Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယဂုဏ်ဆောင် လေတပ်တပ်မှူးအဖြစ် သရုပ်ဆောင်မယ့် မင်းသား Ajay Devgn

$
0
0

နာမည်ကျော် ဘောလိဝုဒ်မင်းသား Ajay Devgn ဟာ “Bhuj The Pride Of India” ဆိုတဲ့ရုပ်ရှင်မှာ အိန္ဒိယလေတပ် တပ်မှူး Vijay Karnik အဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ Abhishek Dudhaiya က ကိုယ်တိုင် ရေးသားပြီး ရိုက်ကူးမယ့် အဲဒီ့ရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားပြီး စိတ်ဝင်စားဖို့အကောင်းဆုံး စစ်ပွဲဇာတ်လမ်းတပုဒ်ကို ပုံဖော်မှာဖြစ်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ အဆိုအရ “စစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် Vijay Karnik ဟာ ၁၉၇၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်း Bhuj လေဆိပ်ကို တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။ Karnik နဲ့ သူ့ရဲ့ အဖွဲ့ဟာ ဒေသခံ အမျိုးသမီး တွေရဲ့ အကူအညီနဲ့ ဂူဂျာရတ်ပြည်နယ်၊ Bhuj မြို့မှာရှိတဲ့ ပျက်စီးနေခဲ့တဲ့ အိန္ဒိလေတပ် လေယာဉ်ကွင်းကို ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်” လို့သိရပါတယ်။ အဲဒီအဖြစ်အပျက်ကို တော့ အိန္ဒိယရဲ့ ပုလဲဆိပ်ကမ်း အဖြစ်အပျက်လို့ ဆိုကြပါတယ်။

အဲဒီ လေယာဉ်ကွင်းကို ပါကစ္စတန်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြာပုံအတိ ဖြစ်ခဲ့ရပါတယ်။ တပ်မှူး Karnik ဟာ အိန္ဒိယတပ်မတော်စစ်သားတွေ လေယာဉ်နဲ့ ဆင်းသက်နိုင်ဖို့ အဲဒီ့လေယာဉ်ကွင်းကို ပြန်လည်တည်ဆောက် တဲ့နေရာမှာ အနီးနားမှရှိတဲ့ ကျေးရွာတခုမှ အကြောက်ရွံ့မရှိတဲ့ အမျိုးသမီး ၃၀၀ ကို စုရုံးခဲ့ပါတယ်။

တခြားအရာရှိနှစ်ဦး၊ လေတပ်စစ်သား ၅၀ ၊ ကာကွယ်ရေးအရာရှိ ၆၀ တို့နဲ့အတူ သူဟာ ပါကစ္စတန်တို့ရဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုရှိနေတဲ့ကြားထဲကနေ စစ်ဆင်ရေး လေတပ်အခြေစိုက် စခန်းတခုကို ထိန်းထား နိုင်ခဲ့ပါတယ်။

အဲဒီ့ရုပ်ရှင်နဲ့ပတ်သက်လို့တော့ ထုတ်လုပ်သူ Bhushan Kumar က “သတ္တိရဲစွမ်းထက်တဲ့ ဇာတ်လမ်း အကြောင်းအရာကို ပြောပြဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟာ ၁၉၇၁ ခုနှစ်စစ်ပွဲမှာ အိန္ဒိယအနိုင်ရရှိခဲ့တဲ့နေရာမှာ ထူးခြားပြောင်မြောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သတ္တိရှိတဲ့ စစ်သား စစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် Vijay Karnik ရဲ့အကြောင်း လက်ရှိနဲ့ နောက်လာနောက်သား မျိုးဆက်တွေကို သိစေချင်တာပါ။ သူဟာ စစ်ပွဲတခုမှာ အရပ်သားတွေအတွက် နေရာတခုကို ထိန်းထားပေးခဲ့တဲ့ သူရဲကောင်း တယောက်ပါ”

“Vijay Karnik ဇာတ်ရုပ်အတွက် Ajay Devgn ကလွဲရင် ဘယ်သူက ပိုကောင်းနိုင်နိုင်ဦးမလဲ။ လက်ရှိမှာတော့ ကျနော်တို့ဟာ သူနဲ့အတူ De De Pyaar De and Taanaji ကို ဖန်တီးနေပါတယ်။ ဒီရုပ်ရှင်မှာ သူပါဝင်လာရတာ ကျနော်တို့ဝမ်းမြောက်မိပါတယ်” လို့ဆိုပါတယ်။ Ajay Devgn ဟာ လက်ရှိမှာ ဟာသ-စွန့်စားခန်းရုပ်ရှင် Total Dhamaal နဲ့ အောင်ပွဲခံနေပါတယ်။

Ref : indiaexpress

The post အိန္ဒိယဂုဏ်ဆောင် လေတပ်တပ်မှူးအဖြစ် သရုပ်ဆောင်မယ့် မင်းသား Ajay Devgn appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ