Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၁၂၈ ကာရက်ရှိတဲ့ ကမ္ဘာကျော် စိန်လည်ဆွဲနဲ့ အော်စကာဆုပေးပွဲ တက်ခဲ့တဲ့ Lady Gaga

$
0
0

ကမ္ဘာကျော် အဆိုတော်၊ ရုပ်ရှင်မင်းသမီး Lady Gaga ဟာ ပြီးခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မင်းသမီး Judy Garland ရဲ့ပုံစံအတိုင်း အတုယူ တက်ရောက်လာခဲ့ပြီး အခု အော်စကာဆုပေးပွဲမှာတော့ အခြားရုပ်ရှင်မင်းသမီး ဝတ်ခဲ့တဲ့ပုံစံအတိုင်း ပြန်လည် ဝတ်ဆင်လာခဲ့တာ တွေ့ရပါတယ်။

“A Star Is Born” ရုပ်ရှင်နဲ့ အော်စကာဆု ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ Gaga ဟာ ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာ Alexander McQueen ဖန်တီးထားပြီး ရုပ်ရှင်နဲ့ ဆက်နွယ်နေတဲ့ တက်တူးတွေကို အသားပေးဖော်ပြထားတဲ့ အနက်ရောင်ဂါဝန်နဲ့ ကော်ဇောနီ အစီအစဉ်ကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဝတ်ဆင်လာခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေထဲမှာ အထူးခြားဆုံးက Tiffany & Co လက်ဝတ်ရတနာ ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ ၁၂၈ ဒဿမ ၅၄ ကာရက်ရှိတဲ့ စိန်လည်ဆွဲဖြစ်ပြီး ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် သူနဲ့ လိုက်ဖက်ညီလှပနေခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ သမိုင်းမှာ မှတ်တမ်းတင်ဖို့ ကောင်းရလောက်အောင် အဖိုးတန်တဲ့အချိန်အခိုက်အတန့်ဖြစ်ပြီး အဲဒီလည်ဆွဲမှာပါဝင်တဲ့ Tiffany စိန်ဟာ တန်ဖိုးဖြတ်လို့မရအောင် တန်ဖိုးကြီးမားပါတယ်။

စိန်အကွပ်အပြောက် ၈၂ ခုပါရှိပြီး ကူရှင်ပုံစံ စိန်လည်ဆွဲကို “Breakfast At Tiffany’s” ပိုစတာအတွက် ၁၉၆၂ ခုနှစ်မှာ ဗြိတိသျှမင်းသမီး Audrey Hepburn က ဝတ်ဆင်ခဲ့ဖူးပါတယ်။

Tiffany & Co. မှ အနုပညာဆိုင်ရာအရာရှိ Reed Krakoff က “Lady Gaga ဟာ သူမတူတဲ့ဖန်တီးသူ၊ ဆန်းသစ်သူ၊ စည်းမျဉ်းတွေကို ချိုးဖောက်သူဖြစ်ပါတယ်။ သူဟာ ရှာဖွေတွေရှိထားတာ ၁၄၁ နှစ်ရှိနေပြီ ဖြစ်ပြီး ပထမဆုံးအကြိမ် ဆုပေးပွဲ ကော်ဇောနီလမ်းမထက်မှာ အဲဒီ့ ဂန္တဝင် Tiffany စိန်ကို ဝတ်ဆင်မှာ ဖြစ်တဲ့အတွက် သိပ်ကိုပဲ စိတ်လှုပ်ရှားရပါတယ်”လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါ Tiffany စိန်ကို ၁၉၇၇ ခုနှစ်က တောင်အာဖရိကမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တည်ထောင်သူ Charles Lewis Tiffany က နောက်နှစ်တွက် အဆိုပါ အကြမ်းထည်စိန်ကို ဝယ်ယူခဲ့ပြီး စိန်လည်ဆွဲလောကမှာ နေရာတခု ယူနိုင်စေခဲ့တဲ့အထိ အောင်မြင်မှုတွေကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။

Ref: etcanada

The post ၁၂၈ ကာရက်ရှိတဲ့ ကမ္ဘာကျော် စိန်လည်ဆွဲနဲ့ အော်စကာဆုပေးပွဲ တက်ခဲ့တဲ့ Lady Gaga appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ