Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဂျင်းကောင်” ရုပ်ရှင်မှာ ဇာတ်ဝင်တေး ရေးပေးထားတဲ့ အဆိုတော် သားစိုး

$
0
0

သီချင်းမြူးမြူးလေးတွေနဲ့ ပရိသတ်အကြိုက်တွေ့အောင်ရေးသားသီဆိုတတ်တဲ့ အဆိုတော်သာစိုးက “ဂျင်းကောင်” ဇာတ်ကားမှာ ဇာတ်ဝင်တေးကို ရေးသားပေးထားပြီး ပရိသတ်တွေ ကြိုက်မယ်ထင်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ဂျင်းကောင် ပရိသတ်ပါ။ သူ့ပရိသတ်ပေါ့။ ဒီကားမှာ ဇာတ်ဝင်တေး စအပ်ကတည်းက အရမ်းပျော်တယ်။ ကိုပေါက်က ဒီကားအတွက် သီချင်းအပ်တာနဲ့ သေချာလေးစဉ်းစားပြီး အချိန်ယူပြီး ရေးဖြစ်ပါတယ်။ အသေချာလေးလုပ်တာဖြစ်တဲ့ အတွက် ပရိသတ်တွေ ကြိုက်မယ်လို့ထင်ပါတယ်။ သီချင်းကိုရေးဖို့ ရုပ်ရှင် အစအဆုံးကြည့်ပြီးမှ ရေးပေးဖြစ်တာပါ။ ပထမကားရော ဒုတိယကားရော ကြည့်ပြီးမှ ရေးဖြစ်တာပါ”

“ မြင့်မြတ်ကလည်း သရုပ်ဆောင်ကောင်းပါတယ်။ သူတော်ပါတယ်။ သီချင်းလေးကိုလည်း ပရိသတ်တွေ ကြိုက်ကြတာ တွေ့ရတော့ အရမ်းဝမ်းသာပါတယ်။ လတ်တလောတော့ သီချင်းသစ်လေးတွေလုပ်တော့ လုပ်ထားတယ်။ သြင်္ကန်မတိုင်ခင်တော့ ထွက်ဖို့ကြိုးစားနေတယ်။ သားလေးရဲ့ သီချင်းခွေလည်း ထွက်ဖို့လုပ်နေပါတယ်” လို့ သားစိုးက ဆိုပါတယ်။

ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေ ရေးဖြစ်တာနဲ့ ပတ်သက်ပြီးလည်း သားစိုးက အခုလိုဆိုပါတယ်။

“ကျနော်သီချင်းရေးရင် ရေးမယ့် သီချင်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို သေချာယူပြီး ကိုယ့်ရဲ့စိတ်ကို Active ဖြစ်အောင်လုပ်တယ်။ ကျနော်က Active ဖြစ်တာကိုကြိုက်တော့ သီချင်းတွေ မြူးမြူးကြွကြွတွေပဲ လုပ်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

သားစိုးရဲ့သားဖြစ်သူ ထက်အာကာစိုး (ခေါ်) ပန်းသီးက ၂၀၁၈ ဇူလိုင်လ က ၆ နှစ် ပြည့်ခဲ့တာဖြစ်ပါတယ်။ သီချင်းဆိုတာဝါသနာပါပြီး သီချင်းတွေလည်း ကိုယ်တိုင်ရေးသားနေပြီလို့ သိရပါတယ်။

“သီချင်းတွေကို သားကသူ့ဘာသာရေးတယ်။ သားသားရေးထားတာတဲ့ “ဒယ်ဒီပွစိ”တဲ့ သူ့ကို ပွစိပွစိလုပ်လို့တဲ့။ သားလေးသီချင်းကို အွန်လိုင်းကနေတင်သွားပေးမှာပါ”လို့ သားစိုးကပြောပါတယ်။

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုးဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ “ရောသမနှပ်” လက်ဖက်လုပ်ငန်းကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိထားပါတယ်။ ဒါ့အပြင် မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

The post “ဂျင်းကောင်” ရုပ်ရှင်မှာ ဇာတ်ဝင်တေး ရေးပေးထားတဲ့ အဆိုတော် သားစိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ