Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသား ဂေါင်ယိုးနဲ့အတူ တွဲဖက်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတဲ့ ပတ်ဘိုဂမ်

$
0
0

လတ်တလော Encounter ဇာတ်လမ်းတွဲနဲ့ ပရိသတ် အကြိုက်တွေ့ခဲ့တဲ့ မင်းသား ပတ်ဘိုဂမ်ကို ငွေရောင်ပိတ် ကားပေါ်မှာ ပြန်လည်မြင်တွေ့ရဖို့ နီးစပ်နေပါပြီ။ ပတ်ဘိုဂမ်ဟာ ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးနေရာကနေ မင်းသား ဂေါင်ယိုးနဲ့အတူတူ ဇာတ်ကားအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။

သတင်းဌာနတချို့ကတော့ ပတ်ဘိုဂမ်ဟာ ဇာတ်ကားအသစ်မှာ ပါဝင်ဖို့ လက်ခံလိုက်ပြီလို့တောင် ဖော်ပြနေကြပေမယ့် ပတ်ဘိုဂမ် အေဂျင်စီကတော့ ဇာတ်ကားအသစ်အတွက် ကမ်းလှမ်းခံထားရတာ မှန်ကန်ပြီး ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လက်ခံနိုင်ချေများတယ်လို့ သတင်းတွေထွက်နေပါတယ်။

တကယ်လို့ ပတ်ဘိုဂမ်သာ လက်ခံမယ်ဆိုရင် နာမည်ကြီးမင်းသား ဂေါင်ယိုးနဲ့ အတူတူ တွဲဖက်သရုပ်ဆောင်ရမှာပါ။ ဂေါင်ယိုးကလည်း ၃ နှစ်ကြာ ရုပ်ရှင်ပိတ်ကားပေါ်ကနေ ပျောက်ကွယ်နေရာက ဒီဇာတ်ကား ရိုက်ကူးဖို့ လက်ခံခဲ့တာပါ။

အက်ရှင်၊ လျှို့ဝှက်သည်းဖိုအမျိုးအစားဖြစ်မယ့် “Seo Bok” ရုပ်ရှင်ဟာ ကမ္ဘာ့ပထမဆုံး လူသားကိုယ်ပွား Seo Bok ကို ထာဝရအသက်ရှင်နေထိုင်နိုင်မယ့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် လိုက်ရှာနေကြတဲ့ အဖွဲ့အစည်းတွေ အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ မင်းသား ဂေါင်ယိုးကတော့ လျှို့ဝှက် စုံစမ်းရေးမှုးဟောင်း ကီဟွန်းအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး မင်းသား ပတ်ဘိုဂမ်ကိုတော့ လူသားကိုယ်ပွား Seo Bok နေရာအတွက် ကမ်းလှမ်းထားပါတယ်။

ထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေက Seo Bok နေရာအတွက် မနှစ်က အောက်တိုဘာထဲက ရွေးချယ်နေတာဖြစ် ပြီး တကယ်လို့ ပတ်ဘိုဂမ်သာ လက်ခံလိုက်မယ်ဆိုရင် ဒီနှစ်အစပိုင်းမှာပဲ စတင်ရိုက်ကူးသွားမယ်လို့ ဆိုပါ တယ်။ ဒီဇာတ်ကားကို ရိုက်ကူးမယ့်ဒါရိုက်တာကတော့ ၂၀၁၂ မှာ နာမည်ကျော် အချစ်ဇာတ်လမ်း “Architecture 101” ကို ရိုက်ကူးခဲ့တဲ့ လီယောင်ဂျူးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ပျောက်ကွယ်နေတဲ့ မင်းသား ဂေါင်ယိုးနဲ့ ပတ်ဘိုဂမ်ကို အတူတူ တွဲမြင်ချင်နေကြပြီး စိတ်လှုပ်ရှားရင်ခုန်နေတယ်လို့ သတင်းဖော်ပြချက်တွေအောက်မှာ မှတ်ချက်ပြုထားကြပါတယ်။

Ref: Soompi

The post မင်းသား ဂေါင်ယိုးနဲ့အတူ တွဲဖက်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတဲ့ ပတ်ဘိုဂမ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ