Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နာမည်ကျော်ကာတွန်းရုပ်ရှင် “Zootopia”နောက်ဆက်တွဲဇာတ်လမ်း နှစ်ခု ရိုက်ကူးဖို့ရှိ

$
0
0

Disney ဟာ နောက်ထပ် ‘Zootopia’ နောက်ဆက်တွဲ ရုပ်ရှင်နှစ်ခုကို ဖန်တီးဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

ပထမဆုံး ရုပ်ရှင်မှာ မြေခွေးလေး Finnick အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသား Tommy ‘Tiny’ Lister က ၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆု ရရှိခဲ့တဲ့ အဲဒီ့ကာတွန်းရုပ်ရှင် Walt Disney ရဲ့ နောက်ဆက်တွဲရုပ်ရှင်တွေအတွက် ဒေါ်လာသန်းနဲ့ချီပြီး သုံးစွဲမယ့်အစီအစဉ်နဲ့အတူ ရုပ်ရှင် ၃ ကားအထိ ဖန်တီးမယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

မင်းသား Lister က “Disney နဲ့ နောက်ထပ် ‘Zootopia’ ရုပ်ရှင်တွေကို ဖန်တီးနေပြီလို့ မင်းတို့ကို ပြောနိုင်ပါတယ်။ ကျနော်တို့ ဇာတ်လမ်း ၃ ခုဖန်တီးမှာ ပါ။ ‘Madagascars’ ရုပ်ရှင်တွေလိုပေါ့” လို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ပရိသတ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

သူက “ကျနော်တို့ အစားထိုးမှာပါ။ ကျနော်တို့ဟာ Disney ကနေ ထုတ်လုပ်နေတဲ့ အကောင်းဆုံး ရုပ်ရှင်မှာ ပါဝင်ပါတယ်။ နောက်ဆုံးရုပ်ရှင်က ဒေါ်လာ သန်း ၂၄၀ ရှိပါတယ်။ နောက်တခုက ဒေါ်လာ သန်း ၃၀၀ ရှိမယ်လို့ ကြားထားပါတယ်။ ဒါဟာ ကျနော်တို့သုံးမယ့် ဘတ်ဂျက်ဖြစ်ပါတယ်။ ကြော်ငြာအတွက် မဟုတ်ပါဘူး။ ဒါပေမယ့် ရုပ်ရှင်ဟာ ၂ ဒဿမ ၆ ဘီလီယံကို ရှာပေးနိုင်ခဲ့ပါတယ်” လို့ ဆိုထားပါတယ်။

ပထမဆုံးရုပ်ရှင်ကို Byron Howard နဲ့ Rich Moore တို့က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုံဝင်ငွေစာရင်းမှာတော့ ဒေါ်လာ ၁ ဘီလီယံရရှိခဲ့ပါတယ်။

မူရင်းရုပ်ရှင်မှာတော့ လူသားတွေမရှိတဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ တိရိစ္ဆာန်လေးတွေ အကြောင်း ဇာတ်အိမ်တည်ထား တာဖြစ်ပါတယ်။ မင်းသား Jason Bateman က ခင်ဖို့ကောင်းတဲ့ မြေခွေး Nick Wilde ပါဝင်ထားပြီး ‘Once Upon A Time’ ရုပ်ရှင်မင်းသမီး Ginnifer Goodwin က ဒုဗိုလ်ချုပ်ကြီး Judy Hopps အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Shakira, Idris Elba, Kristen Bell နဲ့ Octavia Spencer တို့လိုမျိုး နာမည်ကျော်တွေလည်း ပါဝင်ခဲ့ပါတယ်။

Zootopia ကမ္ဘာဆိုပြီးတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ Disneyland မှာလည်း ဆောက်လုပ်မယ်လို့ ကြေညာထားပါ တယ်။ နောက်ဆက်တွဲရုပ်ရှင်တွေကို ဘယ်တော့ ရိုက်ကူးမယ်ဆိုတာနဲ့ မူရင်းသရုပ်ဆောင်တွေ ပြန်ပါလာမှာလားဆိုတာ မသိရသေးပါဘူး။

Ref: contactmusic

The post နာမည်ကျော်ကာတွန်းရုပ်ရှင် “Zootopia” နောက်ဆက်တွဲဇာတ်လမ်း နှစ်ခု ရိုက်ကူးဖို့ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ