Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အရွယ်ရောက်ပြီးသူတွေပါ ကာတွန်းကားတွေ ကြည့်ရှုသင့်တဲ့ အကြောင်းရင်းများ

$
0
0

လူတိုင်းဟာ ကလေးဘဝအရွယ်တုန်းကတော့ ကာတွန်းကားတွေကြည့်ရင်းနဲ့ ကြီးပြင်းလာသူတွေချည်းပါပဲ။ အချိန်တန် အရွယ်ရောက်လာတဲ့အခါမှာတော့ ကာတွန်းကားတွေကို ကလေးဘဝတုန်းကလောက် စွဲစွဲလမ်းလမ်း မကြည့်ရှုကြ တော့သလို ကြည့်ဖို့လည်း မလိုအပ်ဘူးလို့တောင် ထင်တတ်ကြပါတယ်။

တကယ်တော့ ကာတွန်းကားတွေဟာ အသက်အရွယ်မရွေး စိတ်အပန်းဖြေမှုတခုအနေနဲ့ ကြည့်ရှုသင့်တာပဲဖြစ်ပြီး ကာတွန်းကားတွေကြည့်ခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါသေးတယ်။

(၁) တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေ ရရှိနိုင်စေတယ်

ကာတွန်းကားတိုင်းမှာ ကြည့်ရှုသူကိုပေးချင်တဲ့ သင်ခန်းစာတခုမဟုတ်တခုတော့ ရှိကြပြီး ကလေးငယ်တွေသာမက အရွယ်ရောက်ပြီးသူတွေအနေနဲ့လည်း ကာတွန်းကားတွေ ကြည့်ရှုခြင်းအားဖြင့် ဘဝသင်ခန်းစာတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေတိုးပွားလာစေတဲ့အပြင် အတွှေးအမြင်အသစ်တွေကိုပါ ရရှိလာစေမှာ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုကို လျော့ကျစေတယ်

ကလေးငယ်တွေ ကာတွန်းကားတွေ ကြည့်ရှုတဲ့အခါ ပျော်ရွှင်ရယ်မောကြရသလိုပဲ အရွယ်ရောက်ပြီးသူတွေ ကြည့်ရှုခြင်းအားဖြင့်လည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တယ်လို့ စိတ်ပညာရှင်တွေက အတိအလင်းပြောဆို ထားကြပါတယ်။ ရှုပ်ထွေးလှတဲ့ နေ့စဥလူနေမှုဘဝမှာ ကာတွန်းကားတွေဟာ လူကြီးလူငယ်မရွေးကို စိတ်အပန်းဖြေပေးနိုင်ပါတယ်။

(၃) အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်စေတယ်

ကာတွန်းကားတွေမှာ ကာတွန်းဇာတ်ကောင်လေးတွေ ပြောကြတဲ့ စကားသံတွေကို နားထောင်ကြည့်ရှုခြင်းအားဖြင့် ကိုယ်မသိသေးတဲ့ ဝေါဟာရအသစ်တွေကိုပါ သိရှိလာစေနိုင်ပြီး အင်္ဂလိပ်စာစွမ်းရည်တွေကိုပါ တိုးတက်လာစေနိုင်ပါတယ်။

(၄) အာရုံစူးစိုက်မှု အားကောင်းစေတယ်

ကလေးဘဝအရွယ်တုန်းကကာတွန်းကားတွေကို စွဲစွဲလမ်းလမ်းကြည့်ရှုကြသူတွေဟာ ကာတွန်းကားမကြည့်ရှုသူတွေထက် စိတ်ခံစားမှုပိုမိုကောင်းမွန်ကြတဲ့အပြင် အာရုံစူးစိုက်နိုင်မှုမှာလည်း ပိုမိုကောင်းမွန်ကြပါတယ်။ ကာတွန်းကားတွေကို ကြည့်ရှုခြင်းအားဖြင့် စိတ်ရှုပ်ထွေးစရာ ကိစ္စတွေကို မေ့လျော့သွားတတ်ကြပြီး စိတ်ခွန်အားတွေ ရရှိလာစေမှာပဲဖြစ်ပါတယ်။

Ref : enjoysthin.gs

The post အရွယ်ရောက်ပြီးသူတွေပါ ကာတွန်းကားတွေ ကြည့်ရှုသင့်တဲ့ အကြောင်းရင်းများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ