Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူနဲ့အတူ ဥရောပဘက်တွေကို ခရီးသွားချင်နေတဲ့ အဆိုတော် G Fatt

$
0
0

အဆိုတော် G Fatt က ခရီးသွားရတာကို ကြိုက်နှစ်သက်ပေမယ့် ခရီးသွားတဲ့ အစားအသောက်နဲ့ပတ်သက်ပြီး အခက်အခဲရှိတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ခရီးသွားခြင်းရဲ့အမှတ်တရတွေကတော့ အများကြီးပဲ။ အခက်အခဲတွေကလည်း အများကြီးပဲ။ အခုဆိုရင် Show တွေဆိုရင်းနဲ့လည်း ခရီးတွေသွားရတယ်။ မြန်မာပြည်တွင်းကတော့ မရောက်ဖူးတဲ့နေရာ မရှိသလောက်ပဲ။ ပူတာအိုဖက်ပဲ မအားလို့ မရောက်ဖူးသေးတာ။ အစားအသောက်အခက်အခဲတော့ နည်းနည်းပါးပါးရှိတယ်။ ကျနော်က အမေ့လက်ရာ ကလွဲရင် တခြားဟာတွေ ခံတွင်းမတွေ့တဲ့အခါကျတော့ ရိုးရာအစားအသောက်တွေကို နည်းနည်းဂျီးများတတ်တယ်။ အခက်အခဲကတော့ ဒါလောက်ပါပဲ”လို့ ပြောပြပါတယ်။

ချစ်သူနဲ့အတူ ခရီးသွားဖြစ်နေတဲ့ G Fatt က ဥရောပဘက်ကိုလည်း ခရီးတူတူသွားချင်တယ်လို့ ဆိုပါတယ်။

“ချစ်သူနဲ့ကတော့ Europe ကိုသွားချင်တယ်။ ကျနော်လည်း မရောက်ဖူးသေးဘူး။ အရမ်းမိုက်မယ်လို့ ထင်တယ်။ ကိုယ့်ဒီဖက်မှာ မရှိတဲ့ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရမယ်။ကျနော်က အနောက်နိုင်ငံတွေ မသွားဖူးသေးဘူး။ သွားချင်သေးတယ်။ အာရှကတော့ တော်တော်စုံပြီ။ ဥရောပဘက်ကိုသွားချင်တယ်”လို့ အဆိုတော် G Fatt

က ဆိုပါတယ်။

ခရီးသွားခြင်းရဲ့ခံစားမှုကိုလည်း G Fatt က “ကျနော်ကပင်လယ်တွေ၊ တောင်တန်းတွေ၊ တိမ်တွေ အကုန်လုံးကိုချစ်တယ်။ မြက်ခင်းပြင် အကျယ်ကြီးတွေကို ချစ်တယ်။ ကျနော်က ကြိုက်တဲ့အဆင့်တောင် မဟုတ်ဖူး။ ချစ်တဲ့အဆင့်။ ဒါကြောင့်ကျနော်က ဘယ်နေရာကိုသွားရ၊ သွားရ ကြိုက်တယ်။ တောင်တန်းတွေညို့နေတဲ့နေရာတွေကို လှမ်းကြည့်ပြီးရတဲ့နေရာမျိုးကိုလည်း နှစ်သက်တယ်။ ခရီးသွားနေရရင် ငြိမ်းချမ်းတယ်။ ကျနော့်အတွက် အကုသိုလ်ကင်းတယ်”

“ကျနော်တို့က တနေ့ တနေ့ ပိုက်ဆံရှာဖို့တွေနဲ့အောင်မြင်မှု ရှာဖို့တွေနဲ့ လောဘတွေနဲ့တွန်းတိုက်နေရပြီး မြို့ပြအပြင်ကို ရောက်သွားတာနဲ့ ထမင်းစားဖို့လည်း မပူရဘူး။ G Fatt ဆိုတာလည်းမရှိဘူး။ သူငယ်ချင်းနဲ့ သို့မဟုတ် ချစ်သူနဲ့ ပေါ့နော်။ ဒါပေမယ့် ချစ်သူက မိန်းကလေးဆိုတော့ နေရာတိုင်းလိုက်လို့မရဘူး။ ငယ်သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်နဲ့ သာသွားရရင်တော့ ကျနော့်အတွက် နိဗ္ဗါန်ပဲ။ ခရီးသွားရင်းနဲ့ရခဲ့တဲ့ သီချင်းတွေလည်းအများကြီးပဲ”လို့ ဧရာဝတီကို ဆိုပါတယ်။

အဆိုတော် G Fatt က ခရီးသွားရင်း သီချင်းများ ရေးဖြစ်ခဲ့ပြီး ဒီရက်ပိုင်း ကလောမြို့ကိုသွားရင်း “မင်းမရှိတဲ့ ရာသီ” ဆိုတဲ့ တေးသီချင်းတပုဒ်ကို ရေးသားခဲ့ကြောင်းဆိုပါတယ်။

ဒါ့အပြင် G Fatt က ခရီးသွားရင်းရခဲ့တဲ့ ” မြို့ပြရဲ့အဝေး” သီချင်းနဲ့ပတ်သက်ပြီးလည်း ထူးခြားတဲ့စိတ်ကူးရှိတဲ့အကြောင်း ခုလိုပြောပြပါတယ်။

” မြို့ပြရဲ့အဝေးဆိုတဲ့သီချင်းက ကျနော့်ရဲ့ Second တကိုယ်တော်ခွေ ‘120’ထဲက။ အဲဒီသီချင်းကလည်း ခရီးသွားရင်းနဲ့ရေးထားတာပဲ။ အဲဒီသီချင်းကို ဒီက Travel Blogger တွေနဲ့ပေါင်းပြီးတော့ မြန်မာနိုင်ငံတနိုင်ငံလုံးပတ်ပြီးတော့ Music video ရိုက်ဖို့စီစဉ်ထားတယ်”လို့ဆိုပါတယ်။

ခရီးသွားခြင်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့ ဘဝနဲ့ပတ်သက်ပြီးလည်း G Fatt က အခုလိုဆိုပါတယ်။

“ကျနော်က ရန်ကုန်မှာကိုမရှိဘူး။ တနေရာနဲ့ တနေရာ ခရီးသွားနေရတာကိုပျော်တယ်။ ခရီးသွားကုမ္ပဏီတော်တော်များများကလည်း ကျနော်နဲ့ခင်တယ်။ ကျနော်တို့နိုင်ငံရဲ့ သဘာဝအလှအပနေရာတွေကို တခြားနိုင်ငံကလူတွေနဲ့ ကမ္ဘာကသိအောင် လုပ်ပေးနေတဲ့ မြန်မာက Travel Blogger တွေကိုလည်း ကျေးဇူးတင်ရပါတယ်။ ခရီးသွားခြင်းက ကျနော့်အတွက်တော့ ဘဝရဲ့အစိတ်အပိုင်းတွေထဲကတခုပါပဲ” လို့ G Fatt က ဆိုပါတယ်။

The post ချစ်သူနဲ့အတူ ဥရောပဘက်တွေကို ခရီးသွားချင်နေတဲ့ အဆိုတော် G Fatt appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)