Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိန်းမလျာဇာတ်ရုပ် ရိုက်ကူးဖြစ်တဲ့အကြောင်းပြောတဲ့ သရုပ်ဆောင်အရိုင်း

$
0
0

သရုပ်ဆောင်လူရွှင်တော်အရိုင်းဟာ “ဝက်ဝက်ကွဲအောင်ပွင့်”ဇာတ်ကားမှာ မိန်းမလျာတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဟာသကားတွေကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ရိုက်ကူးထားတာလို့ ဧရာဝတီကိုပြောပါတယ်။

“ ဝက်ဝက်ကွဲအောင်ပွင့် ဇာတ်ကားမှာတော့ ကိုရန်လေးတို့နဲ့ မိန်းမလျာကာရိုက်တာကို သရုပ်ဆောင်ထားပါတယ်။ အပြင်မှာနေရင်ယောကျာ်းလိုနေတာလေ။ ဒီကားကြီးကပျော်စရာတော့ကောင်းသား အကုန်လုံးရယ်ရယ်မောမောနဲ့ သရုပ်ဆောင်ရတာ။ ရိုက်ကွင်းမှာကိုက ဝက်ဝက်ကွဲနေတာ။ အကုန်လုံးက မိန်းမလျာလိုဝတ်ပြီး စနောက်နေကြတာ။ ဟာသကားတွေကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကျနော်တို့ကရိုက်ပေးကြတာ”

“ သူတို့တွေကလည်း ဟာသကားတွေ ကိုကြည့်ချင်ကြတာဆိုတော့ သူတို့ဘက်ကိုလည်း အလှည့်ပေးရတာပေါ့။ အခုနောက်ပိုင်းကားကောင်းတွေ ရှိသလို ၂နာရီစာလောက်ပရိသတ်တွေ အမောပြေအောင် ရိုက်ပြထားတာပါ။ ဒီကားက ထူးထူးခြားခြား Message ပေးစရာတော့ မရှိပါဘူး။ ထွန်းလွင်အောင်ဆိုရင်လည်း ကားမရိုက်တာကြာပြီ၊ ရိုက်တော့လည်း မိန်မးလျာပုံစံဝတ်ရိုက်ထားတာပေါ့”လို့ အရိုင်းကပြောပါတယ်။

ဒါ့အပြင် “ဝက်ဝက်ကွဲအောင်ပွင့်”ဇာတ်ကားဟာ မိန်းမလျာတွေကို နှိမ်ချချင်တဲ့ စိတ်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားတကားမဟုတ်ဘူးလို့လည်း အရိုင်းက ဆိုပါတယ်။

“အရင်တုန်းက မိန်းမလျာတွေရဲ့ ပုံစံလေးပေါ့။ အခုခေတ်မိန်းမလျာပေါက်စတွေက အရင်တုန်းက မိန်းမလျာပေါက်စ တွေကို မမှီလိုက်တော့ သူတို့ ဘယ်လိုတွေ နေကြထိုင်ကြတယ်ဆိုတာ သိပ်မသိတော့ဘူး။ ကျနော်က မိန်းမလျာတွေကို လည်းချစ်တော့ ဟိုးအရင်ကတည်းက သူတို့နဲ့ပြောဆိုခင်မင်နေတော့ အရင်တုန်းက ဝတ်တာတွေကိုလေ့လာတယ်။ အရင်တုန်းက သူတို့က အဲ့လိုတွေ ဝတ်တယ်။ သီချင်းတောင် အဲ့ခေတ်တုန်းကလို သီချင်းလေးထည့်ထားတယ်။ အဲ့လိုတွေဝတ်စားထာတာ သူတို့တွေမမှီလိုက်လိုက်လို့ပါ”

“ မိန်းမလျာတွေကိုနှိမ်ချင်တဲ့ စိတ်နဲ့ရိုက်ထားတာမဟုတ်ပါဘူး။ သူတို့တွေကိုကောင်းတဲ့ဘက်က နေတောင်ရိုက်ပေးထား တာတွေရှိပါတယ်။ သူတို့ကို နှိမ်ချပြီးရိုက်တယ်ဆိုတာ သူတို့ ဘယ်လိုထင်နေလဲတော့ ကျနော်မသိဘူး။ ဒီဇာတ်ကားရဲ့ရည်ရွယ်ချက်ကိုကလည်း နှိမ်ချင်တာမျိုးမဟုတ်ပါဘူး”လို့ အရိုင်းကပြောပါတယ်။

အရိုင်းပါဝင်သရုပ်ဆောင်ထားတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင် ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီ ၂၂မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး ထိုဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ရန်အောင်၊ ပြေတီဦး၊ ဥက္ကမင်းမောင်၊ ထွန်းလွင်အောင်၊ ဝတ်မှုံရွှေရည်နှင့် အနုပညရှင်များစွာပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

The post မိန်းမလျာဇာတ်ရုပ် ရိုက်ကူးဖြစ်တဲ့အကြောင်းပြောတဲ့ သရုပ်ဆောင်အရိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)