Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုယ်ပိုင်ဆိုင်ပိတ်ပြီး Master Chef Myanmar ပြိုင်ပွဲဝင်ခဲ့တဲ့ ကိုအောင်ဝေဖြိုး

$
0
0

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ Master Chef Myanmar ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ဝေဖြိုးက ဒီပြိုင်ပွဲအတွက် ကိုယ်ပိုင်ဆိုင်ကို ပိတ်ပြီးပြိုင်ပွဲဝင်ခဲ့ပြီး ဆိုင်ပိတ်ခဲ့တဲ့အတွက် ကျပ်သိန်း၁၀၀နီးပါးဆုံးရှှုံးမှုတွေရှိခဲ့တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ကျနော်ပြိုင်ပွဲမဝင်ခင်တော့ သဘောၤတက်တယ်။ ပြန်လာတော့ အိမ်ထောင်ကျပြီး ကြေးအိုးဆိုင်ဖွင့်တယ်။ ပြိုင်ပွဲလျှောက်လွှာခေါ်တော့ ဦးစီးမယ့် သူမရှိတာကြောင့် ပိတ်ပြီးသွားပြိုင်လိုက်တယ်။ အဲ့တော့ ဆိုင်ပိတ်လိုက်ရတော့ သိန်း၁၀၀ကျော်လောက် ရှုံးသွားတယ်။ ပြိုင်ပွဲသွားပြိုင် လိုက်တာကြောင့် နစ်နာတယ်လို့တော့ မပြောပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း ဝါသနာပါလို့ သွားပြိုင်ခဲ့တာပါ”လို့ ကိုအောင်ဝေဖြိုးက ပြောပါတယ်။

မကြာခင်ကျင်းပပြီးစီးခဲ့တဲ့ Master Chef Myanmar ဟင်းချက်ပြိုင်ပွဲမှာ ကိုအောင်ဝေဖြိုးက မတင်တင်ဦးနဲ့ ယှဉ်ပြိုင်ရာမှာ ရှှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ပြိုင်ပွဲမှာ Winner ပဲရှိတာ။ ကျနော်ကို ချစ်တဲ့သူတွေကတော့ First Runner Upပေးကြတယ်။ ပြိုင်ပွဲမှာတော့ ဘာမှမရှိဘူး Winner ပဲရှိတယ်။ ကျနော်ကို ကျနော်တောင် ဘယ်နေရာမှန်းတောင် မသိတော့ဘူး။ ပြိုင်ပွဲပြိုင်တုန်းက ကျနော်ကို ၇ရက်သမီးတွေ အားပေးကြတယ်။ ကျနော် ကြိုးစားသလို ကျနော်တို့ပြိုင်ပွဲဝင်မောင်နှမတွေလည်း ကြိုးစားကြ တယ်။ ကျနော်လဲ အတတ်နိုင်ဆုံးတော့ကြိုးစားခဲ့တာပဲ။ လွဲချော်သွားတော့ အချို့တွေက အားမလိုအားမရတွေ ဖြစ်ကုန် ကြတယ်။ မတင်တင်ဦးက ပိုကြိုးစားပိုတော်လို့ ဆုရတယ်လို့ပဲသုံးသပ်ပါတယ်” လို့ ကိုအောင်ဝေဖြိုးက ဆိုပါတယ်။

ပြိုင်ပွဲမှာ ဝေဖန်မှုတွေရှိခဲ့ပြီးဒါနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“ ဝေဖန်ပြောဆိုကြတာတွေကို ဘာမှ တော့ မပြောချင်ပါဘူး။ ကျနော့် လိုအပ်ချက်တွေကြောင့်လို့ပဲ ပြောချင်ပါတယ်။ ကျနော်ပြိုင်ပွဲမှာ အကောင်းဆုံးတွေ လုပ်ခဲ့တယ်။ ကျနော်ပြိုင်ပွဲမှာလည်း မြန်မာမှုပဲ လုပ်ခဲ့တာ ကျနော်ကို အင်တာနေရှင်နယ်ဆန်တယ်လို့ ကျနော် မသတ်မှတ်ဘူး။ ဆန်သွားတယ်ဆိုရင်လည်း ပိုကောင်းတာပေါ့”

“ မတင်တင်ဦးရတဲ့ အတွက် ဝမ်းသာတယ်။ ကျနော်ကြိုးစားခဲ့တယ်။ အစ်မလည်း ကြိုးစားတယ်။ အားပေးတဲ့ သူတွေ သူ့ပရိသတ်ကိုယ့်ပရိသတ်ရှိတယ်။ ဝေဖန်လို့ ဘာမှ မရတာ အားပေးတဲ့ သူတွေကလည်း ကိုယ့်ဘက်နဲ့ကိုယ်ဆိုတော့ အဆင်ပြေပါတယ်”လို့ ကို အောင်ဝေဖြိုးကပြောပါတယ်။

ပြိုင်ပွဲဝင်ပြိုင်ချိန် အတွေ့အကြုံ့တွေရခဲ့ပေမယ့် နောက်ထပ်ပြိုင်ပွဲတွေကိုတော့ ထပ်မံမယှဉ်ပြိုင်တော့ဘူးလို့ဆိုပါတယ်။

“နောက်ပြိုင်ပွဲနဲ့ ပတ်သတ်ရင် မပြိုင်တော့ဘူး။ မပြိုင်တော့ဘူးဆိုတာ အတွေ့အကြုံ့တွေ ရတယ်။ ခံစားရတာ တွေရှိ တယ်။ လူလည်း ကျသွားတယ်။ ပြိုင်ပွဲမပြိုင်တော့ဘူး။ ပြိုင်ပွဲပြီးတော့ ကျနော်ဘာမှမလုပ်နိုင်ဘူး နေမကောင်းလို့ တပတ်လောက် နားနေခဲ့ရတယ်။ စီးပွားရေးလေးပဲ လုပ်တော့မယ်”

“ ပြိုင်ပွဲမှာ စပြိုင်ထဲကိုက နောက်ဆုံးပြီးတဲ့ အထိ တောက်လျှောက်ဖိစီးနေတယ်။ ကျနော်တို့ ကြည့်ခဲ့တဲ့ နိုင်ငံခြားပွဲတွေနဲ့ ကွာခြားချက်ကတော့ နိုင်ငံခြားပွဲတွက ပိုကြမ်းပြီး ကျနော်တို့က နုတောင်နုနေတယ်။ ကျနော်က စားသောက်ကုန် ထုတ်လုပ်ဖို့တော့ ကျနော်ပိုက်ဆံ အဆင်မပြေတဲ့အတွက် အရင်းအနှီးကြီးတာကြောင့် ကျနော်မလုပ်နိုင်ပါဘူး။ စပွန်ဆာ ရတဲ့သူတွေကျ တော့လည်း ထုတ်ကုန်လုပ်နိုင်တာပေါ့။ အခုကတော့ လုပ်ဖို့အဆင်မပြေသေးဘူး” လို့ ဆိုပါတယ်။

ကိုအောင်ဝေဖြိုးက ပြိုင်ပွဲပြီနောက်ပိုင်းမှာ “စုံသရနီဥ”ဆိုတဲ့ ဆိုင်လေးကို ရန်ကုန်မြို့ Sanchaung Food Town မှာ ဖွင့်လှစ်ထားပါတယ်။

The post ကိုယ်ပိုင်ဆိုင်ပိတ်ပြီး Master Chef Myanmar ပြိုင်ပွဲဝင်ခဲ့တဲ့ ကိုအောင်ဝေဖြိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ