Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အကယ်ဒမီက ဘောလုံးပွဲကြည့်ရသလိုပဲ ရင်ခုန်ဖို့ ကောင်းတယ်”လို့ အေးမြတ်သူ ပြော

$
0
0

အကယ်ဒမီပေးပွဲ နီးလာတာနဲ့ အမျှ ရုပ်ရှင်လောကသားများရဲ့ ရင်ခုန်မှုများကလည်း မြင့်တက်လို့လာခဲ့ပြီး ယခင်နှစ်များက အကယ်ဒမီတစ် ကြိုပေးခြင့်ခံခဲ့ရသူ သရုပ်ဆောင် အေးမြတ်သူကတော့ အကယ်ဒမီက ဘောလုံးပွဲကြည့်ရသလို ရင်ခုန်ဖို့ကောင်းတယ်လို့ ပြောပါတယ်။

“အကယ်ဒမီကတော့ ငယ်ငယ်ကတည်းရင်ခုန်တာပါ။ ကိုယ်တွေငယ်ငယ်ကတည်းက တီဗီရှေ့မှာ ရင်ခုန်ခဲ့ရတဲ့ အကယ်ဒမီလေ။ ပြီးခဲ့တဲ့ ၂နှစ်လောက်ကလည်း ရင်ခုန်မှုတွေပေးခဲ့တယ်။ အမြဲတမ်းရင်ခုန်ပါတယ်။ ရုပ်ရှင်လောကထဲ မဝင်ခင်ကတည်းက ကြည့်တဲ့သူအနေနဲ့ ရင်ခုန်ခဲ့သလို၊ ရုပ်ရှင်လောကထဲရောက်တော့လည်း သရုပ်ဆောင် တယောက်အနေနဲ့ ရင်ခုန်ရပါတယ်။ အကယ်ဒမီပေးပွဲက ဘောလုံးပွဲကြည့်ရသလိုပဲ”လို့ အေးမြတ်သူက ပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီမှာ အနုပညာမောင်နှမများထဲမှ ဘယ်သူ့အတွက် ရင်ခုန်ပေးနေလဲဆိုတာကိုတော့ အေးမြတ်သူက “အကယ်ဒမီက ဘာမှမှန်းဆလို့ မရဘူး။ ဘယ်လိုမှလည်း တစ်ပေးလို့မရဘူး။ ဘယ်သူမှ သေသေချာချာ ဗေဒင် မဟောရဲဘူး။ အဲဒါကြောင့် အကယ်ဒမီက လူတိုင်းကို ဖမ်းစားထားတာ။ ဘာပဲပြောပြော ထိုက်တန်တဲ့သူက ရမှာပါ။ အဲဒီလိုပဲ ခံယူပါတယ်။ မရသေးတဲ့သူပဲဖြစ်ဖြစ် ရပြီးသားသူပဲဖြစ်ဖြစ် အိပ်မက်တွေပဲဆိုတော့ အကုန်လုံးရဲ့အိပ်မက်တွေ ပြီးပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်” လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူကိုယ်တိုင်လည်း ယခင်နှစ်က ပရိသတ်များရဲ့ အကယ်ဒမီတစ် ကြိုပေးခြင်းခံခဲ့ရပြီး လွဲချော်သွားခဲ့ပေမယ့် တတ်နိုင်သမျှလောဘကို လျော့ထားတယ်လို့ ဆိုပါတယ်။

“စိတ်ထဲမှာ ဘာမှအများကြီးမထားဘူး။ ဖြစ်ချင်စိတ်တွေအများကြီးမထည့်ဘူး။ တရားဝင်ကြေညာတာလည်း မဟုတ်ဘူး။ ပရိသတ်ကချစ်လို့သာပေးကြတာ။ Screen လေးကွက်ပေါ်မှာပေါ်မှသာ သြော် ဆန်ခါတင်စာရင်း ထဲဝင်ပါလား သိတာ။ အပြင်မှာက ချစ်တဲ့စိတ်နဲ့ မှန်းပေးကြတာဆိုတော့ အေးမြတ်သူကတော့ ဖြစ်နိုင်ရင် လောဘကို လျော့တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အသက် ၃၀ လည်းကျော်လာပြီဖြစ်တဲ့ အေးမြတ်သူကတော့ အိမ်ထောင်ပြုဖို့အတွက် စဉ်းစားရပြီဖြစ်တဲ့ အရွယ် ရောက်လာတာကြောင့် အရင်ကလို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် မနေဖြစ်တော့ဘူးလို့ ပြောပါတယ်။

“အေးမြတ်သူက အသက် ၃၀ကျော်လာပြီး အိမ်ထောင်ပြုချင်တဲ့ အမျိုးသမီးတယောက်ဖြစ်လာပြီဆိုတော့ ကိုယ်ယူမယ့်အမျိုးသားရဲ့ စိတ်အခြေအနေ၊ အမျိုးသားဘက်က အမြင်တွေကြောင့် တအားကြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင်နေဖို့တော့ မရှိပါဘူး။ အိမ်ထောင်ပြုမယ်ဆိုရင် တွေးပေးကြည့်ပေးရတယ်” လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ရန်အတွက် စောင့်ဆိုင်းနေပြီး ဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

The post “အကယ်ဒမီက ဘောလုံးပွဲကြည့်ရသလိုပဲ ရင်ခုန်ဖို့ ကောင်းတယ်”လို့ အေးမြတ်သူ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်