ကိုရီးယားရုပ်ရှင် Ode to My Father ကို ဟင်ဒီစကားပြောနဲ့ ပြန်လည်ရိုက်ကူးတဲ့ “Bharat” ဆိုတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဘောလိဝုဒ်မင်းသား Salman Khan ဟာ ၂၀၁၅ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင်ကား ဖြစ်တဲ့ Veteran ကို ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်မယ်လို့ Variety မီဒီယာမှာ ဖော်ပြထားပါတယ်။
“Veteran” ဆိုတဲ့ ရုပ်ရှင်ကတော့ လမ်းမှာရောက်နေတဲ့သူတွေကို ဖမ်းဆီးပြီး လမ်းမှန်ပြင်ပေးတဲ့ ထောက်လှမ်းရေးမှူး တယောက်အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ မူရင်းရုပ်ရှင်မှာတော့ စုံထောက်အဖြင့် ကိုရီးယားမင်းသား Hwang Jung-min က ပါဝင်ထားပြီး ဘီလီယံနာ သူဌေးအဖြစ် မင်းသား Yoo Ah-in တို့က သရုပ်ဆောင်ထားတာပါ။
ကိုရီးယားရုပ်ရှင်ကို Ryoo Seung-wan က ရိုက်ကူးခဲ့တာဖြစ်ပြီး အခုဘောလိဝုဒ်က ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ကိုတော့ ဘယ်သူက ပြန်လည်ရိုက်ကူးမယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။ Veteran ရုပ်ရှင်ဟာ ကိုရီးယားရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ ၉၃ ဒဿမ ၈ သန်းရရှိခဲ့ပြီး ကိုရီးယားရုပ်ရှင်တွေထဲမှာ စတုတ္ထမြောက် ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
မင်းသမီး Katrina Kaif နဲ့အတူ မင်းသား Salman ပါဝင်ထားတဲ့ “Bharat” ရုပ်ရှင်ကိုတော့ အခုနှစ် ဇွန်လမှာ ပြသဖို့ မျှော်လင့်ရပါတယ်။ အဲဒီရုပ်ရှင်ဟာ အမျိုးသားတဦးဖြတ်သန်းခဲ့ရတဲ့ ဘဝမှတ်တမ်းကို လွမ်းမောဖွယ်၊ သင်ခန်းစာရဖွယ် ပြန်လည်ဖော်ကျူးထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သီတင်းတပတ်လောက်က ဖြန့်ချိခဲ့တဲ့ အဲဒီ ရုပ်ရှင် နမူနာဟာ ကြည့်ရှုသူ ၃၈ သန်း ရှိသွားပြီ ဖြစ်ပါတယ်။ ဒါရိုက်တာ Ali Abbas Zafar က ရိုက်ကူးပေးထားပြီး ဒါရိုက်တာနဲ့ မင်းသား Salman တို့ဟာ Sultan နဲ့ Tiger Zinda Hai ရုပ်ရှင်တွေမှာလည်း အတူလက်တွဲပြီး ရိုက်ကူးခဲ့ကြဖူးပါတယ်။
Ref: indianexpress
The post ကိုရီးယားရုပ်ရှင်ကို ဟင်ဒီစကားပြောနဲ့ ပြန်ရိုက်မယ့် ဘောလိဝုဒ်ကားမှာ Salman Khan ပါဝင်မည် appeared first on ဧရာဝတီ.