ကမ္ဘာတဝှမ်းက လူတော်တော်များများဟာ သူတို့ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ ရုပ်ချင်း တထပ်တည်းနီးပါး ဆင်တူအောင် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ကြသလို မိတ်ကပ်ပြင်ဆင်မှုတွေလည်း ပြုလုပ်လေ့ ရှိကြပါတယ်။
အခုဖော်ပြပေးမယ့်သူတွေကတော့ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ ရုပ်ရည် တထပ်တည်းနီးပါး ဆင်တူသူ တွေပဲဖြစ်ကြပြီး ဒီလိုတူညီအောင်လို့ ဘယ်လိုပြုပြင်မှုမျိုးကိုမှ မပြုလုပ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
(၁) Miley Cyrus- Mardee Shackleford
ကယ်လီဖိုးနီးယားပြည်နယ်က စားသောက်ဆိုင်တဆိုင်မှာ စားပွဲထိုးတဦးအဖြစ် လုပ်ကိုင်နေတဲ့ Mardee ဟာဆိုရင် အဆိုတော် Miley Cyrus နဲ့ ရုပ်ရည် တထပ်တည်းနီးပါး ဆင်တူတာကြောင့် Mardee လုပ်ကိုင်နေတဲ့ စားသောက်ဆိုင်မှာ သွားရောက်စားသောက်ခဲ့တဲ့ Miley Cyrus ရဲ့ဖခင်ဖြစ်သူ Billy Cyrus ကပါ အံအားသင့်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ သမီးဖြစ်သူနဲ့ ရုပ်ရည် ချွတ်စွတ်နီးပါး ဆင်တူတာကြောင့် Billy တယောက် Mardee နဲ့တွဲကာ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။
(၂) Rihanna-Andele Lara
ဘော့စတွန်မှာနေထိုင်တဲ့ Andele Lara ဟာဆိုရင်တော့ အဆိုတော် Rihanna နဲ့ ရုပ်ရည်ချင်း ဆင်တူလွန်း တာကြောင့် လူအများရဲ့စိတ်ဝင်စားမှုကို ရရှိနေသူတဦးပဲဖြစ်ပြီး ဒီလိုရုပ်ရည်ချင်း တထပ်တည်း ဆင်တူဖို့အတွက် ဘယ်လို ခွဲစိတ်ပြုပြင်မှုမျိုးကိုမှ မပြုလုပ်ခဲ့တဲ့အပြင် သူမဟာ Photo Model တဦးအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
(၃) Selena Gomez-Sofia Solares
နာမည်ကြီးအဆိုတော် သရုပ်ဆောင် တဦးဖြစ်တဲ့ Selena Gomez နဲ့ ရုပ်ရည်ချင်း ဆင်တူလွန်းတာကြောင့် Social Media တွေမှာ ရေပန်းစားနေသူ တဦးကတော့ Sofia Solares ဆိုသူပဲဖြစ်ပြီး သူမရဲ့ Instagtam အကောင့်မှာ Follower ပေါင်း ၈၀၀၀၀၀ ခန့်နဲ့ လူအများရဲ့ စိတ်ဝင်စားမှု မြင့်တက်ခံနေရသူလည်း ဖြစ်ပါတယ်။
(၄) Adele- Ellinor Hellborg
ဆွီဒင်နိုင်ငံသူတဦးဖြစ်တဲ့ Ellinor Hellborg ဟာဆိုရင်တော့ သူမရဲ့ တချို့သော ဓာတ်ပုံတွေဟာ ကမ္ဘာကျော် အဆိုတော် Adele နဲ့ ခွဲခြားရခက်လောက်အောင် တူညီလွန်းတာကြောင့် လူမှုကွန်ရက်ပေါ်မှာ ရေပန်းစား နေသူတဦးလည်း ဖြစ်ပါတယ်။ Adele နဲ့တူအောင်လို့ ဘယ်လို မိတ်ကပ်ပြင်ဆင်မှုမျိုးကိုမှာ လိုက်လံမတုပခဲ့သလို တခြားသူတယောက်နဲ့ ရုပ်ချင်းဆင်တူတာကို ဂုဏ်ယူစရာတခုလို့လည်း မမြင်မိပါဘူးလို့ Ellinor က ဆိုပါတယ်။
Ref : brightside.me
The post ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ ရုပ်ချင်း တထပ်တည်းနီးပါး ဆင်တူကြသူများ appeared first on ဧရာဝတီ.