Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂီတကိုပဲ ဝါသနာပါတဲ့ သားနဲ့ သမီးအကြောင်းပြောပြတဲ့ အဆိုတော်ရင်ဂို

$
0
0

အနုပညာအလုပ်များစွာကို ဖန်တီးရတာသဘောကျနှစ်သက်ပြီး သွားဘက်ဆိုင်ရာဆရာဝန်တဦးလည်းဖြစ်တဲ့ ကျားပေါက်ကိုတော့ ဖခင်ဖြစ်သူ ရင်ဂိုက ကျားပေါက်က ဆေးဘက်ဆိုင်ရာထက် အနုပညာဘက်ကို ပိုအားသန်တယ်လို့ ပြောပါတယ်။သမီးဖြစ်သူ ဟန်နေလွင်လွင်ကလည်း ဂီတကိုဝါသနာပါတဲ့အတွက် ဖခင်ဖြစ်သူ၊ အစ်ကိုဖြစ်သူတို့လိုပဲ ဂီတလမ်းကို လျှောက်လှမ်းနေသူတဦးဖြစ်ပါတယ်။

“ကျားပေါက်က ပထမတုန်းက ပညာရေးမှာ သွားဘက်ဆိုင်ရာမှာ လုပ်လိုက်တယ်။ အဲဒီမတိုင်ခင် လူဖြစ်ပါပြီဆိုတဲ့ အသက် ၆နှစ်လောက်ကတည်းက ကျနော်သီချင်းဆိုတာကို ဒရမ်တီးပေးဖူးတယ်။ ကျနော်ထင်တာတော့ သူက ဆေးဘက်ဆိုင်ရာထက် Art ဘက်ကို ပိုအားသန်တယ်လို့ထင်တယ်။ သူလုပ်နေတာတွေက အကုန်လုံးအနုပညာပါပဲ”
“အနုပညာဆိုတာ သီချင်းဆိုမှမဟုတ်ဘူးလေ။ ဆိုတယ်။ တီးတယ်။ ရေးတယ်။ ပန်းချီဆွဲတယ်။ များများလုပ်တာနဲ့ နည်းနည်းလုပ်တာပဲကွာပါတယ်” လို့ အဆိုတော် ရင်ဂိုက ပြောပါတယ်။

အခုချိန်မှာတော့ သားသမီး ၂ဦးဟာ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေပြီဖြစ်ပြီး ငယ်စဉ်အချိန်ကတော့ ယခုကဲ့သို့ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူးလို့ ဆိုပါတယ်။

“ဒီလိုမမျှော်လင့်ဘူး။ သူတို့ ၂ယောက်လုံးကို။ ကျားပေါက်ကိုတော့ ၆နှစ်လောက်ကတည်းက သိပြီ။ အတီးသမားတယောက်ဖြစ်မှာပဲဆိုပြီး ဒါပေမယ့် အတီးသမားတယောက်တင် မဟုတ်ဘူး။ သူ့သူငယ်ချင်းတွေကို တီးပေးရေးပေးရင်းနဲ့ အဆိုသမားတယောက်ဖြစ်သွားတာပေါ့။ သမီးကတော့ ပညာရေးကို တော်တော်ဦးစား ပေးပြီးတော့မှ ဒီဘက်ကို စုံပစ်ဝင်လိုက်တာပေါ့။ ပညာရေးနဲ့သွားပြီး အနုပညာနဲ့ ပြန်လာတဲ့သဘော” လို့ ရင်ဂိုကပြောပါတယ်။

သားသမီးရကံကောင်းတယ်လို့လည်း ပြောလို့ရပြီး သားအဖ ၃ယောက် စင်ပေါ်မှာ ဆိုထားတဲ့ပုံများကို မြင်ရင်ကျေနပ်မိတယ်လို့ ဆိုပါတယ်။

“သားသမီးကံတော်တော် ကောင်းတယ်လို့ပြောလို့ရတယ်။ သူတို့ကို မမျှော်လင့်ထားဘဲနဲ့ ကိုယ်ဖြစ်ချင်တဲ့ အလုပ်တွေကို လုပ်တာပေါ့။ သူတို့နဲ့ ၃ယောက် စင်ပေါ်မှာဆိုထားတဲ့ ပုံလေးတွေမြင်ရင် ကျေနပ်တယ်။ အဲဒါဟာ ဦးရဲ့အဖြစ်ချင်ဆုံးအိပ်မက်တွေပဲပေါ့။ သူတို့ကို အားရတယ်ဆိုထက် ကျေနပ်ပီတိဖြစ်ရပါတယ်” လို့ ရင်ဂိုက ပြောပါတယ်။

သားအဖ ၃ယောက်ပေါင်းပြီး Show ပြုလုပ်ဖို့အတွက်လည်း စဉ်းစားထားပြီး ၃ယောက်ပေါင်းပြီး ဖျော်ဖြေဖို့ကလည်း အိပ်မက်တခုဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်စဉ်းစားထားတယ်။ ဒါကကျနော့်ရဲ့ အိပ်မက်အကြီးကြီးပဲ။ မကြာခင်ပေါ့။ ပုဂံမှာတို့ ဆေးပေါင်းခတဲ့ည တို့မှာ သားအဖ ၃ယောက်ဆိုလိုက်ရတော့ အရင်တုန်းက အိပ်မက်ကိုနည်းနည်းပြည့်သလို ဖြစ်သွားတယ်။ ၃ယောက်ဆုံပြီးတော့ ဆိုခွင့်ရတာ ၂ပွဲလား ၃ပွဲလားမသိဘူးရှိပြီ။ အခုတခါဆိုမယ်ဆိုရင်တော့ ကျနော် ၁ယောက်တည်းမယ်။ အဲဒီမှာမှ သူတို့ကိုဝင်ပြီးဆိုခိုင်းမယ်။ သူတို့နဲ့မတိုင်ပင်ရသေးဘူး” လို့ရင်ဂိုကပြောပါတယ်။

The post ဂီတကိုပဲ ဝါသနာပါတဲ့ သားနဲ့ သမီးအကြောင်းပြောပြတဲ့ အဆိုတော်ရင်ဂို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ