Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယား ပရိသတ် အားပေးမှု မခံရတဲ့ “Underdog”ကာတွန်းရုပ်ရှင်

$
0
0

တောင်ကိုရီးယား ကာတွန်းရုပ်ရှင် “Underdog” ရဲ့ ပူူးတွဲ ဒါရိုက်တာက ဂရုတစိုက်နဲ့ ၇ နှစ်လောက် ကြိုးပမ်းထုတ်လုပ်ခဲ့ရတဲ့ သူ့ရဲ့ ရုပ်ရှင်ဟာ ထင်ထားတာထက် ပရိသတ်အားပေးမှု လျော့နည်းပြီး ရရှိခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

သူက “တော်တော်လေးကို စိတ်ပျက်မိတယ်။ ကိုရီးယားတွေ ဖန်တီးတဲ့ အန်နီမေးရှင်း ရုပ်ရှင်တွေ မကြည့်ဘဲ မကောင်းပါဘူးဆိုပြီး ရမ်းဆပြောနေတာတွေ အရမ်းများနေပြီဆိုတာ သိလိုက်ရပါပြီ” လို့ ယွန်ဟင်သတင်းအေဂျင်စီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

ဒါရိုက်တာ Lee Chun-baek ဟာ အဲဒီ့ရုပ်ရှင်ကို ၇ နှစ်ကြာ ဖန်တီးခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကြည့်ရှုသူဟာ ၁ သိန်း ၈ သောင်းလောက်ပဲ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Titled “Leafie, a Hen into the Wild” ရုပ်ရှင်ဟာ ကြည့်ရှုသူ ၂ ဒဿမ ၂ သန်းရရှိခဲ့တဲ့ သမိုင်းအစဉ်အလာတော့ရှိပါတယ်။ “Underdog” ဆိုတဲ့ ရုပ်ရှင်ကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်မွေးခွေးလေး Moongchi ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပြီး အခြားလေလွင့်ခွေးတွေနဲ့အတူ တကယ့်လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတို့ကို ရှာဖွေကို လမ်းပေါ်မှာ စွန့်စားခန်းထွက်တဲ့အကြောင်းကို ပုံဖော်ထားတာပါ။

ထူးခြားတဲ့ သရီးဒီ ဇာတ်ကောင် ရေးဆွဲမှုတွေမှာရော၊ ဇာတ်လမ်း ဇာတ်အိမ် ခိုင်မာတာရော၊ လူထုကို အသိပညာပေးမှုတွေ ပါဝင်တာကြောင့် ချီးကျူးခံထားရပါတယ်။ အဆိုတော်၊ မင်းသား Do Kyung-soo က ခွေးလေး Moongchi အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ Oh ရဲ့ အခုကာတွန်းရုပ်ရှင် ဖြန့်ချိတဲ့ အချိန်ဟာ တကယ့်ကိုပဲ နာမည်ကျော်တဲ့ “Spider-Man: Into the Spider-Verse,” “Ralph Breaks the Internet,” “The Grinch” နဲ့ “How to Train Your Dragon 3” စတဲ့ ကာတွန်းရုပ်ရှင်တွေ ဖြန့်ချိတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

“Underdog” ရုပ်ရှင်ဟာ ထုတ်လုပ် ကုန်ကျစရိတ် ဝမ် ၃ ဒသမ ၃ ဘီလီယံရှိပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ကနေဒါတို့အပါအဝင် နိုင်ငံပေါင်း ၆၉ နိုင်ငံကိုလည်း တင်ပို့ပြသနိုင်ခဲ့ပြီး လာမယ့် မတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် Tokyo Anime Award Festival မှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံထားရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Silk Road International Film Festival မှာ အကောင်းဆုံး အန်နီမေးရှင်းဆုကိုလည်း ရရှိခဲ့ပါတယ်။

Ref: koreaherald

The post ကိုရီးယား ပရိသတ် အားပေးမှု မခံရတဲ့ “Underdog” ကာတွန်းရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ