Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိုက်ကယ်ဂျက်ဆင်ရဲ့ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံဟာ အများက အနိုင်ကျင့်ခြင်းလို့ မိသားစုဆို

$
0
0

ကွယ်လွန်သူအဆိုတော် မိုက်ကယ်ဂျက်ဆယ်ရဲ့ ကလေးလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုအကြောင်း ဖော်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်အသစ်ဟာ အများနှင့်ပေါင်း၍ အနိုင်ကျင့်ခြင်းသာဖြစ်ပြီး အဲဒီလိုမျိုး စွပ်စွဲချက်တွေအတွက် သူဟာ ရာနှုန်းပြည့် အပြစ်ကင်းတဲ့အကြောင်း မိုက်ကယ်ဂျက်ဆင်ရဲ့ မိသားစုက ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Sundance Film Festival ပွဲမှာ အခုအချိန်မှာ အသက် ၃၀ ကျော် အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသားနှစ်ဦးက သူတို့နှစ်ဦး အသက် ၇ နှစ်နဲ့ ၁၀ နှစ်ကျော် အရွယ်မှာ မိုက်ကယ်နဲ့ မိတ်ဆွေ ဖြစ်ခဲ့ပြီး အဲဒီအချိန်ကစလို့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ပြောဆိုထားတဲ့ “Leaving Neverland” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ဟာ Sundance ပွဲတော်မှာတော့ တက်ရောက်ကြည့်ရှုတဲ့ ပရိသတ်တွေရဲ့ မတ်တပ်ရပ် အားပေးမှုကို ခံခဲ့ရပြီး ကေဘယ်ရုပ်သံလိုင်းဖြစ်တဲ့ HBO နဲ့ ဗြိတိန်နိုင်ငံက Channel 4 ရုပ်သံလိုင်းတို့မှာလည်း အခုနွေဦးကာလမှာ ပြသဖို့ ရှိနေတာပါ။

၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ သူ့ရဲ့ Neverland ခြံကြီးထဲမှာ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတဦးကို ဗလက်ကာယ ပြုကျင့်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ၂၀၀၅ ခုနှစ်တုန်းက တရားရင်ဆိုင်ခဲ့ရပါသေးတယ်။ သူကွယ်လွန်ချိန်မှာ မိခင်ဖြစ်သူ Katherine နဲ့ မောင်နှမ ၉ ယောက်ကျန်ရှိခဲ့ပါသေးတယ်။

“မိုက်ကယ်ဂျက်ဆင်ကို ကျနော်၊ ကျမတို့ရဲ့ အစ်ကိုနဲ့ သားလို့ ဖော်ပြထားတဲ့ အဲဒီကြေညာချက်ထဲမှာတော့ မိသားစုဟာ ရုပ်ပိုင်းဆိုင်ရာ သက်သေ တခုတည်းနဲ့ အခြားသက်သေပြစရာ မရှိဘဲ မိုက်ကယ်နဲ့အတူ အချိန်ကုန်ဆုံးခဲ့ကြတဲ့၊ သူ့ရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုတို့ကို တွေ့ကြုံခဲ့ရသည့် ကမ္ဘာတဝန်းမှာရှိတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ စကားတွေထက် လူလိမ်နှစ်ယောက်ရဲ့ စကားတွေကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်။ အများနဲ့ ဝိုင်းပြီးအနိုင်ကျင့်တာတို့ကို ကျနော်တို့ ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ပါဘူး”လို့ ဖော်ပြထားပါတယ်။

“Leaving Neverland” မှတ်တမ်းရုပ်ရှင်ဟာ မိုက်ကယ်ဂျက်ဆင်နဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်လို့ဆိုတဲ့ Robson နဲ့ James Safechuck တို့ တွေ့ဆုံအင်တာဗျူးထားတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီ မှတ်တမ်းရုပ်ရှင်ထဲမှာတော့ လူငယ် နှစ်ယောက်လုံးက အဆိုတော် မိုက်ကယ်ကို ချစ်ခဲ့ပါတယ်လို့ ပြောဆိုထားပါတယ်။

Ref: cnalifestyle

The post မိုက်ကယ်ဂျက်ဆင်ရဲ့ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံဟာ အများက အနိုင်ကျင့်ခြင်းလို့ မိသားစုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles