Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အစီအစဉ် တင်ဆက်သူ မပါဘဲ ယခုနှစ် အော်စကာဆုပေးပွဲကို ကျင်းပမည်

$
0
0

မကြာခင် ကျင်းပတော့မယ့် အော်စကာဆုပေးပွဲမှာတော့ အစီအစဉ်တင်ဆက်သူ ပါဝင်လာမှာ မဟုတ်ဘဲ ဒါဟာ သမိုင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ABC ရုပ်သံရဲ့ အမှုဆောင်အရာရှိက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အနောက်တိုင်း ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်တဲ့ အဲဒီဆုပေးပွဲ ကျင်းပဖို့ အချိန် သီတင်း ၃ ပတ်တောင် မလိုတော့တဲ့အချိန်မှာပဲ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အဲဒီပွဲမှာ အစီအစဉ်တင်ဆက်သူ ပါဝင်လာတော့မှာ မဟုတ်ဘဲ အော်စကာဆုကို ချီးမြှင့်ပေးမယ့် တင်ဆက်သူတွေသာ ပါဝင်လာမယ်လို့ ABC ဖျော်ဖြေရေး ဥက္ကဌ Karey Burke က ပြောဆိုထားပါတယ်။

ABC ရုပ်သံကတော့ နှစ်စဉ်ကျင်းပနေကျ အော်စကာ ဆုပေးပွဲကို ပြသမှာဖြစ်ပြီး အခုနှစ်မှာလည်း တိုက်ရိုက်ထုတ်လွှင့် ဖို့ရှိနေပါတယ်။ အရင်တုန်းက Twitter မှာတင်ခဲ့တဲ့ လိင်တူမုန်းတီးမှုဆိုင်ရာ ပို့စ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ခံခဲ့ ရပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အော်စကာဆုပေးပွဲကို အစီအစဉ်တင်ဆက်သူ အဖြစ်ကနေ ဟာသ သရုပ်ဆောင် Kevin Hart နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

သူ့နေရာမှာ အစားထိုးမယ့်သူကို မကြေညာသေးတဲ့အပြင် ဆုပေးပွဲကို ဘယ်လိုကျင်းပမယ်ဆိုတာကိုလည်း တရားဝင်ကြေညာချက် မထုတ်ပြန်သေးပါဘူး။ ၉၁ နှစ်ကြာညောင်းခဲ့ပြီဖြစ်တဲ့ အော်စကာသမိုင်းမှာ အခုလိုမျိုးအစီအစဉ်တင်ဆက်သူမရှိတာဟာ ဒါနဲ့ဆို ဒုတိယအကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်၊ အော်စကာဆုပေးပွဲမှာလည်း အစီအစဉ်တင်ဆက်သူ မရှိခဲ့ပါဘူး။ Hart ရဲ့ နုတ်ထွက်မှုနဲ့ သူ့ရဲ့ အခွင့်အရေးကို ပြန်ပေးဖို့ ကြိုးစားတာဟာ ရှုပ်ထွေးမှု ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ဥက္ကဌ Burke က အခုလိုဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ပါတယ်။

အော်စကာဆုပေးပွဲကို ကျင်းပတဲ့ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီက လွန်ခဲ့သောနှစ် ပွဲချိန်ထက် ၃၀ မိနစ် လျှော့ပြီး ကြာချိန် ၃ နာရီသာ ရှိစေရမယ်လို့ ABC ကို ကတိပေးထားတယ်လို့လည်း ဆိုပါတယ်။ ပုံမှန်ဆိုရင်တော့ ဆုပေးပွဲအခမ်းအနားကို နာမည်ကျော်ကြားသူတွေ၊ ရုပ်ရှင်လုပ်ငန်းထဲက အတတ်ပညာရှင် တွေ၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးပြဿနာတွေကို ဟာသပြက်လုံးနဲ့ စနောက်တာမျိုးနဲ့ စဖွင့်လေ့ ရှိပါတယ်။

Ref : asiaone

The post အစီအစဉ် တင်ဆက်သူ မပါဘဲ ယခုနှစ် အော်စကာဆုပေးပွဲကို ကျင်းပမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ