Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သြဂုတ်လမှာ ထပ်မံထွက်ရှိလာတော့မယ့် “The Angry Birds Movie 2”

$
0
0

Angry Bird Game ရဲ့ ဇာတ်ကောင်တွေနဲ့ အခြေခံပြီးရိုက်ကူးထားတဲ့ “The Angry Birds Movie” ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နောက်ဆက်တွဲရုပ်ရှင်အနေနဲ့ လာမယ့် သြဂုတ်လမှာဆိုရင်တော့ “The Angry Birds Movie 2” ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Columbia Pictures , Rovio Animation နဲ့ Sony Pictures စတဲ့ Animation ကုမ္ပဏီတွေကနေ ပူးတွဲ ထုတ်လုပ်မှာဖြစ်ပြီး Sony ကနေ တကမ္ဘာလုံးအတိုင်းအတာနဲ့ တရားဝင် ဖြန့်ချိသွားမှာလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Angry Birds Movie ကို ဒါရိုက်တာ Thurop Van Orman က ရိုက်ကူးခဲ့တာဖြစ်ပြီး ထပ်မံထွက်ရှိလာမယ့် Angry Birds Movie 2 ကိုလည်း ၎င်းကပဲ ဆက်လက် ရိုက်ကူးထားတာဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအဖြစ် “Game of Throne” ရဲ့ နာမည်ကျော် သရုပ်ဆောင်တဦးဖြစ်တဲ့ Peter Dinklage နဲ့ နာမည်ကျော် အဆိုတော်တဦးဖြစ်တဲ့ Nicki Minaj တို့က ပါဝင် သရုပ်ဆောင်ထားကြတာလည်း ဖြစ်ပါတယ်။

“Angry Birds Movie 2” မှာတော့ ဇာတ်ကောင်အသစ်အနေနဲ့ Zeta ဆိုတဲ့ ခရမ်းရောင်ငှက်တကောင် ပါဝင်လာခဲ့တဲ့ Official Trailer ဟာလည်း ထွက်ရှိထားတာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ ရိုက်ကူးခဲ့တဲ့ Angry Birds Movie မှာတော့ ဂိမ်းထဲမှာ ရင်းနှီးခဲ့ဖူးပြီးသားအတိုင်း ငှက်ဥတွေကို ခိုးယူသွားခဲ့တဲ့ ဝက်တွေနဲ့ ငှက်တွေ တိုက်ပွဲရင်ဆိုင်ခဲ့ကြတာပဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ ငှက်တွေဘက်က အနိုင်ရရှိခဲ့တာနဲ့ ပထမရုပ်ရှင်ကို ဒါရိုက်တာက အဆုံးသတ်ထားတာလည်း ဖြစ်ပါတယ်။

တိုင်းပြည်ကို ဖျက်ဆီးခံခဲ့ရတဲ့ ဝက်တိုင်းပြည်ရဲ့ ဘုရင် Mudbeard က အခုထွက်ရှိလာမယ့် “Angry Birds Movie 2” မှာ ဘယ်လို ပြန်လည် လက်စားချေမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် ပိုလာကျွန်းမှာ နေထိုင်တဲ့ ခရမ်းရောင် Zeta တကောင်ကလည်း ဝက်တွေနဲ့ ငှက်တွေကြား ဘယ်လို ခလောက်ဆန်မလဲဆိုတာကိုပါ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့၊ နိုင်ငံတကာမှာ စတင်ပြသမှာဖြစ်ပြီး ပထမရုပ်ရှင် စတင်ပြသခဲ့တဲ့ အချိန်နဲ့ ၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်ကွက်တွေကို ဘယ်လို တည်ဆောက်ထားမလဲ ဆိုတာကိုပါ စောင့်မျှော်ကြရမှာပါ။ Angry Birds Game ကို စတင်တည်ထောင်ခဲ့ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အခုရုပ်ရှင်ကို ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

Ref: agnrybirds.fandom.com

The post သြဂုတ်လမှာ ထပ်မံထွက်ရှိလာတော့မယ့် “The Angry Birds Movie 2” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ