Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တရုတ်မလေးကို ချစ်တယ်”ရုပ်ရှင်ကို မြတ်တာ မမြတ်တာထက် လူတွေလာကြည့်စေချင်တယ်

$
0
0

အကယ်ဒမီ သရုပ်ဆောင်များဖြစ်ကြတဲ့ ခန့်စည်သူ ၊ ထွန်းအိန္ဒြာဗို ၊ ခိုင်သင်းကြည်တို့ ၃ ဦး ပူးပေါင်းလုပ်ကိုင်နေတဲ့ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တရုတ်မလေးကို ချစ်တယ်”ရုပ်ရှင်ကို မြတ်တာ မမြတ်တာထက် လူတွေလာကြည့်ကြတာမျိုး ဖြစ်စေချင်တယ်လို့ ခိုင်သင်းကြည်က ပြောပါတယ်။

“ဝေါ်အိုက်နီအတွက်က ရင်ခုန်ပါတယ်။ ပထမဆုံးခြေလှမ်း ဆိုတော့လေ။ မြတ်တာ မမြတ်တာထက် ကိုယ့်ကားလေးကို လူတွေက ကြိုက်ကြတယ်။ လူတွေ လာကြည့်တယ်ဆိုတာလေး ဖြစ်ချင်ပါတယ်။ ဆုတောင်းပေးကြပါ”လို့ ခိုင်သင်းကြည်က ပြောပါတယ်။

ဟာသရုပ်ရှင်များနဲ့ တခြားသော ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာတာ အများကြီး ရှိလာပြီဖြစ်ပြီး ယခုအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားများကို ဗီဒီယို ဇာတ်ကားများကဲ့သို့ ရိုက်ကူးလာရတဲ့အတွက် ဇာတ်လမ်းဆန်းပြီး ပရိသတ် အမြင်ဆန်းတဲ့ ရုပ်ရှင်ဇာတ်ကားများကို စဉ်းစားရင်း “တရုတ်မလေးကို ချစ်တယ်”ကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မခိုင်လေးတို့က ရုပ်ရှင်တွေရိုက်လာတာ တော်တော်လည်း များလာပြီ။ အခုဆို ရုပ်ရှင်တွေက နိစ္စဓူဝ ဗီဒီယိုလို ရိုက်ရတာတွေဖြစ်လာပြီဆိုတော့ ကာရိုက်တာကို တခုနဲ့ တခုပေါ့လေ။ ဇာတ်လေးဆန်းတော့ ကာရိုက်တာကို ဘယ်လိုလေးဆန်းမလဲ ဆိုပြီးတော့ တရုတ်မလေးကျတော့ နည်းနည်းဆန်းတယ်။ အဲဒီလိုမျိုးလုပ်တာ မရှိသေးဘူး။ တရုတ်အပြင်အဆင်နဲ့ ဝတ်စုံတွေကအစ သေချာလေးအပ်ပြီး ရိုက်တယ်။ ဟာသကားဆိုပေမယ့် စကားပြောတွေကို ဘယ်လိုဆန်းအောင် လုပ်မလဲဆိုပြီး မရိုက်ခင်မှာပဲ အချင်းချင်း ညှိပြီးလုပ်ကြတယ်” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

“တရုတ်မလေးကို ချစ်တယ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက ခိုင်သင်းကြည် သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတခုကို သမီးဖြစ်သူ စံထိပ်ထားဦးက Tik Tok ရိုက်ကူးခဲ့တဲ့အပေါ်မှာ ပရိသတ်များက ကြိုက်နှစ်သက်လျက်ရှိပြီး တခြားသောသူများကလည်း ထပ်မံပြီး Tik Tok များရိုက်နေတာကို တွေ့ရပါတယ်။

“ထိပ်ထိပ်လေးရဲ့ Tik Tok ကို စဖွင့်ကြည့်ကတည်းက ရယ်ရတယ်။ ခဏခဏကြည့်၊ ခဏခဏ ရယ်နေရတယ်။ မခိုင်လေးက Tik Tok ဆော့တဲ့ သူတွေရဲ့ ပရိသတ် ပြန်ဖြစ်နေရပါတယ်” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

“တရုတ်မလေးကို ချစ်တယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ လူမင်း၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ အနုပညာရှင် ၃ ဦးရဲ့ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးမှလည်း “တရုတ်မလေးကို ချစ်တယ်” ရုပ်ရှင်ဇာတ်ကားအပြင် ရုပ်ရှင်ကားများစွာ ရိုက်ကူးထားပြီး ဖြစ်ပါတယ်။

The post “တရုတ်မလေးကို ချစ်တယ်”ရုပ်ရှင်ကို မြတ်တာ မမြတ်တာထက် လူတွေလာကြည့်စေချင်တယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ