲ့ ၂၀၀၂ ခုနှစ်၊ သြဂုတ်လမှာ လက်ထပ်ခဲ့ပါတယ်။ အဲဒီနှစ် နိုဝင်ဘာလမှာပဲ ကွာရှင်းဖို့ တရားရုံးမှာလျှောက်ထားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ကွာရှင်းမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ မင်းသားရဲ့တတိယဇနီးကတော့ Alice Kim ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ပထမဆုံးသားဖြစ်တဲ့ Kal-El ကို ၂၀၀၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အိမ်ထောင်သက်တမ်း ၁၂ နှစ်အကြာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ လမ်းခွဲခဲ့ကြပါတယ်။

အခုလက်ရှိဇနီး Koike ကတော့ အရင်အိမ်ထောင်ရှိခဲ့ဖူးပါတယ်။ မင်းသားကတော့ ၂၀၁၈ ခုနှစ်တုန်းက The Guardian သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ တတိယဇနီးနဲ့ ဆက်ဆံရေး ပြီးဆုံးခဲ့လို့ ဆိုပါတယ်။

သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေမှာလား ဆိုတဲ့မေးခွန်းကိုတော့ သူက “ဟုတ်ပါတယ်။ ကျနော် သူငယ်ချင်း ဆက်ဖြစ်ချင်ပါတယ်။ ကျနော်သူနဲ့ လက်ထပ်ခဲ့တဲ့အချိန်တုန်းက သူကတော်တော်လေးကို ငယ်ပါသေးတယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျနော် မကောင်းမပြောချင်ပါဘူး။ ဒါကျနော် ပြောချင်တာအကုန်ပါပဲ” လို့ ဆိုပါတယ်။

မင်းသား Cage ဆီမှာ ချစ်သူဟောင်း Christina Fulton နဲ့ရရှိထားတဲ့ အသက် ၂၈ နှစ်အရွယ် Weston Coppola Cage ဆိုတဲ့သားတဦးရှိပါတယ်။

Ref: people

The post လက်ထပ်ပြီး ၄ ရက်အကြာ လက်ထပ် မှတ်ပုံတင်မှုကို ပလပ်ပေးဖို့ Nicolas Cage လျှောက်ထား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ