Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲကို အားတက်သရောပါဝင်ကူညီခဲ့ကြတဲ့ နေမင်းနဲ့ အေးမြတ်သူ

$
0
0

သရုပ်ဆောင် နေမင်းက အနုပညာမောင်နှမတွေ ဖြစ်ကြတဲ့ သရုပ်ဆောင် အေးမြတ်သူတို့ နှစ်ဦးက သရုပ်ဆောင်သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲမှာ ပါဝင်ကူညီပေးခဲ့ကြပါတယ်။

“ ကျနော်တို့ မောင်နှမနှစ်ယောက်က ကိုသူထူးစံရဲ့ မင်္ဂလာပွဲကို ကူညီပေးဖြစ်တယ်။ အရမ်းစိတ်မောလူမောပဲ။ အားမကျမိသေးဘူး။ သူတို့အကုန်အဆင်ပြေပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်လုပ်ပေးရတယ်။ ကျနော်တို့မင်္ဂလာ သတင်းကတော့ ဝေးပါသေးတယ်။ အေးမြတ်သူက စိတ်ထားကောင်းတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ အခုနောက်ပိုင်းတော့ သူအရင်လိုမဟုတ်တော့ဘူး။ လူကြီးပိုဆန်ပြီး နေထိုင်တတ်လာတော့ ဒီအချိန်မှာ သူ ဘယ်လိုယောကျ်ားယူယူ အဆင်ပြေမယ့် ပုံစံမျိုးမှာရှိတယ်”

“ သူ့ကို ခွင့်လွှတ်နိုင်မယ့်လူပေါ့။ အသက်ကြီးရင်တော့ ပိုကောင်းမယ်ထင်တယ်။ ဒါပေမယ့် သူ့ထက် အသက်ကြီးပြန်တော့လည်း အဆင်မပြေပြန်ဘူး။ ဘာလုပ်လုပ် အကောင်းမြင်တဲ့စိတ်နဲ့တွေးရင် အကောင်းဖြစ်တာပေါ့။ အဆိုးမြင်တဲ့ စိတ်နဲ့တွေးရင်တော့ အဆိုးဖြစ်မှာပဲ။ ကိုယ့်အပေါ်တွေးတဲ့သူက အကောင်းမြင်တဲ့စိတ် ရှိနေရင် ဖြစ်သမျှအကြောင်းတွေးဖို့က အကောင်းဖက်က သွားလို့ရတယ်လေ။ အဲဒီသဘောပါ’’ လို့ နေမင်းက ဆိုပါတယ်။

အေးမြတ်သူကလည်း အနုပညာမောင်နှမဖြစ်တဲ့ သရုပ်ဆောင်နေမင်းကို အိမ်ထောင်မှုနိုင်နင်းပြီး သူ့အပေါ်မိခင်တယောက်လိုချစ်နိုင်တဲ့ သူမျိုးနဲ့ ရစေချင်တယ်လို့ ဆိုပါတယ်။

“အစ်ကိုကို အိမ်ထောင်မပြုစေချင်ဘူး။ သူ့ အမေကသူ့ကို အရမ်းချစ်တယ်။ သူကလည်း သူ့အမေကို အရမ်းချစ်တယ်။ သားငယ်အဆုံးလူပျိုက သူပဲကျန်တော့တာ။ သူ့အမေကိုလည်း မြေးပေးစရာမလိုတော့ဘူး။ အဲ့တော့ သူ့အတွက်ဆိုရင် သူ့အမေကို သူ့ထက်ပိုချစ်နိုင်တဲ့ ချွေးမမျိုးရစေချင်တယ်။ အဲ့လို အိမ်ထောင်မျိုးပြုစေချင်တယ်။ အရမ်းထက်မြက် နေဖို့မလိုဘူး။ သူကလုပ်ရည်ကိုင်ရည်ရှိပြီးသားဆိုတော့ အရမ်းထက်မြက်စရာမလိုဘူး။ သူကအိမ်ထောင်မှုနိုင်နင်းပြီးတော့ သူ့အမေကို အမေလိုမျိုးချစ်နိုင်တဲ့ သူမျိုးနဲ့ရစေချင်တယ်”လို့ အေးမြတ်သူကဆိုပါတယ်။

The post သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲကို အားတက်သရောပါဝင်ကူညီခဲ့ကြတဲ့ နေမင်းနဲ့ အေးမြတ်သူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)