Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂရမ်မီ ဖျော်ဖြေမှုမှ အဆိုတော် Ariana Grande နုတ်ထွက်

$
0
0

အဆိုတော် Ariana Grande ဟာ သူ့ရဲ့ ဖန်တီးမှုနဲ့ ကိုယ်ပိုင်ထုတ်ဖော်မှုတွေကို ထုတ်လုပ်ရေးမှူးတွေက အနှောင့်အယှက်ပေးခဲ့တာကြောင့် မကြာမီ ကျင်းပတော့မယ့် ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေမယ့် အစီအစဉ်ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆိုတော် Ariana Grande ဟာ သူ့ရဲ့သီချင်းတပုဒ်ကို လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ လော့စ်အင်ဂျလိစ်မှာ ရှိတဲ့ Staples Centre မှာ ကျင်းပမယ့် ပွဲမှာ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ သူဟာ ပွဲစီစဉ်သူတွေနဲ့ အငြင်းပွားခဲ့ပြီးတဲ့နောက်ပိုင်း ပွဲကို တက်ရောက်မှာ မဟုတ်တော့ဘူးလို့ အခု သီတင်းပတ်အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြီးတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ Ariana က နှုတ်ဆိတ်မနေတော့ဘဲ ထုတ်ပြောလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲ ထုတ်လုပ်သူတွေဟာ သူ့ရဲ့ ဖန်တီးမှုကို ပြသဖို့ ငြင်းဆန်ခဲ့ပြီး အဲဒီအစား သူဖျော်ဖြေနိုင်တဲ့ အခြား သီချင်း ၃ ပုဒ်ကို ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

အင်တာဗျူးတခုမှာတော့ ဂရမ်မီထုတ်လုပ်သူ Ken Ehrlich က Ariana အနေနဲ့ လုံလောက်တဲ့အချိန်အတွင်းမှာ တခုခုကို အတူဆွဲထုတ်နိုင်မှာ မဟုတ်ဘူး ပြောဆိုခဲ့ပေမယ့် Ariana ကတော့ “ဒီမှာလေ ကျမအတွက်တခုခုကို ဆွဲထုတ်ဖို့ အရမ်းကိုနောက်ကျသွားခဲ့ပြီလေ” လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ သူတို့ပြောတဲ့ တခုခုကို ဆွဲထုတ်တယ်ဆိုတာက သီချင်းဆိုဖို့ ညှိနှိုင်းတာကို ဆိုလိုတာပါ။

Ariana က “ကျမ နှုတ်ဆိတ်နေတော့ ရှင်တို့က ကျမအကြောင်း လိမ်ညာပြောနေကြပြီ။ ကျမက တညလုံး ဖျော်ဖြေမှုကို လုပ်နိုင်တယ်။ ပြီးတော့ Ken ရေ၊ ရှင်သိလား။ ရှင်က ကျမရဲ့ ဖန်တီးမှုနဲ့ ကိုယ်ပိုင် ဖော်ထုတ်မှုကို အနှောင့်အယှက်ပေးတဲ့အခါ ကျမ ပွဲကို မတက်ဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒီပွဲက ရှင်ဖြစ်စေချင်တဲ့အတိုင်း အတိအကျ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ Ariana က “ကျမက တခြား သီချင်း ၃ ပုဒ်ဆိုဖို့ ကမ်းလှမ်းတယ်။ စုံတွဲသီဆိုဖို့။ အကူညီပေး ခံရသလို ခံစားရတယ်။ ဒါဟာ အနုပညာနဲ့ ရိုးသားမှုပဲ။ နိုင်ငံရေး မဟုတ်ပါဘူး။ ဦးစားပေးခိုင်းနေတာလည်း မဟုတ်ပါဘူး။ ဂိမ်းကစားနေတာလည်း မဟုတ်ပါဘူး။ ဒါဟာ ဂိမ်းကစားလို့ ရှင်တို့က ပြောမယ်ဆိုရင် ကျမအတွက်ကတော့ ဂီတဆိုတာ အဲဒါမဟုတ်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။

Ariana ဟာ ဂရမ်မီဆုပေးပွဲ အတွက် ‘God Is a Woman’ သီချင်းနဲ့ Best Pop Vocal Performance ဆု၊ ‘Sweetener’ သီချင်းအတွက် Best Pop Vocal Album ဆုတို့ကို လျာထားခံရပါတယ်။ ဒါပေမဲ့ သူဟာ ဆုပေးပွဲကို တက်ရောက်တော့မှာ မဟုတ်ပါဘူး။

Ref: asiaone

The post ဂရမ်မီ ဖျော်ဖြေမှုမှ အဆိုတော် Ariana Grande နုတ်ထွက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ