Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပါပါရာဇီဓာတ်ပုံကို ခွင့်ပြုချက် မယူဘဲ သုံးခဲ့တဲ့အတွက် Gigi Hadid ထပ်မံ တရားစွဲခံရ

$
0
0

ပါပါရာဇီကုမ္ပဏီတခုရဲ့ ပိုင်ရှင်တွေဟာ သူတို့ရဲ့ ဓာတ်ပုံကို ခွင့်ပြုချက် မယူဘဲ အသုံးပြုခဲ့တဲ့အတွက် ထိခိုက်နစ်နာ ကြေးပေးဖို့ မော်ဒယ် Gigi Hadid ကို တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

မော်ဒယ် Gigi ဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း Twitter မှာ အသုံးပြုခဲ့တဲ့ပုံတခုကို သူ့ရဲ့ Instagram မှာ တင်ခဲ့ပြီးတဲ့နောက် တရားစွဲခံခဲ့ရဖူးပါတယ်။ အဲဒီနောက် သူဟာ လျှပ်တပြက်ဓာတ်ပုံတင်တွေ ရှောင်ကြဉ်ခဲ့ပေမယ့် Xclusive-Lee Inc. ကုမ္ပဏီ တာဝန်ရှိသူတွေရဲ့အဆိုအရ သူတို့ဆီက ပုံကို လိုင်စင်ပေးခဲ့ခြင်း မရှိလို့ Gigi ကို တရားစွဲမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မန်နေဂျာဆီဆက်သွယ်ပြီး အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

Gigi ကတော့ သူ့ဘေးနားမှာ ပါပါရာဇီတွေ ပတ်လည်ဝိုင်းနေတာကို မနှစ်မြို့ကြောင်း ပြောဆိုထားပေမယ့် အခုလိုမျိုး ပါပါရာဇီတွေ ရိုက်ထားတဲ့ပုံကို အခွင့် မရှိဘဲ ယူသုံးတာက လူပြောစရာ ဖြစ်နေပါတယ်။ အဲဒီ ဓာတ်ပုံတွေ ရိုက်ခံခဲ့ရတဲ့နေ့မှာ ရှိခဲ့တဲ့ ဓာတ်ပုံဆရာဟာ ၁၅ ဦးထက် မနည်း ရှိခဲ့တာကြောင့် ဘယ်သူ့ကိုဆိုပြီး နာမည်မတပ်တော့တာ ဖြစ်တဲ့အကြောင်း၊ တရားရုံးရောက်မှ ရှင်းလင်းမယ့်အကြောင်း ပြောဆိုထားပြန်ပါတယ်။

The Blast ကနေ ရရှိထားတဲ့ တရားရုံး စာရွက်စာတမ်းတွေထဲမှာတော့ Gigi ဟာ ဓာတ်ပုံ မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်လို့ အလားတူဖြစ်ရပ်မျိူး ဖြစ်ဖူးတာကြောင့် ပိုပြီး သိသင့်တယ်လို့ ကုမ္ပဏီကတော့ ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီ့တုန်းက အမှုကို ဖြေရှင်းခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ထိခိုက်နစ်နာကြေးအပြင် Gigi က နောက်ထက် သူတို့ရဲ့ ဓာတ်ပုံတွေကို ထပ်မံ မသုံးစွဲဖို့ တရားရုံးအမိန့်ကိုလည်း တောင်းခံထားတယ်လို့ သိရပါတယ်။

Ref: aceshowbiz

The post ပါပါရာဇီဓာတ်ပုံကို ခွင့်ပြုချက် မယူဘဲ သုံးခဲ့တဲ့အတွက် Gigi Hadid ထပ်မံ တရားစွဲခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles