အဆိုတော် Ariana Grande ဟာ BLACKPINK အဖွဲ့နဲ့ ပတ်သက်တဲ့ ပရိသတ်တဦးရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ Ariana ရဲ့ ပြောကြားချက်အရဆိုရင် သူဟာ BLACKPINK အဖွဲ့ရဲ့ ပရိသတ်ဖြစ်ရုံသာမက လာမယ့်လမှာပြုလုပ်မယ့် Coachella ဂီတဖျော်ဖြေပွဲမှာ အဖွဲ့ရဲ့ ဖျော်ဖြေမှုကို တကယ် စောင့်မျှော် ကြည့်ရှုမယ်လို့ ဆိုလိုက်ပါတယ်။
ဆိုရှယ် မီဒီယာတခုဖြစ်တဲ့ Instagram မှာ ပရိသတ်တဦးနဲ့ သူနဲ့ ပြောဆိုခဲ့တဲ့ Screenshot မှာတော့ အဲဒီပရိသတ်က”တခုလောက် မေးချင်တယ်။ Blackpink ဆိုတာ ဘယ်သူတွေလဲ သိလား” လို့ မေးမြန်းခဲ့ပါတယ်။
ဆက်ပြီး အဲဒီ ပရိသတ်က “တကယ်လို့မသိဘူးဆိုရင် မင်းက စုံစမ်းသင့်တယ်။ သူတို့တွေက Coachella မှာ ရှိနေကြမှာပါ” လို့ ထပ်ပြောခဲ့ပါတယ်။ အဲဒီလိုမျိုး ပြောဆိုချက်ကို Ariana က “အင်း သူတို့ကို သိတယ်။ ဒုတိယအပတ်မှာ သူတို့ကို ကြည့်ဖို့ ကြိုးစားမယ်” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အခုလိုမျိုး ပြောဆိုချက်ဟာ ဆိုရင်တော့ BLACKPINK အဖွဲ့ဟာ သီချင်းအယ်လ်ဘမ်အသစ်တခုနဲ့အတူ ဂီတလောကမှ ပြန်လှုပ်ရှားတော့ မယ်လို့ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ ပြီးနောက် ဖြစ်လာတာပါ။
BLACKPINK အဖွဲ့ဟာ “Kill This Love” ဆိုတဲ့ မီနီအယ်လ်ဘမ်နဲ့ လာမယ့် ဧပြီလ ၅ ရက်နေ့မှာ ဂီတလောကထဲကို ပြန်လည်ရောက်ရှိလာဦးမှာပါ။ ပြီးတော့ အဲဒီ သီချင်းအသစ်မှာ Ddu-Du Ddu-Du သီချင်းထက်ပိုပြီးတော့ နာမည်ကျော်နိုင်မှာဖြစ်တယ်လို့ သူတို့ရဲ့ အေဂျင်စီ YG အင်တာတိန်းမန့်က အတည်ပြုထားပါတယ်။
သူတို့အဖွဲ့ဟာ ကမ္ဘာ့အဆင့်မီ အကပညာရှင် ၄ ဦးနဲ့အတူ အလုပ်အတူ လုပ်နေတာကြောင့် အရင်တုန်းကထွက်ခဲ့ဖူးတဲ့ သီချင်းတွေထက် အကပိုင်းမှာ အမိုက်စား ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ Ddu-Du Ddu-Du သီချင်းဟာ Youtube မှာ လူကြည့်အများဆုံး Kpop အဖွဲ့တခုရဲ့ ဂီတဗီဒီယို ဖြစ်ပါတယ်။
Ref: metro
The post ဂီတပွဲတော်မှာ BLACKPINK အဖွဲ့ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုမယ်လို့ Ariana Grande ဆို appeared first on ဧရာဝတီ.