Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပန်းတနော်မြို့က ညီမလေးကြောင့် ပရိသတ်ရဲ့ ချီးကျူးမှုကို ခံရတယ်လို့ ပြောလာတဲ့ ဇေရဲထက်

$
0
0

သရုပ်ဆောင် ဇေရဲထက်ဟာ ပန်းတနော်မြို့က အမာခံပရိသတ်ဖြစ်တဲ့ မစိုးစန္ဒာထွန်းကို သွားရောက်တွေ့ဆုံခဲ့တဲ့အပေါ် အတိုင်းမသိ ပျော်ရွှင်ရပြီး ကိုယ်ချင်းစာစိတ်ကြောင့် သွားတွေ့ဖြစ်တယ်လို့ ဆိုပါတယ်။

“ပန်းတနော်က ညီမလေးကို သွားတွေ့ရတာ အတိုင်းမသိကို ပျော်မိတယ်။ ညီမလေးကို ချစ်ပြီး ကိုယ်ချင်းစာလို့ သွားတွေ့တာ။ ကျနော် အချိန်လည်း သိပ်မရှိလို့ အလှူခံပြီး လှူပေးဖြစ်တယ်။ ကျနော် အရင်က Comment ဆိုးတွေ ရခဲ့တယ်။ ညီမလေးကြောင့် ပြည်သူတွေက ကျနော့်ကို ချီးကျူးကြတယ်။ ညီမလေးကို ကျေးဇူးအရမ်းတင်ပါတယ်။ ညီမလေးက သီချင်းအရမ်းဆိုချင်တာ အသံလည်း အရမ်းကောင်းပါတယ်” လို့ ဇေရဲထက်က ပြောပါတယ်။

သရုပ်ဆောင် ဇေရဲထက်ဟာ ဖေဖော်ဝါရီလ ၅ရက်နေ့က သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်မြို့မှ အမာခံပရိသတ် မိန်းကလေးဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဇေရဲထက် အလာကို မျှော်နေတဲ့ ကောင်မလေးအတွက် သူကိုယ်တိုင် လိုအပ်တာတွေ အလှူခံပြီး သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

“သူ့လည်ပင်းကို ဂျပန်က ကုသပေးမယ်လို့ ပြောသံကြားတယ်။ အဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျနော်လှူရင် မရှိတဲ့နေရာ လှူတယ်။ တကယ် အဆင်မပြေတဲ့နေရာတွေကို လှူတာများတယ်။ ကျနော် အလှူလုပ်ရင် Facebook မှာ တင်တာနည်းတယ်။ တင်လေ့ တင်ထလည်း မရှိဘူး။ အလှူလုပ်တယ်ဆိုတာ ဂုဏ်ပကာသနကို ပြချင်တာ မဟုတ်ဘူးလေ။ တကယ် စိတ်ရင်းမှန်ပဲ လုပ်ချင်တာ”လို့ ဇေရဲထက်က ဆိုပါတယ်။

အကယ်ဒမီ ဆန်ခါတင်စာရင်းဝင်တဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ကားမှာ အရမ်းမော အရမ်းပင်ပန်းခဲ့ပေမယ့် အကယ်ဒမီ မှန်းထားတာတော့ မရှိပါဘူးလို့ ဆိုပါတယ်။

“ကျနော်က ဒရာမာရယ် ဟာသရယ်ပို ပိုင်တယ်။ ရိုမန့်စ်ကားတွေ မပိုင်တာက ကျနော် ကိုယ်တိုင်က မဖြတ်သန်းဖူးလို့ပါ။ ရာဇဝင်ရိုင်းခဲ့သည်ကားမှာ အရမ်းမောတယ်။ အရမ်း ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ အကယ်ဒမီ မှန်းထားတာတော့ မရှိပါဘူး။ စီနီယာတွေကားက အရမ်းကောင်းနေတယ်တွေ ချည်းပဲလေ။ အကယ်ဒမီအတွက်လည်း သိပ်ရင်မခုန်ပါဘူး”လို့ ဇေရဲထက်က ပြောပါတယ်။

ပန်းတနော်က ပရိသတ်ကို သွားတွေ့ခဲ့တဲ့ ဇေရဲထက် / ဓာတ်ပုံ – Pann Pwint

မကြာခင် ကျရောက်မယ့် ချစ်သူများနေ့ အမှတ်တရနဲ့ ပတ်သက်လို့လည်း ဇေရဲထက်က အခုလို ဆိုပါတယ်။

“ချစ်သူများနေ့မှာ ချောကလက်မရလည်း ဝယ်စားနိုင်တယ်လေ။ ချစ်သူများနေ့မှာတော့ လက်ဆောင်မရဘူး။ မွေးနေ့မှာတော့ လက်ဆောင် အများကြီး ရတယ်။ လတ်တလောတော့ မောင်မောင်ဦး(စနိုးဝှိုက်)နဲ့ ကားရိုက်ဖို့ ရှိပါတယ်။ ကြော်ငြာလည်း ရိုက်ဖို့ ရှိသလို နယ်မှာလည်း သီချင်းသွားဆိုဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။

အနုပညာလောကမှာ ရပ်တည်လာခဲ့တဲ့ အနုပညာသမားတယောက်ရဲ့ ခံစားချက်နဲ့ ပတ်သက်လို့လည်း ဇေရဲထက်က အခုလို ဆိုပါတယ်။

“အနုပညာလုပ်မှ ထမင်းစားရမှာလေ။ အဲ့တော့ ထမင်းစားဖို့အတွက် အနုပညာ လုပ်မှရမှာပေါ့။ တခါတလေ ကိုယ်မကြိုက်တဲ့ ကာရိုက်တာလည်း ရှိတယ်။ အဆင်မပြေတာတွေ ရှိတယ်။ ဒါပေမဲ့ အလုပ်လုပ်မှ ထမင်းစားရမှာ ဖြစ်တဲ့အတွက် ကာရိုက်တာ မကောင်းရင်တောင်၊ ဇာတ်လမ်း မကောင်းရင်တောင် ဒါရိုက်တာတွေ၊ သရုပ်ဆာင်တွေ၊ ဇာတ်ညွှန်းတွေ စုစုစည်းစည်းနဲ့ အကောင်းဆုံး ကားတကားဖြစ်အောင် လုပ်ဆောင်သွားပါတယ်”လို့ ဇေရဲထက်က ပြောပါတယ်။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ်ကတည်းက ပရိသတ်အားပေးမှု အရှိန်ကောင်းခဲ့တာပါ။ အဲဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

The post ပန်းတနော်မြို့က ညီမလေးကြောင့် ပရိသတ်ရဲ့ ချီးကျူးမှုကို ခံရတယ်လို့ ပြောလာတဲ့ ဇေရဲထက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ