Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၅.၅ သန်းနဲ့ ပွဲဦးထွက်လာခဲ့တဲ့ “How to Train Your Dragon 3”

$
0
0

၂၀၁၈ ခုနှစ်မှာ ရုံဝင်ငွေ စံချိန်တင်ခဲ့တာကို လိုက်မီစေဖို့ မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ရုန်းကန်နေရတဲ့ ရုပ်ရှင်တွေ ရှိနေပေမယ့် Universal နဲ့ DreamWorks တို့ကနေ ထုတ်လုပ်တဲ့ “How to Train Your Dragon: The Hidden World” ရုပ်ရှင်ကြောင့် အသက်ရှုနည်းနည်း ချောင်သွားတဲ့ပုံမှာရှိပါတယ်။

၃ ကားဆက်တိုက် ထွက်လာခဲ့တဲ့ အဲဒီ ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးဇာတ်လမ်းဟာ မြောက်အမေရိက ဒေသမှာရှိတဲ့ ရုံပေါင်း ၄ ထောင်ကျော်ကနေ ဝင်ငွေ ၅၅ ဒဿမ ၅ သန်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။ဒါ့အပြင် အခုကာလမှာ ရုံတင်ခဲ့တဲ့ ရုပ်ရှင်တွေမှာလည်း ဝင်ငွေအကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ Fandango လက်မှတ် အရောင်းဌာနရဲ့ အဆိုအရ တတိယမြောက် အဲဒီ့ရုပ်ရှင်ဟာ မြောက်အမေရိကဒေသအတွင်းမှာ ဝင်ငွေ ဒေါ်လာ ၅၈ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်အမေရိက ဒေသမှာသာမက အဲဒီ အန်နီမေးရှင်းရုပ်ရှင်ဟာ နိုင်ငံတကာ ရုံဝင်ငွေစာရင်းမှာလည်း တော်တော်လေး ဝင်ငွေကောင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ တချို့ဒေသတွေမှာ ပြသခဲ့ပြီး အခုအချိန်အထိတော့ ဒေါ်လာ ၂၇၅ သန်း ဝင်ငွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ မတ်လ ၁ ရက်နေ့ကစလို့ ရုံတင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲရ ချန်ပီယံတွေထဲမှာ ဒုတိယနေရာမှာရှိနေတာက Fox ရဲ့ “Alita: Battle Angel” ရုပ်ရှင် ဖြစ်ပါတယ်။ ဒေါ်လာ ၁၂ သန်းဝင်ငွေရခဲ့ပြီး စုစုပေါင်း ဒေါ်လာ သန်း ၆၀ ဝင်ငွေရရှိခဲ့ပြီး ဖြစ်ပါတယ်။ တတိယနေရာမှာရှိနေတာက “The Lego Movie 2: The Second Part” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၁၀ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ စုစုပေါင်း ဒေါ်လာ ၈၃ သန်း ဝင်ငွေရပြီးပါပြီ။

မင်းသား Dwayne Johnson ရဲ့ “Fighting With My Family” ရုပ်ရှင်ကတော့ ရုံဝင်ငွေ နံပါတ် ၄ နေရာမှာရှိပြီး ဒေါ်လာ ၈ သန်းရရှိခဲ့ပါတယ်။ “Isn’t It Romantic”ရုပ်ရှင်ကတော့ ထိပ်ဆုံးနံပါတ် ၅ နေရာမှာ ရှိနေပါတယ်။ ဒေါ်လာ ၇ ဒဿမ ၅ သန်းရရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၃၃ ဒဿမ ၇ သန်းရရှိထားပြီးဖြစ်ပါတယ်။

Ref : Reuters

The post ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၅.၅ သန်းနဲ့ ပွဲဦးထွက်လာခဲ့တဲ့ “How to Train Your Dragon 3” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ