Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားအကြောင်း ရှင်းလာတဲ့ ဒါရိုက်တာ ကိုပေါက်

$
0
0

မကြာခင်ရုံတင်ပြသတော့မယ့် “ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားကို ဖန်တီးရိုက်ကူးထားတဲ့ ဒါရိုက်တာကိုပေါက်က ဂျင်းကောင်ကားကို “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ” ဗီဒီယိုကားနဲ့ အမှတ်မှားနေကြတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ပထမ “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ” ဆိုတဲ့ ကားလေးမှာ ဂျင်းကောင်ဆိုပြီး ပရိသတ်တွေက ကြိုက်ကြတယ်။ အားပေးကြတယ်။ တနိုင်ငံလုံးကလည်း မြင့်မြတ်ကို ဂျင်းကောင်ဆိုပြီး နာမည်တခု ဖြစ်တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ အဲ့အတွက် ထုတ်လုပ်သူတို့ ကျနော်တို့က ဂျင်းကောင်ကားလေးကို ရုပ်ရှင်ကားကြီး အနေနဲ့ ဖန်တီးကြရအောင်ဆိုပြီး ရုပ်ရှင်ကားကြီးအနေနဲ့ ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့”

“ကျနော်တို့ စဉ်းစားချိန်နဲ့ ပရိသတ်ဆီရောက်တဲ့အချိန် တော်တော်ကြာသွားတယ်လို့ ပြောလို့ရမယ်။ မြင့်မြတ်ရက်ရဖို့ ကျနော်တို့ ဖန်တီးရတဲ့ အချိန်တွေနဲ့ ကြာသွားတယ်။ တကယ်ဆို ပရိသတ်ကို စောစောလေး ပေးချင်တာပေါ့။ ကျနော့်ကို ဝေဖန်ကြလည်း ကျနော်မသိဘူး။ ပထမ ဂျင်းကောင် ရိုက်ပြီးသားကို ဒုတိယ ဂျင်းကောင် ထပ်ရိုက်တာ မဟုတ်ဘူး။ ရှေ့မှာတော့ “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ”ကားနဲ့ ပရိသတ်တွေက လွဲနေကြတယ်”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

“ဒီကားကြီးက ရုံတင်ပြီးသားပြပြီးသားကြီးကို ရုံတင်တယ် ထင်နေကြတယ်။ ရှေ့မှာ ဗီဒီယို အဲ့ကားမှာ မြင့်မြတ်က ဂျင်းကောင်လည်း မဟုတ်ဘူး။ မြင့်မြတ်က အောင်ဒင်၊ ပရိသတ်က သူ့ဘာသာ ပရိသတ်ကို နာမည်ပေးကြတာ။ ပရိသတ်တွေ အမှတ်မှားနေကြတယ်”လို့ ဒါရိုက်တာ ကိုပေါက်က ဆိုပါတယ်။

ဂျင်းကောင် ဇာတ်ကားကို ရှေ့ကဖန်တီးပြီးသားကို ပြန်ရိုက်ပြီး လုပ်စားတယ် ဆိုတဲ့ ဝေဖန်မှုများလည်း ရှိနေပြီး ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ ကိုပေါက်က အခုလိုဆိုပါတယ်။

“ဇာတ်ကားထဲက ကာရိုက်တာက ကိုရိုင်း၊ သူငယ်ချင်း ကိုဂျော့စိန်။ ကိုဂျော့စိန် ကာရိုက်တာ မူရင်းက ကိုအရိုင်း။ ဇာတ်ရေးကတည်းက ကိုအရိုင်းကို ထည့်စဉ်းစားခဲ့တော့ ကိုအရိုင်းကို ပါစေချင်တယ်။ မူလဂျင်းကောင်နဲ့ ခေတ်သစ် ဂျင်းကောင် နှစ်ယောက်ကို ပေါင်းပေးထားတာပေါ့”

“ကျနော့်ကို ပြောကြတယ်။ ရှေ့ကဖန်တီးပြီးသားကို ပြန်ရိုက်ပြီး လုပ်စားတယ် ပြောကြတယ်။ ကျနော်တို့ ဆက်ရိုက်တယ် ဆိုတာ စီးပွားရေးအရသော် လည်းကောင်း ပရိသတ်အားပေးမှုကြောင့်သော် လည်းကောင်း ကျနော်တို့ ထပ်ရိုက်ကြတယ်။ ဒီကားကို ဖန်တီးရချိန်မှာ ကျနော် အခက်အခဲ ရှိခဲ့ပါတယ်။ ဗီဒီယိုထက်လည်း ကောင်းအောင်ကြိုးစားထားပါတယ်”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

“ကျနော် လတ်တလောမှာတော့ “စပါကလင်” ဆိုတဲ့ ရုပ်ရှင် ရိုက်နေပါတယ်။ အကယ်ဒမီ ရင်ခုန်သံတော့ မရှိပါဘူး။ တခြားသူတွေကို ရင်ခုန်ပေးဖို့ပါပဲ”လို့ ကိုပေါက်က ဆိုပါတယ်။
ကိုပေါက်ဟာ လက်ရှိမှာ ဒါရိုက်တာ တယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပါတယ်။ ကိုပေါက်ရဲ့ ကိုယ်ပိုင် ရုပ်ရှင်ထုတ်ရေး ဖြစ်တဲ့ “သော်ဝန်းကြာဖြူ” ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဇာတ်ကားတွေ ရိုက်နေသလို မကြာခင်မှာလည်း ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ” အသည်းလေးတွေ ပေးပါ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနိုင် ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။

The post “ဂျင်းကောင်” ရုပ်ရှင်ဇာတ်ကားအကြောင်း ရှင်းလာတဲ့ ဒါရိုက်တာ ကိုပေါက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)