Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကျနော် ၁၀ လ ထောင်ထဲမှာ နေရတာပေါ့”လို့ အဆိုတော် အစ္စဏီ ပြော

$
0
0

မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ တရားရုံးချိန်းတွေကတော့ ယခုလအတွင်းမှာ ၁၀ လ ပြည့်မြောက်တော့မှာပဲ ဖြစ်ပြီး လက်ရှိမှာတော့ အမှုစစ်ဆေးမှုများ မပြုလုပ်နိုင်သေးဘဲ ရုံးချိန်းများဖြင့်သာ ဖြတ်သန်းနေလျက် ရှိပါတယ်။

“ကျနော် ၁၀ လ ထောင်ထဲမှာ နေရတာပေါ့။ တိုင်းကလည်း ပြန်မကျသေးဘူ။ ကြာနေတာပါ။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာကို ဘုရား တရားနဲ့ပြန်ပြီးတော့ စိတ်ဓာတ်မကျအောင် လုပ်နေရပါတယ်။ ကျနော့်ပရိသတ်တွေကိုလည်း သတိရပါတယ်။ သီချင်းတွေလည်း ဆိုချင်ပါသေးတယ်” လို့ အဆိုတော် အစ္စဏီက ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ရုံးချိန်းမှာ ပြောသွားခဲ့ပါတယ်။

အဆိုတော် အစ္စဏီရဲ့ ၂၃ကြိမ်မြောက် တရားရုံးချိန်းကိုတော့ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းအတွက် ရက်ချိန်းကိုသာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး အဆိုတော် အစ္စဏီရဲ့ရှေ့နေဖြစ်သူက “ကျနော်တို့ကတော့ တိုင်းက တစုံတရာ အမိန့်ချတဲ့အပေါ် မူတည်ပြီးတော့ စောင့်ဆိုင်းနေရတယ်။ တရားရုံးတော်အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးရင်တော့ မြန်ဆန်သွားမှာပေါ့။ သက်ဆိုင်ရာ ရုံးတခုကို ပြန်ရောက်သွားရင် ဒါမှမဟုတ် မူလရုံးကို ပြန်ရောက်သွားရင် ဥပဒေနဲ့အညီ ထုချေ ရှင်းလင်းဖို့အတွက် ရှိပါတယ်။ တရားရုံးတော်တွေရဲ့ အာမခံပေးလို့ မရတဲ့အပေါ် မူတည်ပြီးတော့ ချုပ်နှောင်ထားတာဆိုတော့ တစုံတရာ မှတ်ချက်ပေးဖို့ မရှိပါဘူး”လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

အဆိုတော် အစ္စဏီရဲ့ အမှုတွဲကတော့ တိုင်းဒေသကြီး တရားလွှတ်တော်ကို ရောက်ရှိနေပြီး လက်ရှိမြို့နယ်တရားရုံးကို ပြန်လည် မရောက်ရှိလာသေးတဲ့အတွက် စစ်ဆေးမှုများ မပြုလုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်မှ တာမွေမြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပြီး နောက်တကြိမ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

The post “ကျနော် ၁၀ လ ထောင်ထဲမှာ နေရတာပေါ့”လို့ အဆိုတော် အစ္စဏီ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)