Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မိုးအောင်ရင်အမှု အယူခံဝင်ပြီး မျှော်လင့်ချက် ရှိနိုင်တယ်”လို့ ရှေ့နေဖြစ်သူ ဆို

$
0
0

သရုပ်ဆောင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုနဲ့ ပုဇွန်တောင်မြို့နယ်တရားရုံးက ထောက်ဒဏ် ၅ နှစ်အမိန့်ချခဲ့တဲ့ ပြစ်မှုအတွက် အယူခံဝင်ထားခြင်းကို လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးနဲ့ ပုဇွန်တောင်မြို့နယ်တရားရုံးတို့မှ ထောင်ဒဏ် ၁၂ နှစ်နဲ့ ၅နှစ် စုစုပေါင်း ၁၇ နှစ် ကျခံစေမှုကို ဒီဇင်ဘာလ ၂၇ ရက်နေ့က အယူခံဝင်ထားတာဖြစ်ပါတယ်။

“မိုးအောင်ရင်ကို အယူခံတင်တဲ့ အယူခံကို လျှောက်လွှဲချက် တင်တာပေါ့။ မြို့နယ်ရုံးက အမိန့်ပေါ်မှာ အပေါ်ကို တက်ခွင့်ရှိတဲ့အတွက် အယူခံတက်ဖို့ အခွင့်အရေး ရှိတဲ့အတွက် ခရိုင်ရုံးကို အယူခံတက်ပြီးတော့ သူ့အခွင့်အရေး တောင်းဆိုတာမျိုးပါ။ အကြောင်းပြချက်ကတော့ သူ့အပေါ်မှာ ချထားတဲ့ ပြစ်ဒဏ်ကို ပြန်ပြီးတော့ စဉ်းစားပေးဖို့၊ နောက်တခါ ပြစ်ဒဏ်က လွတ်ပေးဖို့ပါ။ ခရိုင်က အမှုကို တိုင်းဒေသကြီးလွှတ်တော်ကို အယူခံတင်ထားပါတယ်။ အမှုပေါ်မူတည်ပြီးတော့ မျှော်လင့်ချက် ရှိနိုင်ပါတယ်” လို့ မိုးအောင်ရင်ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်တင့်က ပြောပါတယ်။

အရှေ့ပိုင်းခရိုင် တရားရုံးမှာတော့ ပုဇွန်တောင်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၅ နှစ်အတွက် အယူခံဝင်ထားခြင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အမိန့် ချမှတ်မှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှ ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၁၂ နှစ်အတွက် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် အယူခံတင်ထားခြင်းကို လက်ခံ၊ မခံ ကြားနာမှာဖြစ်တယ်လို့ မိုးအောင်ရင်ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်တင့်က ပြောပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က အိုက်စ် မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့အတူ ပုဇွန်တောင်မြို့နယ်ရှိ ရည်းစားဖြစ်သူရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်များအရ သိရပြီး မိုးအောင်ရင်ရဲ့နေအိမ်ဖြစ်တဲ့ တာမွေမြို့နယ်ရှိနေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းများအရ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင်ရဲ့ သူငယ်ချင်းဖြစ်သူ လူလူသန်းဦး နဲ့ ဘုန်းမြင့်အောင် (ခ) ဒေးဗစ် တို့နှစ်ဦးကို ဆေးခြောက် ၁၃၃၄ ဒဿမ ၃၃ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မိုးအောင်ရင် အမှု အယူခံဝင်ထားခြင်း လျှောက်လဲချက် ကြားနာမည်

The post “မိုးအောင်ရင်အမှု အယူခံဝင်ပြီး မျှော်လင့်ချက် ရှိနိုင်တယ်”လို့ ရှေ့နေဖြစ်သူ ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ