Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တချို့ကားတွေကို လူမှုရေးအရ ရိုက်ပေးရတာတွေရှိတယ်”

$
0
0

သရုပ်ဆောင် စိုးမြတ်သူဇာက တချို့ မြန်မာဟာသကားများကို ပေါကားလို့ ပြောနေကြပေမယ့် အဲ့လို ကားကို ကြိုက်တဲ့ ပရိသတ် သီးသန့်ရှိတာကြောင့် ရိုက်ကူးနေရတာကို နားလည်ပေးစေလိုတယ်လို့ ပြောပါတယ်။

“ဇာတ်ကားတွေကို ကြည့်ကြည့်ပါ။ အနုပညာပိုင်းမှာ အားလျော့တယ်ထင်ပေမယ့် ခေတ်ကာလက မတူကြဘူး။ ခေတ်တွေက ပြောင်းလာတယ်။ မကြီးတို့ခေတ်တွေ ပြောင်းလာသလို လူတွေရဲ့ အကြိုက်ကလည်း မတူတော့ဘူး။ လူတွေကပေါကားလို့ ပြောကြတယ်။ မကြီးက အဲ့လိုမတွေးဘူး။ အဲ့လိုကားကို ကြိုက်တဲ့ ပရိသတ်က သီးသန့်ရှိတယ်။ အနုပညာသမား တွေကလည်း အဲ့တာလေးကိုသိတယ်။ သိလို့ရိုက်ပေးနေတာ”

“တယောက်နဲ့ တယောက်အကြိုက်ခြင်းကတော့ ဘယ်တူပါ့မလဲ။ မကြိုက်ရင်တော့ မကြည့်ကြနဲ့ပေါ့။ တချို့ကားတွေ မကြီး ကားတွေ ပေါတောတောပါ ကောင်းပါမယ်။ နားလည်ပေးစေချင်တယ်။ တချို့ကားတွေက လူမှုရေးအရ ရိုက်ပေးရတာ တွေရှိတယ်။ တခါတလေသိ တယ် မရိုက်ချင်ဘူး။ ဒါပေမယ့် အကြောင်းကြောင်းတွေက အများကြီးရှိတယ်။ မကြီးတို့ အနုပညာအသိုင်းအဝိုင်းက နည်းနည်းလေး တယောက်နဲ့ တယောက် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီမှ ရေရှည် သွားနိုင်မှာလေ။ ဒါတွေကို ပရိသတ်တွေကို နားလည်ပေးဖို့ ပြောချင်တယ်။ ခဏခဏပြောရတော့လည်း အားနာတယ်”လို့ စိုးမြတ်သူဇာ ကပြောပါတယ်။

သရုပ်ဆောင် စိုးမြတ်သူဇာက ရုံတင်ကားတွေ များလာတာကောင်းသလို ရွေးချယ်စရာတွေလည်း များလာတယ်လို့လည်း ဆိုပါတယ်။

“ရုံတင်ကားတွေ များလာတာကောင်းပါတယ်။ ရွေးချယ်စရာတွေလည်း များလာတာပေါ့။ တခါတလေ အဲ့ကားတွေထဲမှာ မကောင်းတဲ့ ကားတွေ ပါတယ်လို့ ပြောကြတယ်။ မကောင်းတဲ့ကားကို ဘယ်သူကမှတော့ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီးတော့ မကောင်းအောင်တော့ မလုပ်ကြပါဘူး။ အခြေအနေအရ အကြောင်းကြောင်းတွေကြောင့် အဆင်မပြေ ဖြစ်သွားတာတွေကို မကောင်းဘူးတော့ မပြောစေချင်ဘူး။ အားလုံးက ပိုက်ဆံတွေ ကုန်အချိန်တွေ ပေးပြီးလုပ်ထားတော့ ဒါတွေကို ပရိသတ်တွေရော စာနယ်ဇင်းတွေကပါ နားလည်ပေးနိုင်ရင်တော့ ကောင်းမှာပါ” လို့ စိုးမြတ်သူဇာ ကပြောပါတယ်။

သရုပ်ဆောင်စိုးမြတ်သူဇာက ရုံတင်ပြသနေတဲ့ “ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ အပျိုကြီးဟန်ဆောင်ထားတဲ့ ကလေးတယောက်အမေအနေနဲ့ ပါဝင်ထားတယ်လို့ ဆိုပါတယ်။

“ဂျင်းကောင်ကားမှာ မကြီးကအခန်းအများကြီး မပါပါဘူး။ အပျိုကြီး ဟန်ဆောင်ထားတဲ့ ကလေးတယောက်အမေပေါ့။ စမာကလာကိတ်ကြီးဆိုပြီး မြင့်မြတ်ကို မကြီးတို့ ပံ့ပိုးပေးထားတာပါ။ မြင့်မြတ်က ဂျင်းကောင်ဆိုပြီး မြန်မာတပြည်လုံးမှာ လူသိအောင် ကျော်ကြားအောင်မြင်တယ်ဆိုတာ ဂုဏ်ယူဖို့ကောင်းပါတယ်” လို့ စိုးမြတ်သူဇာက ဆိုပါတယ်။

စိုးမြတ်သူဇာက အခုဆိုရင် အသက် ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တခုကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

မကြီးစိုးလို့အနုပညာလောကသားတွေရဲ့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ စိုးမြတ်သူဇာဟာ ၁၉၉၄ခုနှစ်က “နော်ရင်မွှေး” ၊ ၁၉၉၈ခုနှစ်က “ရွှေနံ့သာစံအိမ်” ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကိုရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ထိလည်း အနုပညာလောကမှာ အောင်မြင်မှုထိပ်ဆုံးရောက်ရှိနေတဲ့ မင်းသမီးတွေထဲက တဦးအပါအဝင် ဖြစ်ပါတယ်။

စိုးမြတ်သူဇာ က လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်သလို ညီအစ်မ ၄ ဦး အတူတူ ဖွင့်ထားတဲ့ ‘’မင်းသမီး’’ ပိုးထည်တိုက်ကိုလည်း ဖွင့်လှစ်ရောင်းချနေသူတဦး ဖြစ်ပါတယ်။

The post “တချို့ကားတွေကို လူမှုရေးအရ ရိုက်ပေးရတာတွေရှိတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ