Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တချိန်က စိတ်ဓာတ်ကျပြီး မူးယစ်ဆေး စွဲခဲ့တဲ့အကြောင်း Justin Bieber ပြောပြ

$
0
0

အသက် ၂၄ နှစ်အရွယ်အဆိုတော် Justin Bieber ဟာ ၂ နှစ်ကျော်ကာလအတွင်းမှာ ပထမဆုံး အင်တာဗျူး တခုကို Vogue မဂ္ဂဇင်းအတွက် ဖြေကြားပေးခဲ့ပြီး အဲဒီ မဂ္ဂဇင်းမျက်နှာဖုံးကိုလည်း သူနဲ့ သူ့ဇနီး Hailey Baldwin တို့က ပါဝင် ရိုက်ကူးပေးထားကြပါတယ်။

သူတို့စုံတွဲနှစ်ဦးကတော့ လက်ထပ်ပြီးစီးခဲ့တဲ့ ပထမဆုံး လအနည်းငယ်မှာ တော်တော်လေးကို ခက်ခဲခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Bieber ကတော့ သူအရင်တုန်းကကြုံတွေ့ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုအချို့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီ့အထဲမှာ စိတ်ဓာတ်ကျမှုနဲ့ မူးယစ်ဆေးစွဲမှုအကြောင်းတွေလည်း ပါဝင်ပါတယ်။

အဆိုတော် Bieber က “ကျနော် နယ်လှည့်ဖျော်ဖြေပွဲမှာ တကယ့်ကိုပဲ စိတ်ဓာတ်ကျခဲ့ရပါတယ်။ ကျနော် အဲဒါနဲ့ ပတ်သက်လို့ မပြောခဲ့ဖူးပါဘူး။ ပြီးတော့ ကျနော်မပြောပြဖူးတဲ့ ကိစ္စတော်တော်များများလည်း ဖြစ်နေတုန်းပါ။ ကျနော် အထီးကျန်ခဲ့ရပါတယ်။ ကျနော် အချိန်တချို့လိုအပ်ခဲ့ပါတယ်” လို့ ၂၀၁၇ ခုနှစ်မှာ ဖျော်ဖြေပွဲ ၁၄ ခုကို ဖျက်သိမ်းခဲ့ရတဲ့ ‘Purpose’ နယ်လှည့်ဖျော်ဖြေပွဲကို ရည်ရွယ်ပြီး ပြောဆိုခဲ့ပါတယ်။

အဲဒီလိုမျိုး အသက်အရွယ်မှာ နာမည်ကြီးလာတာကလည်း သူ့အတွက် ကြီးမားတဲ့ ရိုက်ခတ်မှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဆေးစွဲခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့လည်း ပထမဆုံးအကြိမ်ဖွင့်ပြောခဲ့ပါတယ်။

သူက “မူးယစ်ဆေး ဆိုတာကတော့ ကျနော် ဘာလုပ်နေခဲ့တယ်ဆိုတာနဲ့ ကျနော့်ရဲ့ကြားက ဖန်သားပြင်တခုကို ထားပေးပါတယ်။ တော်တော်လေးကို မှောင်မိုက်ခဲ့ရပါတယ်။ ကျနော့်ရဲ့လုံခြုံရေးက ညဘက်တော်တော်လေး နောက်ကျပြီးမှာ ရောက်လာခဲ့ပြီး ကျနော့် ပိုက်ဆံအိတ်ကို စစ်တယ်။ ကျနော် အသက်ရှုနေသေးရဲ့လား ဆိုပြီး ကြည့်တဲ့အချိန်ကို ပြန်စဉ်းစားမိပါတယ်”

၂၀၁၄ ခုနှစ်မှာ Bieber ဟာ မူးယစ်ဆေးနဲ့ အရက်သောက်သုံးမှုတို့ကြောင့် ကျန်းမာရေး ချို့တဲ့ခဲ့ရပြီး ယင်းနောက်ပိုင်းမှစလို့ မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်ခဲ့တယ်လု့ိ ဆိုပါတယ်။ မူးယစ်ဆေးစွဲမှုကြောင့် အချစ်ရေးမှာလည်း သူ့အနေနဲ့ ဂုဏ်ယူစရာ မကောင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

သူက “မိန်းကလေးတွေကို တလေးတစား ဆက်ဆံဖို့ အမေက ကျနော့်ကိုအမြဲတမ်းပြောတယ်။ ကျနော့်အတွက်ကတော့ ကျနော့်ခေါင်းထဲမှာ တခုခုအမြဲရှိနေလို့ ကျနော်ကတော့ မပျော်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် Baldwin နဲ့ လက်မထပ်ခင်အချိန်အထိ လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှု ပြဿနာနဲ့ လည်း ကြုံခဲ့ရသေးတယ်” လို့ ဆိုပါတယ်။

Ref: etcanada

The post တချိန်က စိတ်ဓာတ်ကျပြီး မူးယစ်ဆေး စွဲခဲ့တဲ့အကြောင်း Justin Bieber ပြောပြ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ