Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိဘက ခွင့်မပြုလို့ သရုပ်ဆောင်လုပ်ဖြစ်မှာ မဟုတ်တဲ့ စံထိပ်ထားဦး

$
0
0

ခိုင်သင်းကြည်ရဲ့ တဦးတည်းသောသမီးလေး စံထိပ်ထားဦးက “တရုတ်မှာလေးကို ချစ်တယ်” ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ကာ Tik Tok ဗီဒီယို တင်လိုက်တာကြောင့် ပရိသတ်တွေက ဇာတ်ကားကို ပိုသိလာတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ထိပ်ကို မေမေက ‘တရုတ်မလေးကို ချစ်တယ်’ ဇာတ်ကားထဲက အသံနဲ့ Tik Tok လုပ်လိုက်လို့ ပြောတာနဲ့ လုပ်လိုက်တာပါ။ ထိပ်လုပ်နေတုန်းက မေမေက အပြင်သွားတယ်။ ထိပ်ကို ပရိသတ်တွေက မေမေ့ခြေရာ နင်းမယ်လို့ ပြောကြတယ်။ လိုပါသေးတယ်။ မေမေက ချီးကျူးတော့ ပျော်တာပေါ့။ ထိပ်ရဲ့ Tik Tok ကြောင့် ပရိသတ်တွေ ဇာတ်ကားလေးကို ပိုသိတယ် ဆိုပြီး ပြောကြတယ်။ အဲ့အတွက်လည်း ဝမ်းသာပါတယ်။ ထိပ် ၁၀ တန်းတက်နေတာဆိုတော့ အနုပညာတော့ သိပ်လှုပ်ရှားမှာ ဟုတ်ပါဘူး။ သရုပ်ဆောင်ကတော့ မလုပ်ဖြစ်ပါဘူး”လို့ စံထိပ်ထားဦးက ပြောပါတယ်။

“ဖေဖေနဲ့ မေမေက ခွင့်မပြုလို့လေ။ ခွင့်ပြုတယ်ဆိုရင်လည်း အခုချိန်တော့ မလုပ်ချင်သေးဘူး။ နောက်လည်း လုပ်ဖြစ်မယ်လို့ မထင်ဘူး။ ဖေဖေလည်း မကြိုက်ဘူး။ ထိပ်ထိပ်ကို လာကမ်းလှမ်းတာတွေတော့ ရှိတယ်၊ ဖေဖေလည်း ခွင့်မပြုဘူး၊ မေမေလည်း ခွင့်မပြုဘူး။ ပြောရရင် ပရိသတ်တွေကလည်း ခွင့်မပြုသေးပါဘူး။ သေချာတာကတော့ တကိုယ်တော် Album ထွက်ဖို့ သေချာပါတယ်”လို့ စံထိပ်ထားဦးက ဆိုပါတယ်။

ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ သမီးလေး စံထိပ်ထားဦး / ချစ်ပိုး/ဧရာဝတီ

စံထိပ်ထားဦးဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို တော်တော်လေး ခံခဲ့ရသူတဦးဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမကို ဝေဖန်သူတွေ နည်းသွားပြီး ယခင်ကထက် ပိုချစ်လာကြတာကို တွေ့ရပါတယ်။

“ကျေးဇူး တော်တော်တင်တာပေါ့။ ဝေဖန်ကြတဲ့သူတွေကလည်း ပြောလို့ ရပါတယ်။ ဒီလောကထဲ ဝင်လာပြီဆိုတော့ အတိုက်အခိုက်ခံနိုင်မှ ရမယ်လေ။ မေမေလည်း ထိပ်ကို အမြဲတမ်း သင်ပေးထားတယ်။ ဝေဖန်မှ ထိပ်ထိပ်လည်း နားလည်မှာပေါ့နော်’’လို့ စံထိပ်ထားဦးက ဆိုပါတယ်။

စံထပ်ထားဦးဟာ ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ တဦးတည်းသော သမီးလေး ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပညာရေးကို ဦးစားပေးနေရတဲ့အပြင် အနုပညာနဲ့ ပတ်သက်ပြီး ကြော်ငြာရိုက်ကူးရေးတွေ လုပ်နေတာလည်း တွေ့ရပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၂၆ ရက်နေ့က အသက် ၁၆ နှစ် ပြည့်ခဲ့တာ ဖြစ်ပါတယ်။

The post မိဘက ခွင့်မပြုလို့ သရုပ်ဆောင်လုပ်ဖြစ်မှာ မဟုတ်တဲ့ စံထိပ်ထားဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ