Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ချစ်ပြီး စွန့်လွှတ်ခဲ့ရတဲ့ ဇာတ်ကားတွေ ရိုက်တာ များခဲ့တယ်”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်

$
0
0

မကြာခင် ရုံတင်ပြသမယ့် “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူသရုပ်ဆောင်ရတဲ့ “နန္ဒ” ဆိုတဲ့ ဇာတ်ကောင်ကို သဘောကျတဲ့အတွက် စိန်ခေါ်မှုတခု အနေနဲ့ ရိုက်ခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။

“နန္ဒကို ကျနော်ကြိုက်တယ်ဗျ။ ဇာတ်ကိုဖတ်ကြည့်တဲ့ အချိန်မှာ သူ့ကို၊ နန္ဒကိုကြိုက်တယ်။ တော်တော်လည်း ဝေခွဲရခက်တယ်ဗျ။ စဖတ်တဲ့အချိန်မှာက ကျနော် ဖြိုးကျော်ကိုလည်း ကြိုက်တယ်။ နန္ဒကိုလည်းကြိုက်တယ်။ ကျနော်အရှေ့မှာ ရိုက်ခဲ့တဲ့ ကားတော်တော်များများက အရမ်းချစ်ပြီးတော့ စွန့်လွှတ်အနစ်နာခံတဲ့ကားမျိုး ကျနော်ရိုက်ခဲ့တာ များတယ်။ အာဒမ်၊ ဧဝ၊ ဒဿ တို့၊ ကျူးပစ်ရဲ့ကျေးကျွန်များတို့လို ဇာတ်ကားတွေပေါ့။ နန္ဒကကျတော့ ကျနော့်အတွက် နောက်ထပ်အသစ်တခုဖြစ်တဲ့အတွက် ပိုပြီးတော့ အသစ်တခု၊ စိန်ခေါ်မှုတခုဖြစ်တာပေါ့”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

စာရေး ဆရာမဂျူးရဲ့ ဝတ္ထုကို ဒါရိုက်တာမီးပွားရိုက်ကူးပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကြာတော့သည်လည်း မောင့်စကား”ရုပ်ရှင်ကို ရွှေစည်တော်ထုတ်လုပ်ရေးကနေ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“ဒီဇာတ်ကားကို စိတ်လည်း ဝင်စားတယ်။ ဆရာမဂျူးရဲ့ နာမည်ကျော်ကြားတဲ့ ဝတ္ထုလည်း ဖြစ်နေတာကိုး။ ကျနော်က အခု ရုံတင်တော့မယ့်အချိန်မှာ စိတ်လည် းလှုပ်ရှားတယ်။ ရင်လည်း ခုန်တယ်။ မနှစ်က ဇန်နဝါရီမှာ ရိုက်ထားတာ ကျနော်တို့အခု တနှစ်တိတိမှာ ရုံတင်ပြသနိုင်တာဖြစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ဧရာဝတီကို ပြောပါတယ်။

“ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်မှာ နန္ဒအဖြစ် ပါဝင်ဖြစ်ပုံကိုလည်း စိုင်းစိုင်းခမ်းလှိုင်က အခုလို ဆိုပါတယ်။

“အဓိကတော့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေကနေပြီးတော့ ကျနော့်ကို သရုပ်ဆောင်စေချင်တာပေါ့။ ရုပ်ရှင်ဆိုတာကတော့ မတူတာကတော့ဗျာ။ ကျနော်က ဂီတလုပ်တဲ့အချိန်မှာ သီချင်းတွေလည်း ကိုယ်တိုင်ရေးတာ။ တီးရင်လည်း ကိုယ်တိုင်ဝင်ပြီး Produce လုပ်တာ။ တီးတဲ့သူနဲ့ ကျနော်နဲ့က နှစ်ကိုယ့်တစိတ် အလုပ်လုပ်ကြတာပေါ့လေ။ ပြီးတော့ ကျနော်တို့ စိတ်တိုင်းကျမှ ထုတ်ပေါ့။ ရုပ်ရှင်ကျတော့ ကျနော်တယောက်တည်း မဟုတ်ဘူး။ ကျနော်က သရုပ်ဆောင်ပဲ ဝင်ဆောင်ရတာ”

“အဓိက ပရိုဂျူဆာ ရှိတယ်။ ဒါရိုက်တာ သူတင်ပြချင်တာ ရှိတယ်။ ဇာတ်ညွှန်းဆရာက သူဖန်တီးထားတာ ရှိတယ်။ အဲဒီထဲမှာမှ ကျနော်က ဇာတ်ဆရာခိုင်းတဲ့အတိုင်း ဝင်ပြီးကပြ သရုပ်ဆောင်ရတာပေါ့။ ဒီတကားလုံးနဲ့ ပတ်သက်လို့ကတော့ အရမ်းရင်ခုန်တာပေါ့။ ကိုယ်တယောက်တည်း လုပ်ထားတာ မဟုတ်ဘဲနဲ့ Team Work နဲ့ ဆိုတော့”လို့ စိုင်းစိုင်းက ပြောပါတယ်။

နန္ဒ ဇာတ်ရုပ်အပေါ် စိုင်းစိုင်းခမ်းလှိုင်ရဲ့ သရုပ်ဆောင်မှုကို ရုံမတင်ကတည်းက တချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း စိုင်းစိုင်းခမ်းလှိုင်က အခုလိုဆိုပါတယ်။

“ရုပ်ရှင်ကိုပဲ အရင်ဆုံးကြည့်ပြီးအားပေးပါ။ ပြီးရင်ကျနော်တို့ပြန်ပြီး ဆွေးနွေးကြမယ်။ ဘယ်လိုမှတော့ Perfect မဖြစ်နိုင်ပါဘူး။ ဘယ်အရာမှလည်း မပြည့်စုံနိုင်ပါဘူး။ နည်းနည်း မပြည့်စုံတာနဲ့၊ များများ မပြည့်စုံတာပဲဖြစ်မှာဆိုတော့ ရုပ်ရှင်ကြည့် ပြီးသွားရင်လည်း ဆက်ဝေဖန်ပါ။ ကျနော်က ဒါပြီးသွားရင်လည်း ရပ်သွားမှာမှ မဟုတ်တာ”

“နောက်ထပ် နောက်ထပ် ရိုက်နေကြဦးမှာဆိုတော့ ဒီဝေဖန်မှုတွေထဲမှာ ကျနော်တို့ယူရမယ့် ပြင်ဆင်ရမယ့်အရာတွေ ပါလာမယ်။ ဒါတွေဆို ကျနော်တို့ နောက်ပြင်ဆင်ရမယ့် အပိုင်းတွေပေါ့”လို့ စိုင်းစိုင်းက ဆိုပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က Valentine Day အပါအဝင် အခါကြီး၊ နေ့ကြီးတော်တော်များများမှာ ပရိသတ်နဲ့ပဲ အမြဲအတူရှိခဲ့တဲ့ အတွက် ဒီနှစ် Valentine Day မှာလည်း ပရိသတ်နဲ့ပဲ အတူရှိနေမယ်လို့ ဆိုပါတယ်။

The post “ချစ်ပြီး စွန့်လွှတ်ခဲ့ရတဲ့ ဇာတ်ကားတွေ ရိုက်တာ များခဲ့တယ်”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်