Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာသက်တမ်းတလျှောက် ပထမဆုံး ဂရမ်မီဆုကို ရရှိခဲ့တဲ့ Ariana Grande

$
0
0

အဆိုတော် Ariana Grande ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ သူ့ရဲ့ ပထမဆုံး အောင်မြင်မှုတခုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Ariana ဟာ ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Sweetener” အယ်လ်ဘမ် နဲ့ Best Pop Vocal အယ်လ်ဘမ် ဆုကိုရရှိခဲ့ပါတယ်။ ဒါဟာသူ့အတွက်တော့ ဂရမ်မီဆန်ခါတင်စာရင်းမှာ ခြောက်ကြိမ်ပါဝင်ခဲ့ပြီး နောက် ပထမဆုံး ဆုရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်တုန်းက အဆိုတော် တွေဖြစ်တဲ့ Nicki Minaj၊ Jessie J တို့နဲ့အတူ တွဲဖက်သီဆိုထားတဲ့ “Bang Bang” သီချင်းနဲ့ အကောင်းဆုံး ပေါ့ပ်စုံတွဲ၊ အဖွဲ့လိုက်ဖျော်ဖြေမှုဆု ၊ “My Everything” အယ်လ်ဘမ် နဲ့ အကောင်းဆုံး Pop Vocal အယ်လ်ဘမ်ဆု၊ “Dangerous Woman” အယ်လ်ဘမ်နဲ့ တကိုယ်တော် ပေါ့ပ်ဖျော်ဖြေမှုဆု၊ အကောင်းဆုံး Pop Vocal အယ်လ်ဘမ်ဆုတို့နဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ဒီနှစ်မှာ “God Is a Woman” သီချင်းနဲ့ အကောင်းဆုံးပေါ့ပ်တကိုယ်တော် ဖျော်ဖြေမှုဆုအတွက် လျာထားခံခဲ့ရ ပေမယ့် Lady Gaga ရဲ့”Joanne (Where Do You Think You’re Goin’?)” သီချင်းက ဆုရရှိသွားခဲ့ပါတယ်။

Ariana ဟာ အခုနှစ်ရဲ့ Pop ဆုအမျိုးအသားမှာနှစ်ခု လျာထားခံရပေမယ့် တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုအပါအဝင် Big Four လို့ခေါ်တဲ့ ဆုကြီးလေးခုထဲမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

သူနောက်ဆုံး ဖြန့်ချိထားတဲ့ “Thank U, Next” အယ်လ်ဘမ်ဟာ လည်း နောက်နှစ်ဆုပေးပွဲအတွက် လျာထားပုံလည်း ရပါတယ်။ ဂရမ်မီဆုပေးပွဲမတိုင်မီမှာ သူဟာ ဆုပေးပွဲထုတ်လုပ်သူနဲ့ ပြဿနာဖြစ်ခဲ့ပြီး အခုနှစ်ကျင်းပတဲ့ပွဲမှာ ဖျော်ဖြေမှုမလုပ်တဲ့အပြင် ပွဲကိုလည်း မတက်ရောက်ခဲ့ပါဘူး။

ထုတ်လုပ်သူတွေရဲ့ တောင်းဆိုချက်နဲ့ သူပြုလုပ်ချက်နဲ့ ဖန်တီးမှုအံမကိုက်တာကြောင့်နဲ့ ထုတ်လုပ်သူတွေဖက်က အနုပညာဖန်တီးမှုကို ဖိနှိပ်တယ်လို့ ပြောပြီးတော့ အခုလိုမျိုး ဆုပေးပွဲ တက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

Ref: billboard

The post အနုပညာသက်တမ်းတလျှောက် ပထမဆုံး ဂရမ်မီဆုကို ရရှိခဲ့တဲ့ Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ