Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လင်းနို့လူသားအဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ကြောင်း မင်းသား Ben Affleck အတည်ပြု

$
0
0

မင်းသား Ben Affleck ဟာ လင်းနို့လူသားအဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အသက် ၄၆ နှစ်အရွယ် မင်းသားဟာ Caped Crusader (လင်းနို့လူသား) နဲ့ Bruce Wayne အဖြစ် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Batman V Superman: Dawn of Justice” ရုပ်ရှင်နဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Justice League” ရုပ်ရှင်တို့မှာ သရုပ်ဆောင်ခဲ့ပေမယ့် လင်းနို့လူသား ဇာတ်ကောင်တခုတည်းကို အသားပေး ရိုက်ကူးမယ့် “The Batman” ရုပ်ရှင်မှာတော့ ပါဝင်လာတော့မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ပြသမယ့် အဲဒီ ရုပ်ရှင်မှာတော့ လင်းနို့လူသားရဲ့ ပိုမိုငယ်ရွယ်တဲ့ ဇာတ်ကောင်ပုံစံကို အသားပေးမှာ ဖြစ်ပါတယ်။

မင်းသား Ben က “၂၀၂၁ နွေရာသီမှာထွက်ရှိမယ့် The Batman အတွက် စိတ်လှုပ်ရှားရပါတယ်။ Matt Reeves ရဲ့အမြင်တွေ အသက်ဝင်လာတာကိုလည်း ကြည့်ချင်နေပါပြီ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ကနဦးမှာတော့ အဲဒီ့ရုပ်ရှင်အသစ်ကို မင်းသားက သူကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်မယ်လို့ ပြောဆိုထားပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် အစီအစဉ်ကို လက်လွှတ်လိုက်ပါတယ်။

ဒါပေမယ့် သူကတော့ အဲဒီ့အချိန်မှာ ပြောခဲ့တာက ဒါရိုက်တာအလုပ်ကို စွန့်လွှွတ်လိုက်တာဟာ အဲဒီဇာတ်ကောင်မှာ ပါဝင်သရုပ်ဆောင်တော့မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။

မကြာသေးခင်တုန်းကပဲ မင်းသား Ben က “ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ကျနော်ဟာ ကံကောင်းဆုံး အမျိုးသားပါ။ လင်းနို့လူသားဟာ DC မှာပဲ ဖြစ်ဖြစ်၊ Marvel မှာပဲ ဖြစ်ဖြစ် ဘယ် Universe မှာပဲ ဖြစ်ဖြစ် တော်တော်လေးကို မိုက်တဲ့အပိုင်းမှာ ပါဝင်ပါတယ်။ ကျနော် လင်းနို့လူသားအဖြစ် သရုပ်ဆောင်ရမှာ သိပ်ကို စိတ်လှုပ်ရှားရပါတယ်။ ကျနော် အဲဒီရုပ်ရှင်ကို မရိုက်တော့တာကြောင့် အထင်မှားတာ ရှိပါတယ်။ ကျနော်က ရိုက်ကူးဖို့ စိတ်အားထက်သန်မှု မရှိတော့ဘူးဆိုပြီးတော့ပေါ့။ တကယ့်ကိုပဲ လန်းပါတယ်။ ရုပ်ရှင်နှစ်ခု ပြီးသွားတာတောင် ကျနော် မယုံကြည်နိုင်သေးပါဘူး” လို့ဆိုပါတယ်။

မင်းသား Henry Cavill ဟာလည်း စူပါမန်း ဇာတ်ကောင်ကနေ နုတ်ထွက်သွားပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် မင်းသား Jason Momoa ကတော့ အဲဒီကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ ပြောဆိုထားပါတယ်။

Ref: asiaone

The post လင်းနို့လူသားအဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ကြောင်း မင်းသား Ben Affleck အတည်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ