Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မုန်းစွဲမှာ အကယ်ဒမီရအောင် သရုပ်ဆောင်ပါ”လို့ သားတွေကို ပြောခဲ့တဲ့ မိခင်ဖြစ်သူ မသက်စုထွေး

$
0
0

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားထဲမှာ နေတိုး ငယ်ဘဝ နှစ်ကိုယ်ခွဲ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ အမြွှာညီအစ်ကို ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့က ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အမြွှာညီအစ်ကိုတွေ ဖြစ်ပါတယ်။

မကြာခင် ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲမှာ သူတို့အမြွှာနှစ်ဦးကလည်း အကယ်ဒမီရမယ်လို့ ပရိသတ်အများရဲ့ ထင်ကြေးပေးခံရတဲ့ စာရင်းမှာ ပါဝင်နေပါတယ်။

“သားလေးတွေကို အကယ်ဒမီ မှန်းပေးကြတဲ့ ပရိသတ်တွေရော အနုပညာ အသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အရမ်းဝမ်းသာတယ်။ ဝမ်းသာတဲ့ဟာက ပြောမပြတတ်ဘူး။ ကောမန့်တွေ ဖတ်ပြီး ကျေနပ်ပီတိဖြစ်ရတာ ပြောမပြတတ်အောင် ကျေနပ်ပီတိဖြစ်ရတယ်။ အဲ့ကားလေး ရိုက်တုန်းက ပင်ပန်းတယ်ပေါ့။ အခုကျတော့ ပင်ပန်းရကျိုး နပ်လိုက်တာ”လို့ အမြွှာနှစ်ဦးရဲ့ မိခင်ဖြစ်သူ မသက်စုထွေးက ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် ကြိုးစားခဲ့တာလေး အရာထင်တယ်ပေါ့။ အဲ့လိုလေး တွေးမိပြီး ကျေနပ် ပျော်ရွှင်ရတယ်။ ရင်ထဲမှာ သားလေးအတွက် အရမ်းပျော်တယ်။ သားသားလေးတွေ အကယ်ဒမီ ဖက်ရှင်ကို မန္တလေးက ဒီဇိုင်နာ ကိုပြည့်ဖြိုးမင်းက ချုပ်ပေးမှာ ဖြစ်ပြီး ထက်ဝေဦး ပိုးထည်ဆိုင်က စီစဉ်ပေးထားပါတယ်။ အစ်မ ကိုယ်တိုင်လည်း အကယ်ဒမီပေးပွဲတက် ရလိမ့်မယ်လို့ မစဉ်းစားခဲ့ဘူး”

“သူတို့ကို အကြောင်းပြုပြီး တက်ရမှာဆိုတော့ အမေ တယောက်အနေနဲ့ ပျော်တယ်။ ရင်လည်းခုန်တယ်။ ဒီအရွယ်လေးနဲ့ ဆုရတာ၊ မရတာထား အနုပညာရှင်တွေရဲ့ အထွဋ်အမြတ်ပွဲကြီးကို အစ်မတို့ အနေနဲ့ တက်ဖို့ မုန်းစွဲမှာ သားတို့ကို ပါဝင်ခွင့် ပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်”လို့ မသက်စုထွေးက ပြောပါတယ်။

ကားရိုက်တုန်းက အကယ်ဒမီရရင် ပြိုင်ကားဝယ်ပေးမယ် ပြောခဲ့တာကြောင့် အခု အကယ်ဒမီလည်း အသံကြားရော သူတို့ အကယ်ဒမီရမယ်ပဲ ထင်နေတယ် ဆိုပြီးလည်း မသက်စုထွေးက ဆိုပါတယ်။

“သားသားတွေက အကယ်ဒမီ ရုပ်တုကို သူတို့က မရလည်း တောင်းမယ်လို့ ပြောနေကြတာလေ။ သူတို့ စိတ်ထဲမှာ တကယ်ကတော့ အကယ်ဒမီ ဆိုတာကို သူတို့ နားမလည်သေးတဲ့ အရွယ်ပေါ့။ စရိုက်ကတည်းက အကောင်းဆုံးကြိုးစားရင် သားသားတို့ကို အကယ်ဒမီ ပေးမယ်။ အကယ်ဒမီက ဘာလဲမေမေ ဆိုတော့ အကယ်ဒမီ ဆိုတာရခဲ့ရင် မေမေက သားတို့ကို ပြိုင်ကားဝယ်ပေးမယ် ကလေးဆိုတော့ မက်လုံးတွေ ပေးရတာပေါ့”

“သူတို့ အကောင်းဆုံးလုပ်ရင် ဒါရိုက်တာကပါ မင်းတို့ အကောင်းဆုံးလုပ်ရင် အကယ်ဒမီ ပေးမယ်။ သားသားတို့ကို အကယ်ဒမီ ၃ ခုပေး။ အဲ့ဒါကလည်း ပြိုင်ကား ၃ ခုပေါ့။ ကိုယ်ကသူတို့ကို ပြောမိသွားတော့ အခုလို အကယ်ဒမီပွဲနားလည်း ရောက်ရော မေးကြတယ် မီဒီယာတွေက မေးကြတော့ တကယ်လည်း အကယ်ဒမီလည်းဖြစ်လာရော သူတို့ စိတ်ထဲမှာ ရမယ်ပဲ ထင်ကြတာလေ”

“အကယ်ဒမီရခဲ့ရင်တော့ အတိုင်းထက် အလွန်ပေါ့။ မရရင်လည်း ပြဿနာ မရှိပါဘူး။ သူတို့ ကျေနပ်အောင် လုပ်ပေးရတော့မယ်”လို့ မသက်စုထွေးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာပဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာပါ။ ပါဝင်ရတဲ့ အခန်းကဏ္ဍက နည်းပေမယ့် သူတို့လေးတွေရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်မှုကြောင့် ဇာတ်ရှိန်ကို မြင့်တက်စေခဲ့တယ်ဆိုလည်း မမှားပါဘူး။ အတွေ့အကြုံ မရှိသေးတဲ့ ကလေးတွေ ဖြစ်ပေမယ့် သူတို့ရဲ့ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရမယ် ဆိုပြီး နာမည်ကြီးနေကြတာလည်း ဖြစ်ပါတယ်။

The post “မုန်းစွဲမှာ အကယ်ဒမီရအောင် သရုပ်ဆောင်ပါ”လို့ သားတွေကို ပြောခဲ့တဲ့ မိခင်ဖြစ်သူ မသက်စုထွေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ