Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မုန်းစွဲ” ရုပ်ရှင်အပေါ် မအေးသောင်းရဲ့ အကယ်ဒမီ ရင်ခုန်စကားသံ

$
0
0

ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေကြား ရေပန်းစားပြီး အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ “မုန်းစွဲ”ရုပ်ရှင်နဲ့ အကယ်ဒမီ တစ်ပြေးတဲ့ စာရင်းထဲမှာ မအေးသောင်းကိုလည်း အကယ်ဒမီ ဆုတဆု ရနိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းပေးနေကြပါတယ်။

မအေးသောင်းခေါ် အေးဝတ်ရည်သောင်းကတော့ အကယ်ဒမီကို မမှန်းရဲဘူးလို့ ဆိုပါတယ်။ “အကယ်ဒမီမှာ ကိုယ့်ထက် စီနီယာတွေကိုလည်း အားပေးချင်တယ်။ ပေါက်စီကို ၁ ကားနဲ့တင် မှန်းပေးကြတယ်။ ပေါက်စီကတော့ မမှန်းရဲပါဘူး။ အကယ်ဒမီ မှန်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုပေးတဲ့ အကယ်ဒမီနဲ့တင် တော်တော်လေးကို ပျော်ဖို့ကောင်းနေပါပြီ။ ရတယ်ဆိုရင်တော့ ပျော်တာပေါ့”

“ပထမဦးဆုံးကားလေးလည်း ဖြစ်တယ်။ ရသွားရင် အတိုင်းထက်အလွန်ပေါ့နော်။ အကယ်ဒမီ ဖက်ရှင်ကတော့ ကိုမင်းသက်စံ စီစဉ်နေတာဆိုတော့ ပေါက်စီ Fitting တွေ မလုပ်ရသေးဘူး။ ၂၀ ရက်နေ့မှ ရောက်မှာဆိုတော့ အဲ့ကျမှ ဝတ်ကြည့်ရမှာ။ မုန်းစွဲဇာတ်ကားမှာ ဖွေးဖွေးက မုန်းစွဲကျွတ်ပါပြီ ဘုရားလို့ ပြေးလိုက်တဲ့ အခန်း အရမ်းကြိုက်တယ်။ အကယ်ဒမီ အကုန်လုံးကို ရစေချင်တယ်”လို့ မအေးသောင်းက ပြောပါတယ်။

မုန်းစွဲကားက အကယ်ဒမီရော Star Awards မှာ ရော ပါနေတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။ “အကယ်ဒမီဆိုတာဟာ အနုပညာရှင်တိုင်းရဲ့ လိုချင်တဲ့ ဆုတခုပေါ့။ မှတ်တိုင်လည်းဖြစ်တယ်။ အသိအမှတ် ပြုခံရတာလည်းဖြစ်တာဆိုတာ့ အနုပညာရှင်တိုင်းက လိုချင်တာပေါ့။ အဲ့အတွက် ဆုလေးတခုပေါ့။ မုန်းစွဲကားက အကယ်ဒမီရော Star Awards မှာရော ပါတော့ ဆုပေးပွဲတွေမှာ ဒီကားလေး ပါနေတော့ ဝမ်းသာတာပေါ့။ ပီတိဖြစ်တယ်”

“ဒီနှစ်အကယ်ဒမီက အရမ်းရင်ခုန်ဖို့ကောင်းတယ်။ ဒီနှစ် ကားကောင်းတွေလည်း အရမ်းများတယ်။ ပြိုင်ဘက်များလေ ကောင်းတာတွေ ပိုပြီးထွက်လာလေပေါ့။ ပြိုင်ဘက်ကောင်းတွေ ဖြစ်တဲ့အတွက် နောက်နှစ်ဆို ဒီထက်ကောင်းတဲ့ ပြိုင်ခြင်းတွေ ပိုပြီး မျှော်လင့်ပါတယ်။ ပိုပြီးတော့လည်း ကောင်းလာမှာပါ”လို့ မအေးသောင်းက ဆိုပါတယ်။

အေးဝတ်ရည်သောင်းကတေ့ာ အနုပညာရှင်အဖြစ် ရပ်တည်လာတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း လက်ရှိချိန်ထိကို သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကတော့ ပျောက်မသွားဘဲ ပရိသတ် ချစ်ခင် အားပေးမှုကို ရရှိနေတဲ့ မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

The post “မုန်းစွဲ” ရုပ်ရှင်အပေါ် မအေးသောင်းရဲ့ အကယ်ဒမီ ရင်ခုန်စကားသံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ