Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Myanmar Idol Season အသစ်မှာ ဒိုင်လုပ်ဖို့ မသေချာသေးဘူးလို့ ပြောတဲ့ တင်ဇာမော်

$
0
0

တနှစ်မှာ Season တခုပြုလုပ်ကျင်းပနေလျက်ရှိတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Season 4 ဟာ မကြာခင်မှာ ပြုလုပ်ဖို့ရှိပြီး ယခင်နှစ်ပွဲတွေမှာ ဒိုင်တဦးအနေနဲ့ပါဝင်တဲ့ အဆိုတော်တင်ဇာမော်ကတော့ ယခုနှစ်မှာ ဒိုင်လုပ်ဖို့အတွက် မသေချာသေးဘူးလို့ ဆိုပါတယ်။

“Myanmar Idol နဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိသေးပါဘူး။ ကြော်ငြာတွေတော့တွေ့နေတယ်။ ဘာမှတော့ မသိသေးပါဘူး။ ပွဲလုပ်တော့မယ်ဆိုရင်တော့ ဒိုင်တွေဘယ်သူလဲဆိုတာ သိရမှာပေါ့နော်။ အစ်မကတော့ ပါမယ်လို့ လည်း ပြောလို့မရဘူး။ မပါဘူးလို့လည်းပြောလို့မရဘူး။ အခြေအနေတခုက အမျိုးမျိုးပြောင်းလဲသွားနိုင်တယ်” လို့ အဆိုတော် တင်ဇာမော်က ပြောပါတယ်။

အဆိုတော် တင်ဇာမော်ကတော့ Myanmar Idol ရဲ့ Season 2 မှ စတင်ကာပါဝင်လာခဲ့ပြီး Seasom 2 ၊ 3 ၂နှစ်ဆက်တိုက် ကောင်းမွန်တဲ့မှတ်ချက်များကို ပေးနိုင်တဲ့ ဒိုင်တဦးအဖြစ်လည်း အသိအမှတ်ပြုထားကြပါတယ်။

တင်ဇာမော်ကတော့ မိသားစုနဲ့အတူ လန်ဒန်မှာနေထိုင်ကာ မြန်မာနိုင်ငံမှာ အနုပညာလှုပ်ရှားမှု ၊ သူမရဲ့ သီချင်းအသစ်များကို ဖန်တီးပြီး မကြာခင်မှာလည်း ၈ခွေမြောက်တကိုယ်တော်အခွေထွက်ဖို့အတွက် စီစဉ်နေပါတယ်။

အနုပညာ ညီအစ်မတွေဖြစ်တဲ့ အဆိုတော် မီမီဝင်းဖေ ၊ ကော်နီ ၊ ချောစုခင် ၊ ဆုန်သင်းပါရ်တို့နဲ့အတူ Show ပွဲ တခုပြုလုပ်ဖို့အတွက်လည်း တိုင်ပင်ထားပြီး ကိုယ်စီအလုပ်တွေရှုပ်နေတာကြောင့် မလုပ်ဖြစ်သေးတဲ့ အကြောင်း ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“Show လုပ်ဖို့အတွက်က ပြောထားတာတော့ ကြာပါပြီ။ အကုန်လုံးက စိတ်ပဲရှိကြတာလေ။ နင်လားငါလား လုပ်ဖို့ကျတော့ အားလုံးက အလုပ်ကိုယ်စီနဲ့ ဆုန်သင်းဆိုလည်း မနှစ်က ကလေးမွေးရတယ်။ ချောစုဆိုလည်း သူ့ပွဲကိစ္စနဲ့ လုံးပမ်းခဲ့တယ်။ မမီဆိုလည်း အမေရိကားပြန်လိုက် ဒီပြန်လာလိုက်၊ အမဆိုလည်း လန်ဒန်သွားလိုက် ၊ ပြန်လာလိုက်နဲ့ဆိုတော့ ဒီ၅ယောက်ဆုံပြီး ပွဲလုပ်ဖို့အတွက်က ခိုင်မာတဲ့ဆုံးဖြတ်ချက်ချနိုင်မှ ဖြစ်မှာ။ အစ်မတို့ ၅ယောက်ကို ဦးဆောင်မယ့်သူမရှိလို့ ကိုယ်ကိုယ်တိုင်ဦးဆောင်ရမှာလေ။ အခုထိ ဦးဆောင်မယ့်သူမရှိသေးတာ” လို့ တင်ဇာမော်က ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး Myanmar Beer နဲ့ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် ၃လမှာ တလလျှင်တပွဲ ဖျော်ဖြေသွားမှာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ 7 အခွေရဲ့ Music Video များရိုက်ကူးသွား မယ်လို့ သိရပါတယ်။

တင်ဇာမော်ကတော့ One Lady Show အတွက်ကိုလည်း ၈ခွေမြောက်အခွေထွက်ရှိပြီးမှသာ ဖျော်ဖြေသီဆိုဖို့အတွက် အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

“အစ်မရဲ့ ၈ခွေမြောက်အခွေထွက်ပြီးတော့မှ One Lady Show ဆိုချင်တဲ့စိတ် အစ်မမှာရှိတယ်။ ၈ခွေမြောက်က ဘယ်တော့မှ ထွက်မယ်ဆိုတာက မသေချာသေးဘူး။ အားပေးနေတဲ့ပရိသတ်ရှိနေလို့လည်း အခုလိုမျိုး သီချင်းတွေ ဆက်ဆိုနိုင်တာ။ သီချင်းအသစ်တွေဆက်လုပ်ဖို့ အင်အားရှိတာ။ အဲဒီအတွက် ပရိသတ်ကြီးရဲ့ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။ အမြဲတမ်းအကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်။ အမြဲကတိပေးပါတယ်” လို့တင်ဇာမော်က ပြောပါတယ်။

The post Myanmar Idol Season အသစ်မှာ ဒိုင်လုပ်ဖို့ မသေချာသေးဘူးလို့ ပြောတဲ့ တင်ဇာမော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ