Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Pride of Myanmar Awards 2018”ပွဲမှာ ဆုရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ စကားသံ

$
0
0

၂၀၁၈ ခုနှစ်အတွင်း နယ်ပယ် ပေါင်းစုံမှ ထူးချွန်ထက်မြတ်သူများကို ဆုချီးမြှင့်တဲ့”Pride of Myanmar Awards 2018″ ပွဲမှာ ဖျော်ဖြေရေးကဏ္ဍအတွက် သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုဆု ရရှိတဲ့အတွက် အိန္ဒြာကျော်ဇင်က ရမယ်လို့ မမျှော်လင့်ဘဲ ရရှိခဲ့တာလို့ မီဒီယာများကို ပြောပါတယ်။

“ကုမ္ပဏီက ပွဲတက်ပေးပါလို့ပြောတဲ့အခါ ဘာပွဲမှန်း မသိဘူး။ Facebook ကို ဝင်ကြည့်လိုက်တော့မှ ရည်ရွယ်ချက် ကောင်းကောင်းလေးနဲ့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ Nomination ထဲမှာ ပါတယ်ဆိုပေမယ့် ကိုယ်ထက်တော်တဲ့သူတွေပါတော့ မထင်ဘူးပေါ့။ ရမယ်လို့ မမျှော်မှန်းထားပါဘူး။ သူတို့စံနှုန်းတွေ သတ်မှတ်ချက်တွေလည်း မသိဘူးလေ။ အခုလို ဒီဆုကို ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်လည်း ယူမိပါတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“ကျမရဲ့ ကံလေးလည်း ပါတာပေါ့နော်။ ကျမ အနေနဲ့ ကိုယ်လုပ်ချင်တာ ကိုယ်ရဲ့ဆုံးဖြတ်ချက်ကို တခုခုလုပ်မယ်ဆိုရင် ပရိသတ်တွေအတွက် ဆိုတာကို ခေါင်းထဲမှာ စဉ်းစားမိတဲ့ အနေအထားမျိုး ဖြစ်နေတာကြောင့် သူတို့အချစ်တွေ ကိုယ့်ဆီ သက်ရောက်တယ်လို့ ပြောလို့ ရတယ်။ ဒီဆုကို ရတဲ့အတွက် တာဝန်လည်းကြီးသွားတယ်လို့ ထင်မိပါတယ်။ မြန်မာနိုင်ငံအတွက်ကိုလည်း ကိုယ်တတ်နိုင်တဲ့ဘက်က အကောင်းဆုံးဖြစ်အောင် ပံ့ပိုးနိုင်သလောက် ကြိုးစားသွားမယ်လို့လည်း ပြောချင်ပါတယ်”လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပပြုလုပ်တဲ့ Pride of Myanmar Awards 2018 ဆုပေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညက ပြည်လမ်းနဲ့ စကားဝါလမ်းထောင့်ရှိ ပဲခူးကလပ်၊ မြက်ခင်းပြင်မှာ စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အိန္ဒြာကျော်ဇင်က “ပရိသတ်အချစ်တွေနဲ့ အားပေးမှုတွေကြောင့် ဒီဆုရတာပါ။ အခုချိန်ထိ အောင်မြင်နေတဲ့ လျှို့ဝှက်ချက်တော့ မရှိပါဘူး။ ကျမကတော့ အဓိက ဒီနေ့ထိ ကိုယ့်ကိုယ်ကို Perfect ဖြစ်သွားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ ကျမ လိုအပ်နေသေးတယ်။ ကြိုးစားဖို့လိုနေသေးတယ်ဆိုတဲ့ စိတ်အမြဲထားထားတယ်။ တတကယ်လည်း Perfect မဖြစ်ပါဘူး။ ကျမ လိုအပ်နေတာတွေ ရှိနေသေးတယ် ”လို့ ဆိုပါတယ်။

အိန္ဒြာကျော်ဇင်ဟာ တီဗီကြော်ငြာပေါင်းများစွာ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ တို့ကို ရိုက်ကူးခဲ့သူတယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူတဦးပါ။ ၂၀၀၄ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အဖြစ် “မျက်နှာများတဲ့ မိုးကောင်းကင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို “ရင်ဘတ်ထဲက ဓား”ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယမြောက် အကယ်ဒမီ ထူးချွန်ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့ သုန္ဒြာထုတ်လုပ်ရေးလုပ်ငန်းနဲ့ “The Bridge Myanmar” အမည်ရှိ အီတလီအိတ်များကို တင်သွင်းရောင်းချခြင်းများ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

The post “Pride of Myanmar Awards 2018” ပွဲမှာ ဆုရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ စကားသံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ